Enterprise Gadget Trending

Android Oreo Version မှာ နားကြပ်ထိုးတဲ့အခါ Headset Icon မပေါ်ခဲ့ရင် ဒီလိုဖြေရှင်းပါ

Android Oreo ဟာ ခုချိန်မှာတော့ Android ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ Version တစ်ခုလို့ပြောနိုင်သလို ၄င်း Version ကိုအသုံးပြုလာတဲ့နှုန်းဟာလည်းတစ်နေ့တစ်ခြားများသထက်များလာပါပြီ။
လက်ရှိထွက်ပေါ်နေတဲ့ User Report တွေအရ Oreo Version ကိုအသုံးပြုသူအချို့ဟာ ၄င်းတို့ရဲ့ဖုန်းကို နားကြပ်ထိုးလိုက်တဲ့အခါမှာ နားကြပ်သင်္ကေတာ Headset Icon ကို Notification area မှာဖော်ပြခြင်းမရှိတာပါပဲ။ဒါဟာ System Error တစ်ခုတော့မဟုတ်ပါဘူး။ ဒီလိုကြုံနေရတဲ့အခါမှာ စိတ်ထဲမှာအတော်လေး စနိုးစနှောင့်ဖြင့်နေရပြီးတစ်ခုခုမပြည့်စုံသလိုတောင်ခံစားနေရတတ်ပါတယ်။ အနာသိရင် ဆေးရှိပါတယ် 🙂

Headset icon ကို Notification area မှာ မြင်ရဖို့အတွက် ဒီနည်းလမ်းအတိုင်းလုပ်ဆောင်နိုင်ပါတယ်။

1.Setting ထဲကိုဝင်ထားပါ။ Notification bar ကိုဆွဲချလိုက်ပါ။ စက်သွားပုံစံ Setting လေးတစ်ခုကိုမြင်ရပါမယ်။ အဲ့setting icon လေးကို ကြာကြာလေးဖိထားပေးပါ (ပုံမှာဖော်ပြထားပါတယ်)ကြာကြာလေးဖိထားလိုက်ရင် Congrats ! System UI Tuner has been added to setting ဆိုတဲ့Pop-up noti လေးတစ်ခုကိုတွေ့ရပါမယ်။

2. Congrats ! System UI Tuner has been added to setting လို့ပေါ်လာပြီးရင် ဖုန်းရဲ့ Setting ထဲမှာ System UI Tuner ဆိုတဲ့ Option တစ်ခုပေါ်လာမှာဖြစ်ပါတယ်။ အဲ့ထဲကိုဝင်ပြီး Headset ထဲကိုထပ်ဝင်ပါ။System Tuner ကို Setting>system>system UI tuner ကနေလည်းဝင်ရောက်နိုင်ပါတယ်။

3.System UI tuner ထဲရောက်ပြီဆိုရင် Headset နေရာမှာ ပုံမှာဖော်ပြထားတဲ့အတိုင်း Disable ဖြစ်နေမယ်ဆိုရင် Enable လုပ်ပေးပါ။ ဒါဆိုရင် နားကြပ် icon လေးပေါ်လာပါမယ်။ အကယ်၍မပေါ်သေးရင်ဖုန်းကို Reset တစ်ချက်လုပ်ပေးပါ။

သတိပြုရမှာကတော့ System Tuner ဟာ ကျွမ်းကျင်တဲ့ user တွေသာအသုံးပြုသင့်ပါတယ်။ အခန့်မသင့်ရင်ဖုန်းရဲ့ Notification ပိုင်းဆိုင်ရာ icon တွေပျောက်သွားနိုင်သလို Battery % ဖော်ပြတဲ့ စနစ်တွေလည်းပျောက်သွားနိုင်တဲ့အတွက် မလိုအပ်ရင်တော့ လုံးဝစမ်းသပ်ခြင်းမပြုဖို့သတိပေးလိုက်ရပါတယ်။

System UI Tuner ဖော်တဲ့ Video ကိုဒီမှာကြည့်လို့ရပါတယ်။

https://youtu.be/B7Wlykwkypw

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org