အသုံးမ၀င်တော့တဲ့ စမတ်ဖုန်းတစ်လုံးရှိနေရင် ဒီနည်းလမ်း ၅ခုနဲ့ အသုံးဝင်အောင် လုပ်ကြည့်နိုင်ပါတယ်

0
2106

သင့်မှာအသုံးမလိုတော့တဲ့စမတ်ဖုန်းတစ်လုံးရှိနေရင် ဒီနည်းလမ်း ၅ခုနဲ့ အသုံးဝင်အောင်လုပ်ကြည့်နိုင်ပါတယ်။

အသစ်မြင်ရင် အဟောင်းမေ့ဆိုသလိုပဲ ဖုန်းအသစ်တစ်လုံးဝယ်လိုက်ပြီဆိုရင် နဂိုအဟောင်းလေးကတော့ ရောင်းရင်ရောင်း မရောင်းရင် အမေ့ခံရတာပါပဲ။ အကယ်၍သင့်မှာ Android 4.0 လောက် အနိမ့်ဆုံးရှိတဲ့ စမတ်ဖုန်းတစ်လုံးပိုနေတယ်ဆိုရင် ဒီနည်းလမ်း ၅ခုနဲ့ ဖုန်းရဲ့အရေးပါအရာရောက်မှုကိုပြန်လည်အသက်သွင်းနိုင်ပါတယ်။

၁.စားပွဲတင် Digital နာရီတစ်လုံးအဖြစ်အသုံးပြုပါ။

Play Store ကနေ Digital Clock App တစ်ခုကို Download ပြုလုပ်ပြီး ဖွင့်ပေးထားလိုက်မယ်ဆိုရင်

သင့်ဖုန်းဟာ ၂၄ နာရီ အသုံးခံမယ့် LED စားပွဲတင်နာရီတစ်လုံးအဖြစ်အသွင်ပြောင်းသွားမှာဖြစ်ပါတယ်။Battery ကိုတော့ တစ်ချက် တစ်ချက် စစ်ဆေးပေးဖို့လိုအပ်မှာဖြစ်ပြီး လိုအပ်မယ်ဆိုရင်အားသွင်းကြိုးလေးထိုးထားပေးလိုက်ပါဦး။

၂.Computer အတွက် ကြိုးမဲ့ Mouse (သို့) Keyboard အဖြစ်အသုံးပြုပါ။

ဒီနည်းကလည်း သင့်ကို ပိုက်ဆံအပိုမကုန်စေပဲ Wireless Mouse တစ်လုံး ဒါမှမဟုတ် Wireless keyboard တစ်ခုအသုံးပြုရသလို ဖန်တီးပေးမှာဖြစ်ပါတယ်။ Android Store တွေမှာ Wireless mouse အဖြစ်ပြောင်းလဲဖို့အတွက် App ပေါင်းများစွာရှိပြီး အဆိုပါ App မှာဖော်ပြထားတဲ့ညွှန်ကြားချက်တွေအတိုင်း အလွယ်တစ်ကူလုပ်ဆောင်ကာ ကွန်ပျူတာနဲ့ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၃.ePhoto Album အဖြစ်အသုံးပြုပါ။

ကိုယ်ရိုက်ခဲ့တဲ့ ပုံလေးတွေ ၊ ချစ်သူခင်သူ မိသားစုနဲ့ ရိုက်ကူးထားတဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ ကိုယ်ကြိုက်တဲ့ ကား ၊ လေယာဉ် ၊ ရှုခင်း အစရှိတာတွေကို Photo Slide Show Album တစ်ခုအနေနဲ့ထားပြီးကြည့်ရှုနိုင်ပါသေးတယ်။ ကိုယ်ပြချင်တဲ့ပုံလေးတွေကိုစုပြီး Gallery ကနေတစ်ဆင့် Slide Show ပြုလုပ်တာပဲဖြစ်ဖြစ် ၊ Slide show app တွေအသုံးပြုပြီးတော့ Video တစ်ခုဖန်တီးပြီးတော့ပဲဖြစ်ဖြစ် အလွယ်တစ်ကူရယူနိုင်ပါတယ်။ ရရှိလာတဲ့ Slide Show လေးတွေကိုဖုန်းမှာ Repeat အနေနဲ့ဖွင့်ပြီးလူမြင်သာတဲ့နေရာလေးမှာတင်ထားမယ်ဆိုရင် သင်ဟာ ငွေကုန်ကြေးကျမများတဲ့ ePhoto Album လေးတစ်ခုကိုဖန်တီးပြီးသားဖြစ်သွားပါပြီ။

၎. FM Radio Player တစ်ခုအဖြစ်အသုံးပြုပါ။

သင့်ရဲ့ဖုန်းအဟောင်းလေးဟာ ePhoto Album တစ်ခုအနေနဲ့သာမကပဲ Radio တစ်လုံးအနေနဲ့လည်းအသုံးတော်ခံနိုင်ပါသေးတယ်။ အသုံးမလိုတဲ့နားကြပ်ဟောင်းလေးတစ်ခုကိုတပ်ပြီး FM ကိုဖွင့်ပါ. ပြီးရင် FM Audio ကို Speaker Mode ပြောင်းပြီး Facebook တစ်ခုတည်းနဲ့အချိန်ကုန်နေတာကို အစားထိုးလိုက်ပါ။

၅.အိမ်တွင်းသုံး Spy CCTV Camera အဖြစ်အသုံးပြုပါ။

သင့်အိမ်မှာ သင်အပြင်သွားနေတဲ့အချိန် သက်ကြီးရွယ်အိုတစ်ယောက်ယောက် ဒါမှမဟုတ် ခွေးလေးတွေ ၊ ကြောင်လေးတွေ ကျန်နေခဲ့မယ်ဆိုရင် သင်သွားနေတဲ့ခရီးဟာ အိမ်ကိုစိတ်ပူပြီးသွားနေရမှာပါ။ ငါ့အိမ်ရဲ့အနေအထားဘယ်လိုရှိလဲ အိမ်မှာရှိတဲ့အဘိုးများမူးလဲနေလား … စသည်ဖြင့်တွေးပူနေရတတ်ပါတယ်။

တစ်ကယ်လို့များသင့်ဖုန်းအဟောင်းက Camera ကောင်းသေးတယ်ဆိုရင် သင့်ဖုန်းကို Spy Camera တစ်လုံးအဖြစ်ပြောင်းလဲကာ အင်တာနက်ချိတ်ဆက်ပြီး ကိုရောက်တဲ့နေရာကနေ အိမ်ကို ပြန်လည်ထောက်လှမ်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့အချက် ၅ ချက်ကတော့ သင်သတိမထားမိလောက်တဲ့ နည်းလမ်းကောင်းလေးတွေဖြစ်ပြီး သင့်ရဲ့ဖုန်းအဟောင်းကိုလည်း အကျိုးရှိရှိနဲ့ပြန်လည်အသုံးချနိုင်မယ်လို့မျှော်လင့်မိပါတယ်။ အကယ်၍များ သူငယ်ချင်းတို့မှာရှိတဲ့ စမတ်ဖုန်းအဟောင်းတွေကို အခြားနည်းလမ်းတစ်ခုနဲ့ အကျိုးရှိရှိအသုံးချနေတယ်ဆိုရင် အောက်က Comment မှာပြန်လည်ဝေမျှပေးခဲ့ပါဦးနော် J