၁၄နှစ်အရွယ်ကောင်မလေးရဲ့ ကိုယ်လုံးတီးပုံတွေပျံ့ခဲ့ခြင်းအတွက် Facebook မှ နစ်နာကြေးပေး

0
646

အသက်၁၄နှစ်အရွယ် မြောက်အိုင်ယာလန်သူတစ်ယောက်ရဲ့ ကိုယ်လုံးတီးပုံတွေ Facebook Page မှာ အတင်ခံရခြင်းနဲ့ သူမကို ငွေညှစ်ခဲ့ခြင်းတို့အတွက် Facebook က နစ်နာကြေးပေးအပ်ခဲ့ပါတယ်။

ရှေ့နေတွေရဲ့ ပြောကြားချက်အရ သူမရဲ့ပုံတွေကို အရှက်ရစရာ page တစ်ခုမှ Facebook ပေါ်ကို ၂၀၁၄ နိုဝင်ဘာနဲ့ ၂၀၁၆ ဇန်န၀ါရီလအတွင်းက တင်ခဲ့တာဖြစ်တယ်လို့ ဇန်န၀ါရီလ ၁၂ ရက်နေ့က သတင်းရခဲ့ပါတယ်။

“ကိုယ်ပိုင်အချက်အလက်တွေကို တလွဲအသုံးချခြင်၊ အချက်အလက်ကာကွယ်ခြင်းဥပဒေကို ချိုးဖောက်ခြင်းတွေအတွက် အတော်လေး ထိခိုက်ခဲ့ရပါတယ်။ သူမကို ငွေညှစ်ခဲ့ပြီးတော့ ညှစ်မရတဲ့အဆုံးမှာ လက်စားချေတဲ့အနေနဲ့ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်”

တရားလိုရဲ့ ကိုယ်စားလှယ်တွေနဲ့ Facebook တို့ဟာ တရားရုံးပြင်ပ ညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့အတွက် သဘောတူခဲ့ပါတယ်။

“အဲဒီပုံတွေကို သတင်းစာ ဒါမှမဟုတ် တီဗွီတွေပေါ်မှာ ထပ်မြင်ရမယ်ဆိုရင်တော့ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားသလို နောက်ထပ်သက်ရောက်မှုတွေ တွေ့ရမှာဖြစ်ပါတယ်” လို့ ကောင်မလေးရဲ့ ရှေ့နေ Pearse MacDermott က ပြောခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ တာဝန်သိသူအဖြစ်နဲ့ ရပ်တည်နိုင်စေမယ့် နည်းပညာကိုအသုံးပြုသင့်ကြောင်း တိုက်ခိုက်တဲ့ပို့စ်တွေကို ဖယ်ရှားသင့်ကြောင်း ရှေ့နေက ပြောခဲ့ပါတယ်။

ဒီသတင်းကတော့ ကလေးငယ်တွေရဲ့ ရပ်တည်မှုဟာ လူမှုကွန်ရက်အပေါ် မူတည်နေကြောင်း သတိပေးထားတဲ့ အစီရင်ခံစာတစ်ခုကို အင်္ဂလန် ကလေးကော်မရှင်ကနေ ထုတ်ပြန်ပြီးနောက်မှာ ထွက်ပေါ်ခဲ့တာပါ။

“လူမှုကွန်ရက်ဟာ ကလေးတွေကို စိတ်ခံစားချက်တွေ ထိခိုက်စေပါတယ်။ အလယ်တန်းလောက်ကစပြီးတော့ အွန်လိုင်းပေါ်က ဖိအားတွေကို စတင်ခံစားနေရပါပြီ”

Facebook ဟာ တစ်လအတွင်းမှာကို အရှက်ခွဲတဲ့ပို့စ်တွေနဲ့ လိင်မှုကိစ္စနဲ့ အရှက်ခွဲခြင်းတွေ ၅၄၀၀၀ လောက် ဖြစ်ပျက်နေတယ်လို့ အစီရင်ခံစာတစ်ခုက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီတုန်းက အရှက်ရစရာ၊ လက်တုံ့ပြန်မှုများ၊ လူသားမဆန်မှုများအတွက် အသုံးပြုထားတဲ့ ဖြစ်ရပ်ပေါင်း ၅၁၃၀၀ ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ငွေရဖို့၊ ဒါမှမဟုတ် ဒီလိုပုံတွေ ထပ်ရနိုင်ဖို့အတွက် လုပ်ဆောင်တဲ့ဖြစ်ရပ်ပေါင်း ၂၄၅၀ ကိုတော့ flag လုပ်ပေးခဲ့ပါတယ်။ အကောင့်ပေါင်း ၁၄၀၀၀ ကျော်ကိုတော့ disable လုပ်ခဲ့ပြီးတော့ ကလေးငယ်တွေပါဝင်တဲ့ ဖြစ်ရပ် ၃၃ကိုတော့ review လုပ်ပေးခဲ့ပါတယ်။