Samsung ရဲ့ Galaxy X ကို သီးသန့်တွေ့ဆုံပွဲပြုလုပ်ပြီး ပြသ

0
679

အရင်နှစ်တွေလိုပါပဲ။ သင့်အနေနဲ့ Galaxy S နဲ့ Galaxy Note လိုင်းတွေထဲက ၂၀၁၈အတွက် flagship တွေကို မျှော်လင့်ထားနိုင်ပါတယ်။ Galaxy S9 နဲ့ S9+ ကတော့ Galaxy Note 9 ထွက်ရှိပြီး ခြောက်လအကြာ မတ်လမှာ launch လုပ်နိုင်ပါတယ်။ ဒါပေမယ့် အခြားနှစ်တွေနဲ့မတူတာကတော့ ၂၀၁၈ ဟာ တတိယမြောက် Samsung flagship အသစ် ထွက်ရှိမှာ ဖြစ်ပါတယ်။ သူကတော့ Galaxy X ဆိုတဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

သူ့ကို ဒီဇင်ဘာလမှာ launch လုပ်နိုင်မယ်လို့ မျှော်မှန်းခဲ့ကြပေမယ့်လည်း Samsung ရဲ့ လက်ရှိသွားနေတဲ့ပုံစံအရ အရမ်းစောလွန်းကြောင်း ပြောခဲ့ပါတယ်။ software အပါအ၀င် အခြားသောအရေးကိစ္စတွေကြောင့် နှောင့်နှေးနေရတာ ဖြစ်ပါတယ်။ CES 2018 အတွက် Galaxy X ရဲ့ အချောသတ်ကို ပြသနိုင်ဖို့ Samsung ကို မရပ်တံ့စေခဲ့ပါဘူး။

ဒီသတင်းကတော့ The Korea Herald ဆီကနေ ကြားရတာဖြစ်ပါတယ်။ Samsung ဟာ သီးသန့်ဖိတ်ထားတဲ့သူတွေနဲ့အတူ ဇန်န၀ါရီ ၁၀ရက်နေ့မှာ ခေါက်နိုင်တဲ့ဖုန်းကို ပြသခဲ့ပါတယ်။ “Samsung Display ဟာ ၇.၃လက်မ ခေါက်နိုင်တဲ့ panel ကို ဒီနှစ်မှာ ထုတ်လုပ်သွားနိုင်ဖို့ စီစဉ်နေပါတယ်” လို့ ဆိုပါတယ်။

နောက်ထပ်သတင်းတစ်ခုကတော့ “Samsung ဟာ မနှစ်ကခေါ်ခဲ့တဲ့ သီးသန့်တွေ့ဆုံပွဲနဲ့ ယှဉ်လိုက်ရင်တော့ လူအတော်များများကို ဆွဲဆောင်နိုင်ပါတယ်။ ဖုန်းထုတ်လုပ်မှုဟာ ပြီးလုနီးပါပြီ။ ဒါကြောင့် ဖုန်း launch လုပ်ဖို့ မျှော်လင့်ထားနိုင်ပါပြီ။”

စိတ်ဝင်စားစရာကောင်းတာကတော့ သတင်းတိုင်းနီးပါးက ပြီးသလောက်ဖြစ်နေပြီလို့ ဆိုနေခြင်းပါ။ ဒါပေမယ့် အဲဒီဖုန်းကို စတိုးဆိုင်တွေမှာ မြင်ရဖို့အချိန်အနည်းငယ် ထပ်စောင့်ရဦးမှာပါ။ ထုတ်လုပ်မှုကတော့ နိုဝင်ဘာအစောပိုင်းမှာ စတင်ခဲ့တာဖြစ်ပြီးတော့ Samsung ကတော့ launch လုပ်ဖို့ အနည်းငယ်နှောင့်နှေးဦးမှာ ဖြစ်ပါတယ်။

Samsung ဟာ တွေ့ဆုံနေချိန်မှာ အတွင်းခေါက်၊ အပြင်ခေါက် နှစ်မျိုးစလုံးကို ပြသခဲ့တာ ဖြစ်ပါတယ်။ အတွင်းခေါက်ဖုန်းတွေကတော့ အပြင်ခေါက်ဖုန်းတွေနဲ့ ယှဉ်လိုက်ရင် ခေါက်နှုန်းပိုများပါတယ်။ ဒါပေမယ့် အပြင်ခေါက်ဖုန်းတွေကတော့ နောက်ထပ် မျိုးဆက်သစ်နည်းပညာတွေအတွက် စဉ်းစားရမယ့်အချက် ဖြစ်ပါတယ်။

Samsung ရဲ့ ပြိုင်ဘက်အချို့ကတော့ CES မှာ အဲဒီလိုမျိုး device တွေကို ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း သတင်းထွက်မလာသေးတဲ့အတွက်ကြောင့် ဘယ်လိုဟန်းဆက်တွေလဲဆိုတာကို မသိရသေးပါဘူး။