Mi A1 မှာ Android Oreo Update ပေးနေတာကို ရုတ်တရက် ရပ်ဆိုင်း

0
1982

 

လွန်ခဲ့တဲ့ တစ်လလောက်က စပြီး Beta Team Member တွေနဲ့ အတူ Android Oreo version ကို Update စပေးနေတဲ့ Xiaomi A1 ဟာ မကြာခင်ရက်ပိုင်းတွင်းက Public Beta အနေနဲ့ Xiaomi A1 စမတ်ဖုန်းအားလုံးကို Update ပြုလုပ်ခွင့်ပေးခဲ့ပါတယ်။

ဒီနေ့မှာတော့အဆိုပါ Update ဟာဆက်လက်ရရှိတော့မှာမဟုတ်ပဲ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ၄င်းတို့ရဲ့ Update မှာ user တွေအတွက် အကြီးအကျယ်ဒုက္ခရောက်စေမယ့် Bugs တွေပါဝင်နေလို့ဖြစ်ပါတယ်။ အဆိုပါ Error တွေကတော့ System UI ပိုင်းမှာ error ခဏခဏတက်လာခြင်းအပြင် Camera ၊ Dailer app နဲ့ Resent အဖြစ်ရှိနေတဲ့ App တွေမှာပါ app is not responding လို့ပြပြီး ပိတ်ပိတ်သွားတာမျိုးတွေပါကြုံနေရပါတယ်။ ဒါတင်မကသေးပါဘူး ဖုန်းရဲ့ Light Sensor ကလည်းမကြာခဏဆိုသလိုကြောင်နေတတ်သလို Finger Gestures တွေကလည်းကောင်းမွန်စွာအလုပ်လုပ်ခြင်းမရှိတော့ပါဘူး။Battery ကလည်းအကုန်မြန်နေပါသေးတယ်။

ဒီပြဿတွေကိုဖြေရှင်းဖို့အတွက် Xiaomi အနေနဲ့ Bugs တွေကိုအမြန်ဆုံးပြင်နေပြီး နောက် နှစ်ပတ်အတွင်းမှာ Update အသစ်ပေးနိုင်မယ်လို့ ကတိပေးထားပါတယ်။
ဒါကြောင့် လက်ရှိ အဆိုပါ Update ကိုအသုံးပြုနေသူတွေအနေနဲ့ OS version ကို Downgrade မပြုလုပ်ပဲ ခဏစောင့်ပေးဖို့ Xiaomi ကတောင်းပန်ပါထားပါတယ်။