Enterprise Gadget Trending

Samsung ကို စွဲဆိုထားတဲ့ patent ချိုးဖောက်မှုတရားစီရင်ပွဲမှာ Huawei အနိုင်ရရှိ

  • Huawei ဟာ Samsung ကို တရားစွဲဆိုမှုမှာ အနိုင်ရရှိခဲ့ပါတယ်။.
  • အရေးမှုအဖြစ် Samsung အနေနဲ့ ထုတ်လုပ်မှုနဲ့ ရောင်းချမှုတွေကို ရပ်ဆိုင်းရမှာပါ။
  • သူတို့နှစ်ယောက်ကတော့ ၂၀၁၆ ကတည်းက pantent တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Samsung နဲ့ Apple တို့ရဲ့ တရားစွဲဆိုမှုကိုလည်း မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါပေမယ့် Huawei နဲ့ တရားစွဲဆိုမှုမှာ ရှုံးနိမ့်သွားခဲ့ခြင်းကိုတော့ မေ့နိုင်ဖို့ မျှော်လင့်နေမှာပါ။

၂၀၁၆ မှာတုန်းက Huawei ဟာ ယူအက်စ်နဲ့ တရုတ်နိုင်ငံတို့မှာ Samsung ဟာ သူ့ရဲ့ ဆယ်လူလာနည်းပညာနဲ့ software patent တွေကို လိုင်စင်ကြေးမပေးဘဲ အသုံးပြုခဲ့တယ်လို့ တရားစွဲဆိုခဲ့တာပါ။ Huawei ဟာ Samsung ဆီကနေ လိုင်စင်ကြေးလိုချင်တယ်လို့ ထင်ခဲ့ပေမယ့်လည်း Huawei ဟာ Samsung ရဲ့ နည်းပညာအသုံးပြုခွင့် သဘောတူညီမှုကို လိုချင်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ Samsung နဲ့ တရုတ်ကုမ္ပဏီတို့ရဲ့ တရားစွဲဆိုမှု ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ ဒီတစ်ခေါက်မှာတော့ ပုံမှန်မဟုတ်တဲ့ အကြောင်းအရာတွေကို တွေ့မြင်ရမှာပါ။

Samsung အတွက် ကံမကောင်းတာကတော့ တရုတ်တရားရုံးဟာ Huawei ဘက်ကို မျက်နှာသာပေးလိုက်ပါတယ်။ fourth-generation ဖုန်းနည်းပညာပါဝင်တဲ့ patent နှစ်ခုမှာ Huawei ကို အနိုင်ပေးလိုက်တာ ဖြစ်ပါတယ်။

တရားသူကြီးတွေဟာ ၂၀၁၁ ကတည်းကစတင်ပြီးတော့ Samsung ဟာ ညှိနှိုင်းဖို့နောက်ကျခဲ့တာကို တွေ့ရှိခဲ့လို့ ဖြစ်ပါတယ်။ အရေးယူမှုအရ Samsung ဟာ အဲဒီနည်းပညာအသုံးပြုထားတဲ့ ဖုန်းတွေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းတွေကို ရပ်တံ့ပြီးတော့ တရားရုံးကြေးအနည်းငယ်လည်း ပေးဆောင်ရမှာပါ။ Samsung ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဦးမှာဖြစ်ပြီး သင့်တော်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားဖို့ စဉ်းစားရမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါဟာ အဆုံးသတ်လားဆိုတာ သံသယဖြစ်မိပါတယ်။ Huawei ဟာ Samsung ကို တရားစွဲပြီးနောက်မှာ Samsung ကလည်း Huawei ကို တရားပြန်စွဲခဲ့ပါသေးတယ်။

Samsung ကတော့ Huawei ဟာ သူ့ရဲ့ 4G-related patent တွေကို ချိုးဖောက်ကြောင်း တရားစွဲခဲ့တာပါ။ Huawei ကတော့ တရုတ်မြို့ကြီးတွေမှာ Samsung နဲ့ ရင်ဆိုင်ခဲ့ရတာပါ။ မနှစ်ကဧပြီလတုန်းက Huawei ဟာ Samsung ကို အနိုင်ရခဲ့ပြီးတော့ နစ်နာကြေး ဒေါ်လာ ၁၁.၆ မီလျံ ရရှိခဲ့ပါတယ်။

ဒါကြောင့် ဒီဇာတ်လမ်းက ဒီမှာတင် ရပ်မသွားလောက်သေးပါဘူး။

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org