Telegram ဟာ ခရစ်ပတိုငွေကြေးစီးဆင်းမှု မှာ ဒေါ်လာ ၁.၂ဘီလျံ ကွိုင် နဲ့ ၀င်ရောက်ဖို့ စီစဉ်နေ

0
1222

ကျော်ကြားတဲ့ private chat app လေးဖြစ်တဲ့ Telegram ဟာ initial coin offering (ICO)မှာ ဒီဂျစ်တယ် token တွေပေးခြင်းအားဖြင့် ခရစ်ပတိုငွေကြေးကို ပါဝင်ပတ်သတ်လိုက်ပါပြီ။ ဒါကြောင့် အဲဒီ app မှာ blockchain အားဖြည့်ကူညီထားတဲ့ ငွေပေးချေမှုစနစ်တွေ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

Telegram ဟာ ငွေကြေးအမြောက်အများကို “third-generation” blockchain ဖြစ်လာမယ့် “Telegram Open Network” (TON) ကို launch လုပ်ဖို့ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ သူ့မှာတော့ သာလွန်တဲ့လုပ်ဆောင်ချက်တွေ ရှိမှာပါ။ ခရစ်ပတိုငွေကြေးအသစ်ကိုတော့ Gram လို့ အမည်ပေးမှာဖြစ်ပါတယ်။

Telegram ဟာ private messaging app တစ်ခုဖြစ်ပြီးတော့ သုံးစွဲသူတွေကို စောင့်ကြည့်ခြင်းမရှိဘဲ မက်ဆေ့ခ်ျပေးပို့နိုင်အောင် လုပ်ဆောင်ပေးပါတယ်။

သူ့ရဲ့ကိုယ်ပိုင် ခရစ်ပတိုငွေကြေးရောင်းချဖို့ စီစဉ်နေပါတယ်။

ခရစ်ပတိုငွေကြေးကို app ရဲ့ ငွေပေးချေမှုအတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

Telegram ရဲ့ ICO ဟာ private pre-sale တွေမီလျံရာနဲ့ချီ ရှိတာမို့ အကြီးမားဆုံးထဲကတစ်ခု ဖြစ်လာနိုင်ချေရှိပါတယ်။ သူကတော့ Telegram ဟာ ကမ္ဘာအထိကျော်ကြားတဲ့ messaging app တစ်ခုဖြစ်တာကြောင့် ICO အတွက် ၀ယ်လိုအားများမယ်လို့ ယုံကြည်ထားပါတယ်။

Telegram က သူ့ရဲ့ဝန်ဆောင်မှုအတွင်းက ထောက်ပံ့ပေးထားတဲ့ ခရစ်ပတိုငွေပေးချေမှုနဲ့အတူ သုံးစွဲသူတွေဟာ နိုင်ငံတကာအထိ ငွေကြေးပေးပို့တဲ့အခါမှာ ဈေးကျသွားခြင်းကို ရှောင်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး credit card ဈေးနှုန်းမြင့်မားခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ ပြီးတော့ ငွေကြေးအမြောက်အများကိုလည်း သိုသိုသိပ်သိပ်နဲ့ ပြောင်းရွှေ့နိုင်ပါတယ်။

ကုမ္ပဏီရဲ့ pre-ICO sale ကတော့ ဒေါ်လာ၅၀၀မီလျံ ဖြစ်နိုင်ပြီးတော့ token တစ်ခုရဲ့တန်ဖိုးကတော့ ဒေါ်လာ၃မီလျံကနေဒေါ်လာ၅မီလျံကြား ရှိနိုင်ပါတယ်။ Telegram ရဲ့ ခရစ်ပတိုငွေကြေးကတော့ အကြီးမားဆုံး private ခရစ်ပတိုတစ်ခု ဖြစ်လာနိုင်ပါတယ်။

Durov ကတော့ အခြေခံအဆောက်အအုံတွေကို ဗဟိုဌာနက ထိန်းချုပ်ထားခြင်း၊ အခွင့်အာဏာခွဲဝေပေးခြင်းတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွဲဝေဖြန့်ကျက်ထားခြင်းဟာ ဗဟိုထိန်းချုပ်သလောက် မမြန်ဆန်နိုင်ပါဘူး။ ဒါကြောင့် သူကိုယ်ပိုင်blockchainတစ်ခု ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ်။

Telegram ရဲ့ မစ်ရှင်ကတော့ သူ့ရဲ့ app ထဲကို WeChat လိုမျိုး တစ်ခုခုထည့်သွင်းနိုင်ဖို့ပါ။

TON အတွက် အစီစဉ်အားလုံးနဲ့အတူ Telegram ဟာ WeChat လိုမျိုး ၀န်ဆောင်မှုတွေလည်း ထည့်သွင်းဖို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် chatapp တစ်ခုထက်ပိုတဲ့၊ တရုတ်နိုင်ငံအတွက် default payment system တစ်ခုဖြစ်လာဖို့အတွက် လုပ်ဆောင်သွားမှာပါ။ ခြားနားချက်တစ်ခုကတော့ WeChat ကတော့ ဗဟိုကချုပ်ကိုင်ထားပြီး TON ဟာ ဖြန့်ကျက်ထားတဲ့ platform တစ်ခုကို ရရှိဖို့ ရည်ရွယ်ထားပြီး လုံခြုံစိတ်ချတဲ့ ၀န်ဆောင်မှုကို ပေးနိုင်ဖို့ပါပဲ။