iPhone X ကို 360-degree 4K ကင်မရာအဖြစ် ပြောင်းလဲရအောင်

0
967

 

360 ဒီဂရီကင်မရာတွေဟာ Samsung နဲ့ LG တို့ထက် Insta360 တို့လို ကုမ္ပဏီတွေရဲ့လက်ထဲမှာ ပိုမိုတောက်ပတဲ့ အနာဂတ်တွေရှိတယ်ဆိုတာ မြင်သာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းထုတ်လုပ်သူတွေမှာ အာရုံများစရာတွေ အများကြီးရှိနေပြီး သူတို့ကတော့ တစ်ခုတည်းကို သေချာလေးစူးစိုက်နိုင်စွမ်းရှိလို့ပါပဲ။

၂၀၁၄ခုနှစ်မှာတည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ Shenzhen အခြေစိုက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Insta360 ဟာ 360 ဒီဂရီကင်မရာကို Nano၊ Pro နဲ့ ONE မော်ဒယ်လ်များထုတ်လုပ်ထားပြီးတော့ content creator အမျိုးမျိုးကို ရည်ရွယ်ထုတ်လုပ်ထားတာပါ။

ဒီနည်းပညာကို အဓိကရေစီးကြောင်းပေါ်ကိုတင်ဖို့အတွက် အခုကြိုးစားမှုကို ထောက်ပံ့ပေးထားတာကတော့ Insta360 Nano S ပဲ ဖြစ်ပါတယ်။ သူဟာ မူလ Nano နဲ့ ဆင်တယ်လို့ထင်ရပြီးတော့ ပိုမိုကောင်းမွန်တဲ့ performance တွေကို ယူဆောင်လာပါတယ်။

Nano မှာကတော့ 3K video recording နဲ့ 4.6M ဓါတ်ပုံအရည်အသွေးကိုသာ ထောက်ပံ့ခဲ့ပေမယ့် Nano S ကတော့ 4K နဲ့ 20MP ၊ ဒါမှမဟုတ် 3840 x 1920 ကို 30 fps ၊ 6272 x 3136 resolution စတဲ့အရည်အသွေးတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

iPhone X ၊ 8 နဲ့ 8 Plus တို့အပြင် 6 ၊ 6s နဲ့ 7 လိုင်းတွေမှာလည်း အဆင်ပြေပါတယ်။ အခုလိုပေါ့ပါးတဲ့ accessory လေးကတော့ ဟန်းဆက်ရဲ့ Lightning port ကိုပဲ အသုံးပြုရမှာပါ။ သင့်ရဲ့ iDevice တွေကို အမိုက်စား VR ကင်မရာအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

တစ်ကမ္ဘာလုံးကိုလည်း YouTube ၊ Facebook နဲ့ Twitter တို့ကတစ်ဆင့်လည်း live-stream လုပ်နိုင်သလို Insta360 gadget မရှိတဲ့သူတစ်ယောက်နဲ့လည်း 360-degree video chat ပြောနိုင်ပါသေးတယ်။

software feature အသစ်တွေထဲမှာ MultiView ၊ FreeCapture တို့ပါဝင်ပြီး 360-degree editing experience ကိုလည်း ရရှိစေနိုင်တာမို့ အရင်ရိုက်၊ နောက်မှပြင်စနစ်ကို ပြုလုပ်နိုင်ပြီပေါ့။ ဒါကြောင့် သင့်ရဲ့မျှဝေမှုကို ကြည့်သူတွေအနေနဲ့လည်း အဆင်ပြေသွားတာပေါ့။

“advanced real-time stabilization” ပါဝင်တဲ့အတွက်ကြောင့် တုန်ခါမှုတွေကိုလည်း အသာလေး ကိုင်တွယ်နိုင်ပါတယ်။ နောက်ပြီးတော့ ဒေါ်လာ၂၃၉ နဲ့ရရှိနိုင်မှာဆိုတော့ တန်မှတန်ပါပဲ။ ဒီတော့ ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေ၊ ခံစားမှုတွေကို ဒီ accessory လေးနဲ့ မှတ်တမ်းတင်၊ မျှဝနိုင်ပါပြီ။