သင် ကြွေဆင်းသွားမယ့် အလန်းစား အိုင်တီ ပစ္စည်း ၇ ခု

0
1521

နည်းပညာဟာ အလျင်အမြန်တိုးတက်နေပါတယ်။ တစ်နှစ်တိုင်းတစ်နှစ်တိုင်းမှာ များပြားလာတဲ့ တီထွင်သူတွေဟာ မူပိုင်ခွင့်တွေ လျှောက်ထားလာကြပါတယ်။ လက်လှမ်းမီဖို့တောင် ခက်ခဲပါတယ်။ ကျွန်တော်တို့အွန်လိုင်းမှာ တွေ့တဲ့ စိတ်ဝင်စားဖွယ်ရာတီထွင်မှုတွေကို မျှဝေချင်ပါတယ်။ တစ်ချို့ကိုတော့ ခင်ဗျားတို့ ဝယ်လို့ရနိုင်ပါပြီ။

အဲဆယ်ဖီ-ရွေ့လျားနိုင်တဲ့ ဆယ်ဖီဒရုန်း
အဲဆယ်ဖီဆိုတာ သင့်စမတ်ဖုန်းနဲ့ ထိန်းချုပ်လို့ရတဲ့ အိတ်ကပ်အရွယ် ပျံသန်းနေတဲ့ကင်မရာလေးပါ။ ကိရိယာလေးမှာ high-definition 5-megapixel camera တစ်ခုပါဝင်ပြီး သူ့ရဲ့ကိုယ်ပိုင် 2.4 GHZ Wi-Fi network ကိုထုတ်ပေးနိုင်ပါတယ်။ built-in 4GB micro memory card ဟာ သင့်ရဲ့ပုံအားလုံးကို သိမ်းထားပေးဖို့ လုံလောက်မှာပါ။ထုတ်ကုန်လေးကိုတော့ အမေဇုန်မှာ ရနိုင်ပါပြီ။

တိရစ္ဆာန်အတွေးဖော်စက်
Nordic Society for Invention and Discovery က သူတို့ဟာ EEG-sensoring, Micro Computing, နဲ့ special BCI software တို့ရဲ့အကူအညီနဲ့ ကျွန်တော်တို့ခွေးတွေရဲ့ အတွေးတွေကို ဖတ်နိုင်တော့မယ်လို့ ဆိုထားပါတယ်။ စက်ဟာ တိရိစ္ဆာန်တစ်ကောင်ရဲ့ ဦးနှောက်ထဲက တိကျတဲ့ လျှပ်စစ်ဆစ်ကနယ်တွေကို မှတ်ထားနိုင်ပြီး စိတ်ဝင်စားနေတဲ့ ခွေးပိုင်ရှင်တွေအတွက် ဘာသာပြန်ပေးနိုင်မှာပါ။ ခိုင်လုံတဲ့သတင်းထွက်မလာသေးတဲ့အတွက် ပရောဂျက်ဟာ လုပ်ဆောင်နေဆဲပါပဲ။

Skinners: ပေါ့ပါးတဲ့ အိတ်ဆောင်ခြေအိတ်
Skinner ဟာ ခြေအိတ်ရဲ့ သက်တောင့်သက်သာရှိမှုနဲ့ ဖိနပ်တစ်ရံရဲ့ ကာကွယ်ပေးနိုင်မှုကို ပေါင်းစပ်ထားတဲ့ အဝတ်အစားတစ်မျိုးပါ။ သင်ဟာ အဲဒါကို ရုံးမှာ ဂျင်ကစားရာမှာ စခန်းချနေရာမှာ အတွင်းရော အပြင်ရော နေရာတိုင်းမှာ ဝတ်ဆင်နိုင်ပါတယ်။ သူတို့ကို လူတိုင်းအတွက် အွန်လိုင်းမှာ ဝယ်ယူလို့ရနိုင်ပါပြီ။

Phree: ဘယ်နေရာမှာရေးရေး မိုဘိုင်းပစ္စည်းထဲပို့ပေးမယ့်ကိရိယာ
Phree နဲ့ ဆိုရင် သင်ဟာ ဘယ်မျက်နှာပြင်မျိုးမှာဖြစ်ဖြစ် ရေးလို့ရတယ်။ ပုံဆွဲလို့ရတယ်။ သင်ရေးနေစဉ်မှာ 3D optical tracking engine လေးက ကိရိယာရဲ့လှုပ်ရှားမှုကို တိုင်းတာပြီး ဘယ် Bluetooth device ကိုမဆို ရလဒ်ကို အလိုအလျောက်ပို့ပေးမှာပါ။ အခုချိန်မှာပဲ အော်ဒါပိတ်သွားပါပြီ။

Morpher: ခေါက်ထားလို့ရတဲ့ဦးထုပ်
Morpher ဟာ safety concept သစ်တစ်ခုပါ။ သူဟာ ပြားနေအောင်ခေါက်ထားလို့ရတဲ့အတွက် သာမန်ဦးထုပ်တွေထက် သယ်ရပိုလွယ်ပါတယ်။ ဒါ့အပြင် သာမန်ဦးထုပ်တွေလိုပဲ ကာကွယ်ပေးနိုင်ပါတယ်။ ဦးထုပ်ကိုတော့ အွန်လိုင်းကနေ မှာယူလို့ရနိုင်ပြီး ကမ္ဘာတစ်ဝှမ်းလုံးကို ပို့ပေးပါတယ်။

SPIN: remote control device
SPIN remote ဟာ သူတို့ရဲ့ စက်တွေအားလုံးအတွက် များပြားတဲ့ controllers တွေ remotes တွေ ထားရတာကို စိတ်ပျက်နေတဲ့ သူတွေအတွက် အဖြေတစ်ခုပါပဲ။ သူက ခိုင်းစေချက်တွေကို သင်ယူပြီးတော့ ရှိနေတဲ့ infrared equipment တွေနဲ့ စမတ်ပစ္စည်းအသစ်တွေကို ထိန်းချုပ်နိုင်ပါတယ်။ ခိုင်းစေမှုအားလုံးနဲ့ လှုပ်ရှားမှုတွေအားလုံးကို စိတ်ကြိုက်ပြုပြင်လို့ရပါတယ်။ သူ့ကိုတော့ အွန်လိုင်းမှာလည်းရရှိနိုင်ပါတယ်။ အဓိကလျှပ်စစ်ပစ္စည်းဆိုင်များမှာလည်းရနိုင်ပါတယ်။

Knops: သင့်နားအတွက် volume buttons
Knops ဟာဆူညံမှုလျှော့ချတဲ့ ကိရိယာတစ်ခုပါ။ ဖန်တီးသူကတော့ သင့်တီဗီက အသံကိုသင်ထိန်းချုပ်လို့ရသလိုမျိုး အပြင်က ဆူညံမှုကိုလည်း သင်ညှိယူလို့ရမယ့် နားကြားမှုကိုဖြေရှင်းနည်းတစ်ခုပါလို့ ဆိုပါတယ်။ လက်ရှိတော့ ကိရိယာမှာ အားလုံးကြားနိုင်တဲ့ mode ကနေ လုံးဝတိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ဆိုတဲ့ mode အထိ mode ၄ မျိုးရှိပါတယ်။ Knops ကို အွန်လိုင်းကနေ ကြိုတင်မှာယူနိုင်ပါပြီ။