N notebook နဲ့ Neo Notes app ထည့်သွင်းထားတဲ့ ဖုန်း၊တက်ဘလက်တိုင်းအတွက် Neo smartpen M1

0
1885

smart pen အမျိုးအစားကတော့ အခုအချိန်မှာ မကျယ်ပြန့်သေးပါဘူး။ ဒါပေမယ့်လည်း ဈေးကွက်ကို ဆန်းသစ်တဲ့ထုတ်ကုန်တွေနဲ့ ထိုးဖောက်နေတဲ့ brand တွေလည်း ရှိနေပါသေးတယ်။ NeoLAB Convergence ကတော့ အဲဒီထဲကတစ်ခုအပါအ၀င်ဖြစ်ပြီး Consumer Electronics Show မှာ သူတို့ရဲ့ နောက်ဆုံးဖန်တီးမှုလက်ရာကို ပြသခဲ့ပါတယ်။ Neo smartpen M1 ကို အမည်ပေးထားပါတယ်။

အခြား pen တွေနဲ့ ဘာတွေထူးခြားသွားစေသလဲ။ သိသိသာသာပါးပါတယ်။ ဒါပေမယ့် သင့်ရဲ့ note တွေနဲ့ sketch တွေကို လွယ်ကူစွာနဲ့ အကောင်းမွန်ဆုံးလုပ်ဆောင်ချက်တွေနဲ့အတူ ဖမ်းယူထားနိုင်ပါတယ်။

Neo smartpen M1 ဟာ အထူ ၁၀.၄ မီလီမီတာသာ ရှိတာမို့ သာမန် pen တစ်ချောင်းနဲ့တူတယ်လို့ ဖန်တီးသူတွေက ပြောပါတယ်။ သူ့ကိုတော့ Ncode နည်းပညာအသုံးပြုထားတဲ့ N notebook၊ ဖုန်းဒါမှမဟုတ် တက်ဘလက်မှာ ဒေါင်းလုတ်ဆွဲနိုင်တဲ့ Neo Notes app နဲ့အတူ အသုံးပြုနိုင်ပါတယ်။ smart pen ဟာ လက်ရေး note တွေနဲ့ sketch တွေကို သိရှိနိုင်ပြီးတော့ သင့်ရဲ့content တွေကို ဒီဂျစ်တယ်နည်းပညာအဖြစ်ပြောင်းလဲလိုက်ပြီးတော့ သင့်ရဲ့ချိတ်ဆက်ထားတဲ့ Google Drive ထဲကို အလိုအလျောက် သိမ်းဆည်းပေးပါတယ်။ Evernote နဲ့ Adobe CC တို့လို cloud platform တွေနဲ့လည်း ချိတ်ဆက်နိုင်ပါသေးတယ်။

smart pen ဟာ Neo Notes app နဲ့ ကောင်းကောင်းအလုပ်လုပ်နိုင်ပြီးတော့ စာသားတွေကို highlight လုပ်ခြင်း၊ ဖျက်ခြင်း၊ မှတ်ခြင်း၊ ရှိပြီးသား note ကို မှတ်ချက်ထုတ်ခြင်း စတာတွေ လုပ်ဆောင်နိုင်ပါတယ်။ လိုင်းတွေကို ဖျက်နိုင်သလို background တွေကိုလည်း ဖျက်နိုင်တာမို့ presentation အတွက် အဆင်သင့်ဖြစ်စေပါတယ်။ pen stroke တွေနဲ့ audio တွေကို ဖမ်းယူနိုင်သလို၊ ဖွင့်လည်းဖွင့်နိုင်ပါတယ်။ ပုံဆွဲခြင်းအတွက်ဆိုရင်တော့ SVG ၊ PNG ၊ JPG အမျိုးမျိုး ထုတ်ပေးနိုင်ပါတယ်။ သင့်ရဲ့ note တွေကို ဘာသာစကား ၁၅မျိုးကိုလည်း ပြောင်းလဲပေးနိုင်ပါတယ်။

Neo smartpen M1 ကို အွန်လိုင်းစတိုးပေါ်မှာ ရနေပြီလို့ သိရပါတယ်။ ဒါပေမယ့် Neo smartpen N2 ဆိုတဲ့ မော်ဒယ်လ်အဟောင်းနဲ့တော့ ဆင်တူနေဆဲပါပဲ။ ဈေးကိုတော့ နောက်တစ်ကြိမ်မှာ ပြောပြပေးပါ့မယ်။