ပိုက်ဆံအိတ်ရှာနိုင်တဲ့ အိုင်တီပစ္စည်းအပါအ၀င် အသုံးဝင်ဆုံး ပစ္စည်း (၇) ခု

0
1224

Sugru: ပုံဖော်လို့ရတဲ့ကော်
Sugru ဆိုတာ တဖြည်းဖြည်း ဆီလီကုံးရာဘာအဖြစ်ကို ပြောင်းလဲသွားမယ့် ပုံဖော်လို့ရတဲ့ ကော်ပါ။ အတွင်းအပြင် ပြင်ဆင်မှုတွေ ဖန်တီးမှုတွေ တပ်ဆင်မှုတွေအတွက် လုပ်နိုင်ပါတယ်။ ကော်ဟာ အားလုံးကို ကပ်နိုင်ပြီး တစ်ညလောက်ထားလိုက်ရင် သူဟာ အားကောင်းတဲ့ရာဘာအဖြစ် ပြောင်းလဲသွားပါတယ်။ ကော်ဟာ အမေဇုန်မှာတော့ လူကြိုက်များပုံပါပဲ။

ပိုက်ဆံအိတ်ရှာဖွေနိင်တဲ့ပစ္စည်း
ဒီကိရိယာလေးကတော့ သော့တွေ ပတ်စပို့တွေနဲ့ ပိုက်ဆံအိတ်တွေ ပျောက်တတ်တဲ့ သူတွေအတွက်ပါ။ Tile ဟာ ပါးလျတဲ့ Bluetooth tracker လေးပါ။ သင်ဟာ Tile app ကိုဒေါင်းလုတ်ထားမယ်ဆိုရင် သင့်ပစ္စည်းတွေကို အသံမြည်လာစေနိုင်ပြီး သူတို့ရဲ့နောက်ဆုံးတည်နေရာကို ခြေရာခံနိုင်ပါတယ်။ သင့်ရဲ့ Tile ဟာ ပေ ၁၀၀ Bluetooth range အတွင်းရှိမယ်ဆိုရင် အဲဒါဟာ ကျယ်လောင်တဲ့အသံမြည်လာနိုင်ပါတယ်။ ထုတ်ကုန်ကိုတော့ အွန်လိုင်းမှာ အော်ဒါမှာလို့ ရနိုင်ပါတယ်။

Orbitwheel skates
Orbitwheel ကတော့ စကိတ်ဘုတ်နဲ့ ရိုလာဘလိတ်ကြားက တစ်ခုပါ။ သင်ဟာ ဘီးထဲမှာ သင့်ခြေထောက်ကို ထားဖို့ လိုပြီး သင့်ခြေထောက်ကို လွတ်လွတ်လပ်လပ်လှုပ်ရှားလိုက်ခြင်းဖြင့် စလည်ပြီး အရှိန်ရလာစေမှာပါ။ နည်းပညာက စိန်ခေါ်မှုလို ဖြစ်နေပေမဲ့လည်း သင်ကျွမ်းကျင်သွားတဲ့အချိန်မှာ မယုံနိုင်အောင် လှည့်ကွက်တွေကို လုပ်နိုင်လာမှာပါ။

Cold weather turn signal gloves
Zackees က ဒီလက်အိတ်တွေကတော့ built-in turn signals နဲ့ cycling လက်အိတ်တွေပါ။ လာနေတဲ့ကားတွေကို သင့်ရဲ့မြင်နိုင်စွမ်း ပိုများလာစေဖို့ လက်ညိုးနဲ့ လက်မနေရာက အပြားတွေကို အတူတကွ ဖိလိုက်ပါက မီးလေး မှိတ်တုတ်မှိတ်တုတ်လင်းလာပါမယ်။ လက်အိတ်တွေကို အားပြန်ဖြည့်နိုင်တဲ့ ဘက်ထရီတွေနဲ့ တပ်ဆင်ထားပြီး အဝတ်လျှော်စက်ထဲမှာတောင် ထည့်လျှော်လို့ရပါတယ်။

Appbot Riley: wireless security camera
Riley ဟာ အိမ်ကိုစောင့်ကြည့်ပေးတဲ့မိုဘိုင်းစက်ရုပ်တစ်ခုပါ။ အဲဒါက Wi-Fi ကနေ သင့်ရဲ့ဆဲလ်ဖုန်းကို ချိတ်ဆက်မှာပါ။ အိမ်မှာ ဘာဖြစ်နေတယ်ဆိုတာကို နားထောင်ဖို့ မြင်ရဖို့ built-in microphone နဲ့ camera တစ်ခုပါဝင်ပါတယ်။ Riley ကိုတော့ အမေဇုန်မှာ ရနိုင်ပါပြီ။

FLYTE: လေပေါ်ပျံနိုင်တဲ့ မီးသီး
ဒီမီးသီးကတော့ သံလိုက်အားနဲ့ လေထဲပျံပြီး ကမ္ဘာ့ဆွဲအားကို ကျော်လွန်နေတာပါ။ ဒါ့အပြင် သူ့ကို ညှိ့ယူခြင်းဖြင့် ကြိုးမဲ့ပါဝါသွင်းလို့ရပါတယ်။ ဖွင့်မယ်ဆိုရင် အောက်ခြေကို သာသာလေးထိလိုက်တာနဲ့ သံလိုက်စတင်လာပြီး လေထဲမှာ မျောပြီး လည်လာမှာပါ။ ထုတ်ကုန်ကိုတော့ အမေဇုန်မှာ အွန်လိုင်းကနေမှာယူလို့ရပါတယ်။

TheraGun: ပရော်ဖက်ရှင်နယ်ကြွက်သားနှိပ်နယ်စက်

TheraGun ကတော့ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်ပြီးချိန်မှာ ကြွက်သားနာကျင်မှုကို သက်သာစေနိုင်တဲ့ အားကစားနှိပ်နယ်စက်ပါ။ TheraGun ရဲ့ ဖန်တီးသူဟာ အပေါ်နောက်ကျော ရင်ဘတ် ပုခုံး ခြေထောက် လက်မောင်းနဲ့ တင်သားတွေက နာကျင်မှုကို သက်သာစေဖို့ သင်ကိုယ်တိုင်နဲ့ တခြားသူကို ဘယ်လိုနှိပ်ရတယ်ဆိုတာကို ပြသတဲ့ အွန်လိုင်းထရိန်နင်ပေးပါတယ်။

 

တချို့အရာတွေက ဖွံ့ဖြိုးနေဆဲ သို့မဟုတ် ဈေးတော်တော်ကြီးနေတုန်းမှာပဲ နည်းပညာကတော့ ရှေ့ဆက်သွားနေဆဲပါ။