သီချင်းဆိုနိုင်တော့မယ့် Google ဖုန်းမျက်နှာပြင်များး

0
72

Google ဟာ စမတ်ဖုန်းscreen တွေကို စပီကာတွေလို လုပ်ဆောင်ဖို့အတွက် နည်းလမ်းတွေဖန်တီးနေပါတယ်။ ဒါကြောင့် ပိုပါးလွှာတဲ့ဖုန်းတွေ ဒါမှမဟုတ် ဘတ်ထရီသက်တမ်းကြာရှည်လာတာတွေ ဖြစ်လာနိုင်ပါတယ်။

Redux ကိုဝယ်ယူမှုဟာ မနှစ်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ။ ဒါပေမယ့် လူသိရှင်ကြားပြုလုပ်ခဲ့တာပါ။ အဲဒီမှာ screen ကို တုန်ခါစေပြီးတော့ အသံထုတ်လုပ်မယ့် နည်းပညာလည်း ပါဝင်ခဲ့ပါတယ်။ ဘာနဲ့တူသလဲဆိုတော့ ၀ိုင်ခွက်ရဲ့အစွန်းကို ပွတ်တိုက်ပြီး အသံထွက်လာအောင် လုပ်ဆောင်သလိုပါပဲ။ အရင်တုန်းက ပြသခဲ့တဲ့သရုပ်ပြသမှုတွေမှာတော့ နားထောင်သူတွေအနေနဲ့ အသံကို ကောင်းတယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

ဒီစိတ်ကူးကတော့ လူစိတ်ဝင်စားအောင်လုပ်ဖို့ မဟုတ်ပါဘူး။ လက်ရှိအသုံးပြုနေတဲ့ စပီကာတွေအတွက် နေရာမပေးရအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘတ်ထရီအတွက် နေရာပိုကျယ်လာတာမျိုး၊ အစိတ်အပိုင်းအသစ်တွေအတွက် နေရာကျယ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

Google အနေနဲ့ Redux ရဲ့ နည်းပညာကို စိတ်ဝင်စားနေတာ ဖြစ်နိုင်ပါတယ်။ ဒီနည်းပညာကတော့ နေရာတစ်ခုကို တုန်ခါစေမှာဖြစ်ပါတယ်။ ဒီတုန်ခါမှုကတော့ လူ့နားနဲ့ မကြားနိုင်ပါဘူး။ ခံစားသိရှိနိုင်တဲ့ တုံ့ပြန်မှုကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဖုန်းတွေ၊ တက်ဘလက်တွေနဲ့ လက်နဲ့ထိတဲ့ခံစားမှုကို ပိုမိုလက်တွေ့ဆန်လာစေပါတယ်။ ဒါကြောင့် ဂိမ်းကစားတဲ့နေရာမှာ အတော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။