ဖုန်းBattery ကုန်ခါနီးမှာ ပိုပြီးအသုံးခံစေမယ့်နည်းလမ်း ၃ချက်

0
1999

ဖုန်း Batterty အားနည်းနေတဲ့အချိန်မှာ မမျှော်လင့်ပဲအပြင်ကိုရုတ်တရက်ထွက်ခဲ့ရတယ်။ Power Bank ဝေးစွ အားသွင်းကြိုးတောင်မပါလာခဲ့ပဲ အပြင်မှာအချိန်အကြာကြီးနေနေရတဲ့အဖြစ်မျိုးကြုံဖူးကြမှာပါ။ ဒါဆိုရင်တော့ ဖုန်းရဲ့ Battery အတွက်စိတ်ပူနေရပါပြီ။ ဖုန်းတွေက ဟိုအရင်ခေတ်တုန်းကလို အလွယ်တစ်ကူဖြုတ်တပ်လို့လည်းမလွယ်ဆိုတော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေလောက်ပါတယ်။

ဖုန်းရဲ့ Battery ကိုသာမန်အသုံးပြုနှုန်းထက် ပိုမိုသက်သာအောင်လို့ အရေးပေါ်အခြေအနေမှာဒီနည်းလမ်းတွေနဲ့အသုံးပြုနိုင်ပါတယ်။

၁.လက်ရှိသုံးနေတဲ့ Wallpaper အစား Black Color Wallpaper ကိုပြောင်းလဲအသုံးပြုပါ။

ဒီနေ့ခေတ်ကြီးထဲမှာ Live Wallpaper တော့ တကူးတစ်က အသုံးပြုနေတဲ့သူမရှိလောက်တော့ပါဘူးနော် xD ရှိနေရင်လည်းအသုံးပြုတာကို ရပ်လိုက်ပါ။ Quality ကောင်းပြီးအရောင်အသွေးစုံတဲ့ Wallpaper တွေဟာ ဖုန်းရဲ့ Graphic ပိုင်းဆိုင်ရာစွမ်းဆောင်မှုတွေကိုပိုမိုအလုပ်လုပ်ခိုင်းတာကြောင့် Battery သုံးစွဲမှုဟာသာမန်ထက်ပိုပါတယ်။ဒါဟာ သာမန်အချိန်မှာ ဖုန်းBattery အတွက်မသိသာပေမယ့် Power ပိတ်ခါနီးဖုန်းတစ်လုံးအတွက်တော့ ရေနစ်နေတုန်းမြင်ရတဲ့ ကောက်ရိုးလေးတစ်မျှင်ဆိုလည်းမမှားပါဘူး။

Black Wallpaper ဟာ ဖုန်းအတွက် အကောင်းဆုံးနဲ့ ဝန်အပေါ့ဆုံး Color ဖြစ်တဲ့အတွက် Battery ကုန်ခါနီးအချိန်မျိုးမှာ သက်တမ်းပိုကြာချင်ရင်တော့ Wallpaper လေးကိုပြောင်းလဲပေးဖို့လိုပါမယ်။

၂. Vibrate, Touch Sound and Haptic feedback တွေကိုပိတ်လိုက်ပါ။

ဖုန်းလာရင် Vibrate ဖြစ်ပြီးတုန်သွားတာ ၊ ဖုန်းရဲ့ နံပါတ်နဲ့ Touch Screen ကိုထိလိုက်ရင်အသံထွက်ပြီး Vibrate ဖြစ်သွားတာ … ဒီအချက်တွေကလည်း သာမန်အချိန်ဆိုဘာမှမပြောပလောက်ပေမယ့် Battery အားနည်းတဲ့အချိန်မှာတော့ ဖုန်း Power ပိတ်သွားဖို့အတွက် အဆင်းကို ဘီးတပ်ပေးသလိုဖြစ်နေပါတယ်။ ဒါကြောင့် ဒီအချက်တွေကိုလည်း ပိတ်ထားလိုက်ပါ။ Setting > Sound ကနေတစ်ဆင့် တစ်ခုချင်းစီလိုက်ပိတ်လို့ရပါတယ်။

၃. Screen Brightness ကို Auto ကနေ Manual ပြောင်းပါ။

ဖုန်းတစ်လုံးအသုံးပြုနေတဲ့အချိန်မှာ Battery အစားဆုံးအစိတ်အပိုင်းကိုပြပါဆိုရင် Display ကရှေ့ဆုံးကရှိနေပါတယ်။ Display ရဲ့ Brightness ဟာ Auto ထားခဲ့မယ်ဆိုရင် ပတ်ဝန်းကျင်အလင်းနှုန်းမြင့်ရင်မြင့်သလောက် လိုက်လံချိန်ညှိကာ အမြင့်ဆုံးသို့ဆွဲတင်သွားမှာဖြစ်ပါတယ်။ Screen Brightness ကိုအမြင့်ဆုံးတင်ခြင်းဟာ ဖုန်းကို Battery အစားဆုံးလည်းဖြစ်စေသလို Heat လည်းတက်စေပါတယ်။

ဒါကြောင့်ဖုန်းအတွက်လိုအပ်တဲ့အနည်းဆုံးအလင်းပမာဏကို ကိုယ်တိုင်ချိန်ညှိနိုင်ဖို့အတွက် Auto Brightness ကိုပိတ်ပြီး အလင်းအားရဲ့ ၃ ပုံ ၂ပုံလောက်ကိုလျှော့ချပစ်လိုက်ပါ။ မလိုအပ်ရင် Flight Mode အဖြစ်ပြောင်းလဲထားပါ။ ကိုယ်ရောက်နေတဲ့နေရာဟာ ဖုန်းလိုင်းသိပ်မကောင်းဘူးဆိုရင် ဖုန်းမှာရှိတဲ့ Network ရှာဖွေရေးအစိတ်အပိုင်းတွေဟာ Battery စွမ်းအားကိုပိုမိုအသုံးချပြီးလိုအပ်တဲ့လိုင်းကိုလိုက်လံရှာဖွေရပါတယ်။

ဒီအချက်ကလည်း Battery ကုန်ခါနီးအနေနအထားမှာအရမ်းအဖြစ်များတဲ့ကိစ္စဖြစ်တာကြောင့် သင့်အတွက် အရေးကြီးတဲ့ဖုန်း Call တွေမရှိရင် ဖုန်းရဲ့ ကွန်ယက်တွေအကုန်လုံးကို ပိတ်ထားနိုင်မယ့် Flight mode ကိုဖွင့်ထားပေးပြီး Battery ကိုချွေတာနိုင်ပါတယ်။ ဖုန်းအားလုံးဝမရှိတော့လို့ Power Down ပြီးစက်ပိတ်သွားတာထက်စာရင် Flight Mode လုပ်ထာြး့ပီးစက်ပိတ်သွားတာက ပိုကောင်းပါတယ်။ အကြောင်းအရင်းကတော့ ကိုယ့်ဘက်က ဖုန်းခေါ်ဖို့လိုအပ်လာခဲ့ရင် Flight Mode ကိုခဏပြန်ပိတ်ပြီး ဖုန်းခေါ်ဆိုနိုင်တဲ့အခွင့်အရေးရှိနေလို့ဖြစ်ပါတယ်။