Exynos 9810 ရဲ့အကောင်းဆုံးစွမ်းဆောင်ချက် ၁၀ခု

0
1203

စမတ်ဖုန်းနဲ့ ပရိုဆက်ဆာပြုလုပ်သူ ကြီးဖြစ်တဲ့ Samsung ဟာ Exynos Chipset ၉ ခုမြောက် စီးရီးရဲ့ နောက်ဆုံးဗားရှင်းသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ သူကတော့ Exynos 9810 ဖြစ်ပြီး ကုမ္ပဏီရဲ့စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Galaxy S9 နှင့် Galaxy S9+ တို့မှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။ Exynos 9810 က 6CA စနစ်ပါဝင်တဲ့ ပထမဆုံး Processor ဖြစ်ပြီး ဒေတာအပြောင်းအရွှေ့လုပ်ရ တာ မြန်ဆန်ပါမယ်။ တတိယမျိုးဆက် CPU Cores ပါဝင်လာမှာဖြစ်ပြီး GPU ကလည်း ပိုပြီးတော့ ကောင်းမွန် လာပါမယ်။ Exynos 9810 က Chipset သစ်ဆိုပေမယ့် 10nm နှင့် ဖန်တီးထားတဲ့  ဒုတိယမြောက် မျိုးဆက်လည်း ဖြစ်ပါတယ်။ 10nm နှင့် ဖန်တီးထားတာကြောင့် ဒီ Chipset က စွမ်းဆောင်ရည်မြင့်မားပြီး ပါဝါသုံးစွဲမှု နည်းပါးပါတယ်။ Exynos 9810 မှာကောင်းကွက်ပေါင်းများစွာရှိနေပါတယ်။ အဲ့လိုအချက်တွေထဲက စမတ်ဖုန်းသုံးစွဲသူတွေအတွက် အရေးကြီးတဲ့ အချက်၁၀ခုကို ရွေးချယ်ရေးသားပေးလိုက်ပါတယ်။

Face ID နဲ့  Animoji ထက်ပိုကောင်းတဲ့အရာ

Samsung အနေနဲ့ သူတို့ရဲ့ မျက်နှာမှတ်မိသိရှိမှုနဲ့ စွမ်းဆောင်နိုင်စွမ်းကို Face ID သို့ Animoji အမည်ပေးမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ 3D မျက်နှာ အာရုံခံစနစ် ထည့်သွင်းထားပါတယ်။ လေ့လာသင်ကြားနိုင်တဲ့ AI နည်းပညာ ပါပြီး လူများကို တိကျစွာ မှတ်သားနိုင်တဲ့အတွက် လုံခြုံရေး အပိုင်းမှာ အလွန် ကောင်းမွန်ပါတယ်။ သုံးစွဲသူရဲ့ မျက်နှာအနေအထားပေါ်မှာ မူတည်ပြီးတော့ ဖုန်းကိုဖွင့်လှစ်ခွင့် ပြုမှာဖြစ်ပါတယ်။ အသုံးပြုသူရဲ့ မျက်နှာကို သုံးဘက်မြင်ပုံစံနဲ့ မှတ်သားထားမှာကြောင့် ပိုမိုလုံခြုံပါမယ်။ ဒါ့အပြင် depth sensing ကတစ်ဆင့် hybrid မျက်နှာခြေရာခံမှုအတွက် 3D အတွင်း သုံးစွဲသူရဲ့မျက်နှာကို scan ပြုလုပ်နိုင်ပါ iPhone X မှာ Animoji ထည့်သွင်းပေးထားသလိုမျိုး ပုံရိပ်ရောင်တွေသုံးေ နတာထက်စာရင် ပိုပြည့်စုံတယ်လို့ဆိုနိုင်ပါတယ်။

4K တွေအတွက် 120fps ဖရိန်နှုန်း

Exynos 9810 မှာ ကျောဘက်က dual-camera နဲ့ ရှေ့ဘက်က iris sensor အတွက် image sensor လေးခုအထိ ထောက်ပံ့နိုင်မယ့် dual-IS ထည့်သွင်းထားပါတယ်။ Exynos 9810 သုံးထားတဲ့ ဖုန်းနဲ့ ဗီဒီယိုရိုက်ကူးမယ်ဆိုရင် 4K video တွေကို  120fps နဲ့ရနိုင်ပါလိမ့်မယ်။ ဒါမျိုးတခြားဖုန်းတွေမှာ မရနိုင်သေးပါဘူး။(ဥပမာ iPhone X လိုဖုန်းမျိုး) အမြင့်ဆုံးမှ 60fps နဲ့သာရကြပါသေးတယ်။ ဒီကွာခြားချက်ဟာ ကြီးမားတယ်လို့ မထင်ရပေမယ့် သင့်အနေနဲ့ ဗီဒီယိုတွေကြည့်တဲ့အခါမှာ အရုပ်တွေရဲ့ချောမွေ့တဲ့ ဖော်ပြနိုင်စွမ်းကို အခြားဖုန်းတွေထက် ပိုရနိုင်ပါတယ်။

အနှေးရိုက်ချက်နဲ့ 4K

4K ဗီဒီယိုအပိုင်းတွေကို 120fps ဖရိန်နှုန်းနဲ့ ရိုက်ကူးနိုင်ပြီဆိုထဲက Samsung Galaxy S9 ကိုသာသုံးပြီးရိုက်မယ်ဆိုရင် 4K အရည်အသွေးနဲ့ slow motion ဗီဒီယိုတွေကိုပါ ရိုက်ကူးနိုင်တော့မယ်ဆိုတာ ငြင်းချက်ထုတ်စရာ မလိုအပ်တော့ပါဘူး။ Exynos 9810 မှာ Slow motion 4K ရိုက်ကူးမှုနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ဖော်ပြခဲ့ခြင်းမရှိပေမယ့် ဒီလုပ်ဆောင်ချက် ရနိုင်မယ်ဆိုတာ အများကြီးဖြစ်နိုင်ပါတယ်။ သို့ပေမယ့် ဖုန်းရဲ့ display ကတော့ 4K ဖရိန်တွေကို အပိုအလိုမရှိဖော်ပြနိုင်မယ့် အရည်အသွေးရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တော့ 4K ကြီးရိုက်ပြီးတော့ ကြည့်စရာနေရာမရှိ ဖြစ်နေပါလိမ့်မယ်။

ပိုမိုမြန်ဆန်လာတဲ့ပရိုဆက်ဆာ စွမ်းအား

Exynos 9810 ဟာဘယ်လောက်တိကျတဲ့ အချက်အလက်ပေးခဲ့တယ်ဆိုတဲ့ အပေါ်မှာတော့ မူတည်နေပါတယ်။  Galaxy S8 မှာသုံးထားတဲ့ 8895 processor ဟာ octa-core processor ဖြစ်ပြီး custom CPU core (၄)လုံး နဲ့ processing frequency အမြင့်ဆုံးဖြစ်တဲ့ Cortex-A53 core (၄)လုံး ကို ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။ 2.3GHz နဲ့ 1.7GHz တွေဟာ 1.9GHz သာရှိပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် Exynos 9810 ဟာ အရင်မျိုးဆက် Exynos နဲ့နှိုင်းယှဉ်ရင် Single-core စွမ်းဆောင်ရည်ဟာ နှစ်ဆအထိ မြင့်တက်လာပါတယ်။ multi-core စွမ်းဆောင်ရည်က ၄၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဘာကြောင့်လဲဆိုရင် Exynos 9810 ရဲ့ core လေးခုဟာ 2.9 GHz အထိ စွမ်းဆောင်ရည် မြင့်မားတဲ့ တတိယမြောက်မျိုးဆက် custom core တွေဖြစ်ပါတယ်။ ကျန်တဲ့ core လေးခုကတော့ ဘက်ထရီစွမ်းဆောင်ရည်ကို optimize လုပ်ပေးပါတယ်။ ဘက်ထရီကို ဘာကြောင့်ပြန်လည် ထိန်းညှိပေးလဲဆိုရင် chipset စွမ်းအားကြီးတဲ့ ဖုန်းတွေဟာဘက်ထရီစွမ်းအင်ကို ပိုမိုလိုအပ်လို့ပါ။ ဒီလုပ်ဆောင်ချက်ကြောင့်ပဲ Galaxy S9 ဘက်ထရီဟာ သက်တမ်းတာရှည်ခံ ပါလိမ့်မယ်။ ဂရပ်ဖစ် စွမ်းဆောင်မှု အပိုင်းမှာတော့ အရင်မျိးဆက်ထက် 20% ပိုကောင်းတဲ့ စွမ်းအားရှိပါလိမ့်မယ်။

မြန်ဆန်သွက်လက်တဲ့ ဒေတာဆွဲယူမှု

Exynos 9810 ဟာသင်လိုအပ်တဲ့ အချက်အလက်တွေကို သွက်လက်မြန်ဆန်စွာ သိမ်းထားနိုင်ဖို့အတွက် Cat 18 LTE ထောက်ပံ့တာကြောင့် download speeds ဟာ 1.2Gbps အထိပေးထားပါတယ်။ Upload Speed အနေနဲ့ ဆိုရင်တော့ 200 Megabits အထိ ထောက်ပံ့ပေးပါလိမ့်မယ်။ ဒါကြောင့် သင့်အနေနဲ့ Youtube channel ကဗီဒီယိုတွေကို မြန်ဆန်သွက်လက်စွာ ခံစားကြည့်ရှုနိုင်မှာ ပါ။ ဒါဟာသင့်ရဲ့ စစ်မှန်တဲ့လောက အမြင်တွေအတွက် ပြီးပြည့်စုံတဲ့ စွမ်းအားထောက်ပံ့မှုလို့ သတ်မှတ်နိုင်ပါတယ်။

Note 8ထက်ပိုကောင်းတဲ့ ကင်မရာ

Exynos 9810 မှာပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ချက်လို့ ဆိုနိုင်တဲ့ dual-ISP (image signal processor) ကိုသုံးထားပါတယ်။ Dual-ISP ဟာ UHD ရုပ်ထွက်အရည်အသွေးရှိတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုအတွက် အဆင့်မြင့်တည်ငြိမ်မှုကို ထောက်ပံ့ပေးနိုင်မှာပါ။ ဘယ်လောက်ထိအောင်လဲဆိုရင် ဘက်ထရီစွမ်းအား အရမ်းနည်းနေတဲ့ အချိန်မှာတောင် ထပ်တိုးဘက်ထရီသက်တမ်းနဲ့ ပုံရိပ်ကောင်းတွေကို ရိုက်ကူးနိုင်မှာပါ။ chip ရဲ့ထောက်ပံ့မှုကြောင့် မြန်ဆန်သွက် လက်တဲ့ autofocus လုပ်ဆောင်ချက်နဲ့အတူ algorithms ကိုသုံးပြီးတော့ မညီမျှတဲ့ပတ်ဝန်းကျင် အနှောင့်အယှက်တွေကို ဖယ်ရှားပေးပြီး လှပတဲ့ရုပ်ထွက်ကိုပေးမှာ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို အဆင့်မြင့်ပြီးတည်ငြိမ်တဲ့ နည်းပညာနဲ့ စိတ်သက်သာစွာ ရိုက်ကူးနိုင်ပါလိမ့်မယ်။

ပိုကောင်းတဲ့ အသံစွမ်းရည်

Samsung ရဲ့အသစ်ထွက်မယ့် Galaxy S9 စမတ်ဖုန်းမှာ audio subsystem ဟာ chipset ပေါ်မှာတည်မှီပြီးတော့ တိုးမြင့်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ပိုကောင်းတဲ့ အသံအရည်အသွေးတွေကို ဘက်ထရီအား သိပ်မကုန်ဘဲနဲ့ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ပရိုဆက်ဆာဟာ မလိုအပ်ဘဲ ဘက်ထရီအလွန်အကျွံ့စားသုံးခြင်းကို ထိန်းကျောင်းပေးမှာပါ။ ဒါကြောင့် Galaxy S9 မှာပိုကောင်းတဲ့ Audio အသံထွက်တွေကို ငြိမ့်ညောင်းစွာ နားထောင်နိုင်ပါလိမ့်မယ်။

 Bixby ရဲ့တုံ့ပြန်နိုင်စွမ်း

Exynos 9810 မှာတော့ Bixby ဟာပိုကောင်းတဲ့ တုံ့ပြန်မှုကိုပေးစွမ်းပါလိမ့်မယ်။ Bixby ဟာ Exynos 9810 မှာပါတဲ့ ဥာဏ်ရည်တု နည်းပညာနဲ့ ပေါင်းစပ်ပြီး ကြွယ်ဝတဲ့ Multimedia Content များကို ကိုင်တွယ်တော့မှာပါ။ Selfie ဓါတ်ပုံများ ရိုက်ခြင်း၊ Gallery App ကို ဖွင့်ခြင်း၊ ဖုန်းခေါ်ဆိုခြင်း စတဲ့ အလုပ်များလို အလုပ်များစွာကို ပြုလုပ်ဖို့ Bixby ကို အသံအမိန့်များဖြင့် ခိုင်းနိုင်ပါတယ်။ ဓါတ်ပုံများ ရိုက်ကူးပြီးနောက် အဲဒီ ဓါတ်ပုံများကို ခွဲခြမ်းစိတ်ဖြာနိုင်ပါတယ်။ အဲဒီ ဓါတ်ပုံများနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ပိုမို ပံ့ပိုးပေးနိုင်တော့မှာပါ။

ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်

Exynos 9810 ဟာမျက်နှာပြင်ပုံရိပ်ဖော်ပြမှုပိုင်းမှာ 4K UHD (4096 x 2160) (သို့) WQUXGA (3840 x 2400) ကိုထောက်ပံ့ပေးပါလိမ့်မယ်။ ရည်ညွှန်းမှုတခု ထုတ်ပြရမယ်ဆိုရင် Samsung ဟာ Galaxy S8 မှာတုန်းက  2960 x 1440 ဖော်ပြမှုကို ပေးခဲ့ပါတယ်။ ဒါကြောင့် တကယ်လို့များ Screen လုပ်ဆောင်ချက်သာ အဲ့လောက်ထိအဆင့်မြင့်သွားမယ်ဆိုရင် Samsung အနေနဲ့ အဆင့်တစ်ခုကို ခုန်တက်လိုက်သလို ဖြစ်သွားနိုင်ပါတယ်။ သို့ပေမယ့် Galaxy S9 ကိုသုံးမယ်သူတွေကတော့ ကြိုက်နှစ်သက်မှာပါ။ 4K Video တွေကိုကြည့်ဖို့အတွက် အဲ့လောက်အရည်အသွေးရှိတဲ့ Screen လောက်တော့လိုအပ်မှာကြောင့်ပါ။

ပိုတိုးတက်လာတဲ့ VR စွမ်းဆောင်မှု

ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်နဲ့ စွမ်းဆောင်ရည်ကောင်းတဲ့ chip ပေါင်းစပ်လိုက်ပြီးတော့ VR အတွေ့အကြုံသစ်တွေ ပေးနိုင်တယ်ဆိုတာ ဖြစ်နိုင်ခြေရှိပါတယ်။ အခြားဘက်ကကြည့်မယ်ဆိုရင် VR အတွေ့အကြုံကို သင့်အနေနဲ့ Gear VR ဒါမှမဟုတ် Daydream View ကိုသုံးပြီးတော့ ကြည့်နိုင်ပါလိမ့်မယ်။ သို့ပေမယ့်လည်း Exynos 9810 မှာဂိမ်းပိုင်းဆိုင်ရာအတွက် ဂရပ်ဖစ်ထောက်ပံ့မှုကောင်းတွေ ထည့်သွင်းထားတာကြောင့် Samsung အနေနဲ့ ပြီးပြည့်စုံတဲ့ ဂရပ်ဖစ်စွမ်းအားနဲ့အတူ VR ပိုင်းကိုထောက်ပံ့ပေးလာနိုင်ပါတယ်။

SM(MMAS)