Qi စနစ်သုံးဖုန်းတွေအတွက် ပထမဆုံးသော Lightning အခြေပြုကြိုးမဲ့အားသွင်းပစ္စည်း

0
685

အားအမြန်သွင်းစနစ်တော့ မပါဝင်ပါဘူး။

LXORY ကတော့ ကြိုးမဲ့အားသွင်းစနစ်မှာ အဓိကလုပ်ဆောင်နေတဲ့လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Apple ရဲ့ Lightning cable နဲ့ ကြိုးမဲ့အားသွင်းနိုင်တဲ့ ပစ္စည်းလေးကိုတော့ ပထမဆုံး ဖြန့်ချိဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အခြားသူတွေက MicroUSB ၊ USB-C ဒါမှမဟုတ် အခြားသော port တွေကို အသုံးပြုပြီးတော့ ပါဝါစီးဆင်းအောင် လုပ်ဆောင်နေကြပါတယ်။ LXORY ရဲ့ “LXORY Dual Wireless Charging Pad”  လို့ခေါ်တဲ့ pad အသစ်ကတော့ Apple ရဲ့ ကိုယ်ပိုင် connector လေးကို အသုံးပြုထားပါတယ်။ ဒါကြောင့် သင့်ရဲ့ iPhone ကို ကြိုးမဲ့အဖြစ် ပြောင်းလဲရာမှာ အခြားသောကြိုးကို ပြောင်းနေစရာ မလိုအပ်တော့ပါဘူး။

LXORY pad ဟာ Lightning ကို ပထမဆုံးအသုံးပြုတဲ့ပစ္စည်းဖြစ်ရုံသာမက နောက်ထပ် MicroUSB နဲ့ USB-C တွေကိုလည်း အသုံးပြုသွားဖို့ ရှိနေပါတယ်။ ဒါကြောင့် ခုံပေါ်မှာဘယ်ကြိုးရှိရှိ LXORY pad နဲ့သာဆို အဆင်ပြေပြီပေါ့။ Qi အသုံးပြုထားတဲ့ဖုန်းနှစ်လုံးကို တစ်ပြိုင်နက်တည်း အားသွင်းလို့ရမှာဖြစ်ပြီးတော့ USB Type-A port လည်း ပါဝင်ပါတယ်။ ဒါကြောင့် ကြိုးနဲ့အားသွင်းလို့လည်း ရပါတယ်။

LXORY pad မှာ အခက်အခဲနည်းနည်းတော့ ရှိပါတယ်။ ပထမဆုံး သင့်ရဲ့ ကိုယ်ပိုင် wall plug လိုအပ်ပြီးတော့ ဘူးထဲမှာတစ်ပါတည်းပါမလာပါဘူး။ ဒုတိယတစ်ခုကတော့ LXORY pad ဟာ တစ်ခုချင်းစီအတွက် 5W သာ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် Apple ဒါမှမဟုတ် Samsung ရဲ့ အားအမြန်သွင်းစနစ်ကိုတော့ အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ သူတို့တွေကတော့ 7.5W နဲ့ 9W လိုအပ်ပါတယ်။ LXORY ဟာ Lightning ကို ထောက်ပံ့ပေးထားပေမယ့်လည်း Apple ရဲ့ MFi ပရိုဂရမ်ကတစ်ဆင့် အသိအမှတ်ပြုခံရခြင်း မရှိသေးပါဘူး။ ဒါကြောင့် အရည်အသွေးနဲ့ ၊ အသုံးပြုနိုင်မှုကို အာမခံမရသေးဘူးလို့ ဆိုရမှာပါ။

ဒီပစ္စည်းလေးကိုတော့ ဒေါ်လာ၂၈.၆၀ ကျသင့်မှာဖြစ်ပါတယ်။ တကယ်လို့ ဒီအားလောက်နဲ့ အဆင်ပြေတယ်ဆိုရင်တော့ ၀ယ်သင့်တဲ့ပစ္စည်းလေးပါပဲ။ ဒါပေမယ့် အခြားသော ကြိုးမဲ့အားသွင်းပစ္စည်း ထုတ်လုပ်သူတွေလည်း ထုတ်ကြဦးမှာဆိုတော့ စောင့်ချင်လည်း စောင့်နိုင်ပါတယ်။