Selfie ချစ်သူတွေအနေနဲ့ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Camera App ၅ခု

0
1980

ဒီနေ့ခေတ်ကြီးထဲမှာ Selfie မရိုက်တဲ့သူဆိုတာ ခပ်ရှားရှားရယ်ပါ။ ဘယ်လောက်ပဲ ရင့်ကျပ်နေသူပဲဖြစ်နေပါစေ နေရာသစ်လေးတစ်ခု ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေနဲ့ပြန်လည်တွေ့ဆုံတဲ့အခါမှာဖြစ်ဖြစ် အမှတ်တရအနေနဲ့ Selfie လေးတော့ဆွဲလိုက်ကြမှာပါ။ အခုဖော်ပြမယ့် App ၅ ခုကတော့ Selfie ရိုက်တဲ့အခါမှာပဲဖြစ်ဖြစ် ရိုက်ပြီးသွားတဲ့ပုံတွေကို ပြန်လည်ပြင်ဆင်ရာမှာပဲဖြစ်ြဖစ် သင့်ရဲ့ပုံလေးတွေဟာ အများနဲ့မတူပဲ ပိုမိုကြည့်ကောင်းပြီး မျက်စိထဲစွဲနေအောင် ပြုပြင်ဖန်တီးပေးနိုင်မယ့် App ၅ခုပဲဖြစ်ပါတယ်။

1. B612


Selfie Camera တွေထဲမှာ B612 ကို နံပါတ် ၁ပေးထားရင်လွန်မယ်မထင်ပါဘူးနော်
အားလုံးလဲသိပြီးသားဖြစ်နိုင်သလို မသိသေးတဲ့သူငယ်ချင်းတွေအတွက် B612 ရဲ့ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လေးတွေအကြောင်းဖော်ပြပေးလိုက်ပါတယ်။
B612 ဟာ လက်ရှိ Selfie Camera App တွေထဲမှာ ရှေ့ဆုံးကရှိနေပြီး မည်သည့်နေရာကနေမဆို အခမဲ့ရယူနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှာ စိတ်ကြိုက်ရွေးချယ်နိုင်မယ့် Pro ဆန်ဆန် Color Filters တွေအမြောက်အများပါဝင်သလို ချစ်စဖွယ် AI Sticker လေးတွေလည်းများစွာပါဝင်ပါသေးတယ်။ ဒါ့အပြင် DSLR Camera တွေနဲ့ရိုက်သလိုမျိုး Background Blur ပုံစံရိုက်လို့ရမယ့် Setting တွေ ပါဝင်သလို ညဘက် Selfie ရိုက်တဲ့အခါမှာလည်း Display ကို Camera Flash မီးပုံစံလုပ်ပြီးရိုက်လို့ရတဲ့အတွက် အလင်းရောင်လုံးဝမရှိတဲ့အချိန်မှာတောင် ကိုယ့်ရဲ့ပုံကို ကောင်းကောင်းမြင်ရနိုင်ပါသေးတယ်။
B612 အား PlayStore မှ Download ရယူရန် >
https://play.google.com/store/apps/details?id=com.linecorp.b612.android


2.Bestie Selfie Camera

Bestie Selfie Camera App ရဲ့လုပ်ဆောင်ချက်တွေကလည်း Selfie Crazy တွေအတွက်တော့လုံးဝအလန်းတွေပါ။ မတိုက်တာကြာလို့ဝါနေတဲ့သွားတွေနဲ့ Selfie မှာသွားပေါ်အောင် မရယ်နိုင်ရင် Bestie ကဖြေရှင်းပေးနိုင်ပါတယ်။ ရဲရဲသာပြုံးလိုက်ပါ။
Bestie မှာ သွားတွေကိုသီးသန့်ဖြူဖွေးအောင်ပြုလုပ်ပေးနိုင်ခြင်း ၊ ဝက်ခြံအမာရွတ်တွေကိုပယ်ဖျက်ပေးနိုင်ခြင်းအပြင် သင့်ရဲ့မျက်နှာကိုတောင် Shape ပြောင်းနိုင်ပါတယ်။
ခေတ်စားနေတဲ့ V Shape တွေဘာတွေ စမ်းကြည့်လိုက်ပါ။
ဒါ့အပြင် အချိန်နဲ့တပြေးညီ ( Real-Time) တွေ့မြင်နိုင်မယ့် Sticker နဲ့ Effect ပေါင်း ရာနဲ့ချီပြီးပါဝင်နေတာကြောင့် Selfier တွေအနေနဲ့စမ်းသပ်အသုံးပြုသင့်ကြောင်းအကြံပြုလိုက်ပါတယ်။

Bestie Selfie Camera အား PlayStore မှ Download ရယူရန်
https://play.google.com/store/apps/details?id=us.pinguo.selfie


3.YouCam Perfect

ဒီ App လေးကလည်း ပေးထားတဲ့နာမည်နဲ့လိုက်တဲ့ App တစ်ခုလို့ဆိုရမှာပါ။ ဒီApp နဲ့သင့်ရဲ့ပုံတွေအားလုံးကို ပြီးပြည့်စုံစေနိုင်ပါတယ်တဲ့။
ဒီ App လေးရဲ့ထူးခြားချက်တွေကတော့ one-touch filters လို့ခေါ်တဲ့ပုံကိုလက်နဲ့တစ်ချက်ထိလိုက်တာနဲ့ ပုံနဲ့ကိုက်ညီမယ့် အရောင် လိုအပ်တဲ့အသားအရောင်ပြုပြင်မှု စတာတွေကိုလျှင်မြန်စွာပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး ၊ဒီ App ထဲမှာ Auto-Face detection စနစ်ပါဝင်တဲ့အတွက် သင့်ရဲ့မျက်နှာကို အလိုလျှောက်ထောက်လှန်းကာ လိုအပ်တဲ့ပြင်ဆင်မှုများအတွက်သင့်ကိုအကြံပေးဖော်ပြပေးသွားဦးမှာလဲဖြစ်ပါတယ်။

YouCam Perfect အား PlayStore မှ Download ရယူရန်
https://play.google.com/store/apps/details?id=com.cyberlink.youperfect

4.Sweet Selfie

တစ်ခါတစ်လေကျတော့ ရိုက်ထားတဲ့ဓါတ်ပုံတွေကို တစ်ပုံခြင်းစီကြည့်နေတာထက် ၃ ပုံ ၄ ပုံလောက်စုပြီး Photo Collage ပြုလုပ်လိုက်ရင် ပိုပြီးအမြင်ဆန်းသွားစေပါတယ်။ ပုံစံမတူတဲ့ Collage Style ပေါင်းမြောက်များစွာပါဝင်ပြီး အနည်းဆုံး ၂ပုံကနေ အများဆုံး ၆ပုံအထိထည့်သွင်းပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ရာသီပွဲတော်တွေအလိုက် ကိုက်ညီမယ့် Cover Designs နဲ့ Frames တွေလည်းအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
Sweet Selfie အား PlayStore မှ Download ရယူရန်
https://play.google.com/store/apps/details?id=com.cam001.selfie

5.Retrica

အကယ်၍များသင်ဟာ ပုံတွေကို ကာလာဆန်းဆန်းလေးတွေနဲ့ Quality ကောင်းကောင်းအသုံးပြုချင်တယ်ဆိုရင် Retrica ဆိုတဲ့ Camera App တစ်ခုကို စမ်းသပ်အသုံးပြုသင့်ပါတယ်။ အကြောင်းအရင်းကတော့ ဒီ App မှာ အမျိုးအစားမတူညီတဲ့ Color Filter ပေါင်းများစွာပါဝင်နေပြီး ဓါတ်ပုံရိုက်နေစဉ်အချိန်မှာကတည်းက တစ်ခါတည်း ချိန်ညှိနိုင်မယ့် Real-time effect features တွေပါဝင်နေသလို ပုံရဲ့ရုပ်ထွက်ဟာလည်း လျော့ကျသွားခြင်းမရှိပဲအတော်လေးကောင်းမွန်တာကိုတွေ့ရပါတယ်။ အမြင်ဆန်းစေမယ့် Cropping တွေ Color Themes တွေကလည်း သင်ပြင်ရမယ့်ပုံတွေဘယ်လောက်များများ ရိုးအီမနေစေအောင်ကူညီပေးနိုင်ပါလိမ့်မယ်။ Selfie ပဲဖြစ်ဖြစ် Portrait ပဲဖြစ်ဖြစ်ဘာဘာဘာ အကုန်လန်းနေစေမှာဖြစ်တာကြောင့် Download ပြုလုပ်စမ်းသပ်အသုံးပြုသင့်ပါကြောင်း…
Retrica အား PlayStore မှ Download ရယူရန် >
https://play.google.com/store/apps/details?id=com.venticake.retrica&hl=en