၁ လ ထဲနဲ့ အလုံးရေ ၁ သန်း ရောင်းခဲ့ရတဲ့ ရှောင်မီ Redmi 5A Review

0
1696

First Look Review အနေနဲ့ ၁ လ တည်းနဲ့ အလုံးရေ ၁ သန်း ရောင်းခဲ့ရတဲ့ Xiaomi Redmi 5A Review လေး တင်ပေးလိုက်ပါတယ်။

Xiaomi ဆိုတဲ့အသုံကြားလိုက်တာနဲ့ ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့ အကျိုးခံစားခွင့် အသုံးပြုရတဲ့ဖုန်းရဲ့ Quality ဟာ ညီမျှတယ်လို့အားလုံးသိနေကြပြီဖြစ်ပါတယ်။ ဒီလိုအမည်နဲ့လိုက်အောင်လည်း Xiaomi အနေနဲ့ တန်ဖိုးမြင့် စမတ်ဖုန်းတွေအစား တန်ဖိုးနိမ့်ပြီး စွမ်းဆောင်ရည်သင့်တင့်ကောင်းမွန်တဲ့ စမတ်ဖုန်းတွေကိုဦးစားပေးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်လလောက်က စတင်ရောင်းချခဲ့တဲ့ Xiaomi ရဲ့ တန်ဖိုးနည်း စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Redmi 5A ဟာဆိုရင် ယခုလက်ရှိတန်ဖိုးသင့်ဖုန်းဈေးကွက်ထဲမှာ အတော်လေးလူကြိုက်များပြီး အကောင်းဆုံးဖုန်းတစ်လုံးအဖြစ်ရပ်တည်နေပြန်ပါတယ်။ ဘာကြောင့်ဒီလိုအနေအထားကိုရောက်ရှိနေတာလည်း တစ်ချက်လောက်လေ့လာကြည့်ရအောင်…

Design
ဖုန်းရဲ့ပုံစံကတော့ လေးထောင့်ကျကျမဟုတ်ပဲ ထောင့်စွန်းလေးတွေကို Curve ပုံစံလေးလုံးပေးထားပါတယ်။အလေးချိန်အနေနဲ့ 137 ဂရမ်သာရှိပြီး ကိုယ်ထည်ကိုတော့ ပလပ်စတစ်သားနဲ့ပြုလုပ်ထားပါတယ်။ ဒါပေမယ့် အလူမီနီယံသတ္တုကိုယ်ထည်ကိုကိုင်ဆောင်ရသလိုခံစားရမှာပါ။

Display
Redmi 5A ရဲ့မျက်နှာပြင်ဟာ ၅လက်မအရွယ်ရှိပြီး HD Display အမျိုးအစားဖြစ်ကာ Pixel သိမ်သည်းဆအနေနဲ့ 296 ppi ပါဝင်ပါတယ်။ ဒီအချက်တွေ တန်ဖိုးသင့်ဖုန်းတစ်လုံးအတွက် သင့်တော်မျှတတဲ့ Display လို့ဆိုရမှာပါ။

Performance
ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် Qualcomm ရဲ့ Snapdragon 425 Chipset ကိုအသုံးပြုပေးထားပြီး RAM 2GB/16GB ROM နဲ့ RAM 3GB/32GB ROM ဆိုပြီးနှစ်မျိုးရွေးချယ်နိုင်ပါတယ်။ဒါ့အပြင် Xiaomi ရဲ့လက်နက်တစ်ခုဖြစ်လာတဲ့ ပေါ့ပါးသွက်လက်တဲ့ MIUI 9 ဖြင့် Hardware Performance ပိုင်းကိုကောင်းမွန်စွာထိန်းချုပ်ပေးမှာဖြစ်သလို Anadorid Version အနေနဲ့လည်း Nougat(7.1.2) ပါဝင်တဲ့အတွက် တန်ဖိုးသင့်စမတ်ဖုန်းတွေထဲမှာ Android version အတော်မြင့်တဲ့ဖုန်းတစ်လုံးဖြစ်သလို Latest version ဖြစ်တဲ့ Oreo(8.0) နဲ့အထက်ကိုလည်း မျှော်လင့်လို့ရပါသေးတယ်။လက်ရှိ Android version ဟာ Multitasking ဘာညာ အားလုံးအေးအေးဆေးဆေးလုပ်လို့ရနေပါတယ်။ တန်ဖိုးသင့်စမတ်ဖုန်းဆိုရင် များသောအားဖြင့် ဈေးသက်သာတဲ့တရုတ်ထုတ် MTK Chipset တွေထည့်ပေးနေတဲ့ခေတ်ကြီးထဲမှာ Snap 425 နဲ့ဆိုတော့ ဖုန်းရဲ့စွမ်းဆောင်ရည်ဟာ သက်တမ်းအတော်ကြာတဲ့အထိကောင်းမွန်စွာအသုံးပြုနိုင်မယ်လို့ယုံကြည်ရပါတယ်။

ဂိမ်းဆော့ကစားရာမှာလည်း Graphic ဂိမ်းအတော်များများကို ဆော့ကစားနိုင်ပေမယ့် အနည်းနဲ့အများဆိုသလို ထစ်သွားတာမျိုးလေးတွေတော့ကြုံရတတ်ပါတယ်။ ဒါပေမယ့် Budget စမတ်ဖုန်းတစ်လုံးအနေနဲ့ဆို CoC တို့ Mobile Legend တို့အတွက် ကောင်းကောင်းဆော့လို့ရပါသေးတယ်။Screen သေးတာတော့ သည်းခံရမှာပေါ့

Camera
Main Camera 13MP နဲ့ Selfie Camera 5MP ပါဝင်ပါတယ်။ သာမန်အမှတ်တရရိုက်တာပဲဖြစ်ဖြစ် Point & Shots ရိုက်တာပဲဖြစ်ဖြစ် သင့်တော်တဲ့ Quality တစ်ခုကိုတော့ရရှိမှာဖြစ်ပြီး တစ်ခုသတိထားရမှာကတော့ တန်ဖိုးသင့်ဖုန်းတွေရဲ့ ထုံးစံလိုဖြစ်နေတဲ့ Bright Light ပတ်ဝန်းကျင်တွေမှာပဲ ကင်မရာကောင်းကောင်းရိုက်လို့အဆင်ပြေတဲ့အချက်ပဲဖြစ်ပါတယ်။ Redmi 5A ရဲ့ Camera ရိုက်ချက်အချို့ကို ဒီမှာကြည့်ရှုနိုင်ပါတယ်။ (အလင်းအားကောင်းတဲ့အချိန်တွေမှာတော့ မဆိုးဘူးပြောရမှာပါ)

Battery
တန်ဖိုးသင့်ဆိုပြီး Battery မခံဘူးလို့တော့မထင်လိုက်ပါနဲ့ဦး ၊ Battery ပမာဏ 3,000mAh ပါဝင်ပြီး ဖုန်းမှာသုံးထားတဲ့ Chipset ကလည်း ပါဝါစားသက်သာတဲ့အတွက်ကြောင့် အင်တာနက်ပဲသုံးသုံး ၊ ဂိမ်းပဲဆော့ဆော့ ၊ ရုပ်ရှင်ပဲကြည့်ကြည့် အတော်လေးအဆင်ပြေတဲ့ပမာဏပါ။ တစ်ကယ်စမ်းသပ်အသုံးပြုတဲ့အခါမှာလည်း Heay Usage တွေ ၆နာရီလောက်ဆက်တိုက် သုံးနေတာတောင် နောက်နှစ်ရက်အတွက် Standby ကောင်းကောင်းထားလို့ရနေပါသေးတယ်။ အားကုန်သွားလို့ပြန်သွင်းမယ်ဆိုရင်တော့ 90% လောက်ရဖို့ကို ၁နာရီနဲ့မိနစ်၃၀ လောက်သွင်းပေးရမှာဖြစ်ပါတယ်။

ဈေးနှုန်း
Redmi 5A (2GB/16GB) – 150,000Ks ဝန်းကျင်
Redmi 5A (3GB/32GB) – 165,000Ks ဝန်းကျင်

Positives & Negatives
Redmi 5A အတွက်အားသာချက်ကတော့ Performance သင့်တင့်ကောင်းမွန်ခြင်း ၊ Battery အသုံးခံခြင်းနဲပ ဈေးနှုန်းသက်သာခြင်းတို့ပဲဖြစ်ပါတယ်။

အားနည်းချက်အနေနဲ့ Fingerprint ပါဝင်လာခြင်းမရှိသေးတာပဲဖြစ်ပါတယ်။