News Feed ေျပာင္းလဲမႈစနစ္က Facebook ရဲ႕ တန္ေၾကးကို သိသိသာသာက်ဆင္းသြားေစ

0
1574

Unicode Version

Algorithm တစ္ခုမွာ နည္းနည္းေလးျပင္ဆင္လိုက္ျခင္းက Mark Zuckerberg ရဲ႕ ကုမၸဏီ တန္ေၾကးကို အၾကီးအက်ယ္ေပါက္ကြဲသြားေစႏုိင္ေစပါတယ္။

Facebook စီအီးအိုဟာ သူ႕ရဲ႕ ကုမၸဏီတန္ေၾကးကို ေဒၚလာ၃ဘီလ်ံအထိ ထိခိုက္ခံျပီးေတာ့ News Feed မွာ အဓိကေျပာင္းလဲမႈအျဖစ္နဲ႕ လုပ္ေဆာင္ေပးခဲ့ပါတယ္။

Facebook ဟာ အဲဒီေျပာင္းလဲမႈေတြကို သတိေပးခဲ့ပါတယ္။ ဒီေျပာင္းလဲမႈကေတာ့ သူငယ္ခ်င္း၊ မိသားစုေတြရဲ႕ ပို႕စ္ေတြကို ပိုမိုျမင္သာေစမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေၾကာ္ျငာနည္းနည္းသာ ျမင္ရေတာ့မွာမို႕ သူတို႕အတြက္ ၀င္ေငြနည္းပါးသြားေစပါတယ္။

Facebook စေတာ့ဟာ ၄ရာခိုင္ႏႈန္းေလာက္ က်ဆင္းသြားခဲ့ပါတယ္။ ဒါေၾကာင့္ Zuckerberg ရဲ႕ ကုမၸဏီတန္ေၾကးနဲ႕တြက္မယ္ဆိုရင္ေတာ့ ေဒၚလာ၃မီလ်ံထက္ေတာင္ မ်ားျပားပါတယ္။

သူ႕အတြက္ေတာ့ စိတ္မေကာင္းမျဖစ္ပါနဲ႕။ သူ႕မွာ ေဒၚလာ၇၄ဘီလ်ံရွိဆဲပါပဲ။

တကယ္လို႕ သင္ဟာ Facebook ရွယ္ယာရွင္တစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ဒီက်ဆင္းမႈက သင့္ကိုစိတ္ပူေစမွာ မဟုတ္ပါဘူး။ Facebook စေတာ့ဟာ မႏွစ္ကထက္ ၄၂ရာႏႈန္း တက္ေနဆဲပါပဲ။

ဒါေၾကာင့္ ေသာၾကာေန႕ကက်ဆင္းမႈဟာ Facebook အတြက္ေတာ့ အသိသာဆံုး ျဖစ္သြားခဲ့ပါတယ္။ သူ႕ရဲ႕တည္ရွိမႈ ၁၄ႏွစ္တာကာလအတြင္း အျပင္းထန္ဆံုးအရာတစ္ခုလည္း ျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ သူ႕ရဲ႕တန္ေၾကးဟာ ေဒၚလာ၅၂၀ဘီလ်ံ ျဖစ္ပါတယ္။

Zuckerberg ဟာ ကို႕ရို႕ကားရားႏုိင္တဲ့ ေကာလိပ္ေက်ာင္းသားဘ၀ကေန ကမာၻ႕အထင္ၾကီးခံရတဲ့ စီအီးအိုတစ္ေယာက္ ျဖစ္ေနပါတယ္။ ရုရွားေတြႏွိပ္စက္ျပီး သူ႕ရဲ႕စနစ္မွာ သတင္းအမွားေတြတင္လိုက္ခ်ိန္တည္းကစလို႕ သူ႕ရဲ႕ေကာင္းမြန္တဲ့အခ်ိန္ဟာ ျပီးဆံုးသြားျပီလို႕ ခံစားရပါတယ္။ ဒီကိစၥကုိ အေရးယူဖုိ႕အတြက္ လုပ္ေဆာင္ခဲ့ျပီး ယူအက္စ္အာဏာပိုင္ေတြကလည္း စည္းမ်ဥ္းေတြ တုိးေအာင္လုုပ္ဖို႕ တုိက္တြန္းထားတာလည္း ျဖစ္ပါတယ္။

ရင္းႏွီးျမွဳပ္ႏွံသူေတြကေတာ့ အဲဒီသတင္းကို ေခါင္းခါခဲ့ပါတယ္။ Facebook ဟာ ယူအက္စ္မွာရွိတဲ့ တန္ေၾကးအမ်ားဆံုး အမ်ားပိုင္ ကုမၸဏီထဲက တစ္ခုျဖစ္ေနလို႕ပါပဲ။ Zuckerberg ကေတာ့ ကမာၻ႕အခ်မ္းသာဆံုးလူတစ္ေယာက္ ျဖစ္ေနဆဲပါပဲ။

Zawgyi Version

Algorithm တစ်ခုမှာ နည်းနည်းလေးပြင်ဆင်လိုက်ခြင်းက Mark Zuckerberg ရဲ့ ကုမ္ပဏီ တန်ကြေးကို အကြီးအကျယ်ပေါက်ကွဲသွားစေနိုင်စေပါတယ်။
Facebook စီအီးအိုဟာ သူ့ရဲ့ ကုမ္ပဏီတန်ကြေးကို ဒေါ်လာ၃ဘီလျံအထိ ထိခိုက်ခံပြီးတော့ News Feed မှာ အဓိကပြောင်းလဲမှုအဖြစ်နဲ့ လုပ်ဆောင်ပေးခဲ့ပါတယ်။
Facebook ဟာ အဲဒီပြောင်းလဲမှုတွေကို သတိပေးခဲ့ပါတယ်။ ဒီပြောင်းလဲမှုကတော့ သူငယ်ချင်း၊ မိသားစုတွေရဲ့ ပို့စ်တွေကို ပိုမိုမြင်သာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကြော်ငြာနည်းနည်းသာ မြင်ရတော့မှာမို့ သူတို့အတွက် ဝင်ငွေနည်းပါးသွားစေပါတယ်။
Facebook စတော့ဟာ ၄ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။ ဒါကြောင့် Zuckerberg ရဲ့ ကုမ္ပဏီတန်ကြေးနဲ့တွက်မယ်ဆိုရင်တော့ ဒေါ်လာ၃မီလျံထက်တောင် များပြားပါတယ်။
သူ့အတွက်တော့ စိတ်မကောင်းမဖြစ်ပါနဲ့။ သူ့မှာ ဒေါ်လာ၇၄ဘီလျံရှိဆဲပါပဲ။
တကယ်လို့ သင်ဟာ Facebook ရှယ်ယာရှင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီကျဆင်းမှုက သင့်ကိုစိတ်ပူစေမှာ မဟုတ်ပါဘူး။ Facebook စတော့ဟာ မနှစ်ကထက် ၄၂ရာနှုန်း တက်နေဆဲပါပဲ။
ဒါကြောင့် သောကြာနေ့ကကျဆင်းမှုဟာ Facebook အတွက်တော့ အသိသာဆုံး ဖြစ်သွားခဲ့ပါတယ်။ သူ့ရဲ့တည်ရှိမှု ၁၄နှစ်တာကာလအတွင်း အပြင်းထန်ဆုံးအရာတစ်ခုလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူ့ရဲ့တန်ကြေးဟာ ဒေါ်လာ၅၂၀ဘီလျံ ဖြစ်ပါတယ်။
Zuckerberg ဟာ ကို့ရို့ကားရားနိုင်တဲ့ ကောလိပ်ကျောင်းသားဘဝကနေ ကမ္ဘာ့အထင်ကြီးခံရတဲ့ စီအီးအိုတစ်ယောက် ဖြစ်နေပါတယ်။ ရုရှားတွေနှိပ်စက်ပြီး သူ့ရဲ့စနစ်မှာ သတင်းအမှားတွေတင်လိုက်ချိန်တည်းကစလို့ သူ့ရဲ့ကောင်းမွန်တဲ့အချိန်ဟာ ပြီးဆုံးသွားပြီလို့ ခံစားရပါတယ်။ ဒီကိစ္စကို အရေးယူဖို့အတွက် လုပ်ဆောင်ခဲ့ပြီး ယူအက်စ်အာဏာပိုင်တွေကလည်း စည်းမျဉ်းတွေ တိုးအောင်လုုပ်ဖို့ တိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေကတော့ အဲဒီသတင်းကို ခေါင်းခါခဲ့ပါတယ်။ Facebook ဟာ ယူအက်စ်မှာရှိတဲ့ တန်ကြေးအများဆုံး အများပိုင် ကုမ္ပဏီထဲက တစ်ခုဖြစ်နေလို့ပါပဲ။ Zuckerberg ကတော့ ကမ္ဘာ့အချမ်းသာဆုံးလူတစ်ယောက် ဖြစ်နေဆဲပါပဲ။

Aung Phyo Oo (Myanmar Mobile App)