Facebook သုံးသူတိုင်းလုပ်ကြည့်သင့်တဲ့ Feature 5 မျိုး

0
638

ဒီနေ့ခေတ်မှာ လူတစ်ယောက်ကိုရှာဖွေမယ်ဆိုရင် Facebook အကူအညီမပါရင် မလွယ်သလောက်တောင်ဖြစ်နေပါပြီ။ အကြောင်းအရင်းကတော့ ကမ္ဘာမှာရော မြန်မာမှာပါ Facebook ဟာလူသုံးအများဆုံး Social Network တစ်ခု ဖြစ်လာတာကြောင့်ဖြစ်ပါတယ်။

ဒီလို လူသုံးများတဲ့ Facebook မှာ သင်မသိသေးတဲ့လုပ်ဆောင်ချက်အလန်းတွေရှိပါသေးတယ်။ အဲ့ထဲကမှ အခုဖော်ပြမယ့် Feature ၅ ချက်ကတော့ သင့်ကို Facebook သုံးရတာပိုပြီးအကျိုးရှိစေသလို လုံခြုံမှုလည်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကဲကြည့်လိုက်ရအောင်…

၁.Hidden Messages များကိုဖတ်ရှုခြင်း

Facebook ရဲ့ ပြောင်းလဲလာတဲ့ Policies တွေကြောင့် ယခုနောက်ပိုင်းမှာ သင့်ကိုစကားလာပြောတဲ့ (message ပို့လာတဲ့) သူဟာ သင်နဲ့ Friend မဖြစ်သေးလို့ရှိရင်သူတို့ပို့တဲ့စာတွေကို သင့်ကိုချက်ချင်းဖော်ပြပေးမှာမဟုတ်ပါဘူး။Message Requests အဖြစ်ရှိနေမှာသာဖြစ်ပြီးသင့်အနေနဲ့ တကူးတကဝင်ကြည့်မှသာ မြင်ရမှာဖြစ်ပါတယ်။
ဒီလိုကြည့်ရှုဖို့အတွက် Facebook မှာ ရှိတဲ့ Message Tab ကနေ ဝင်ပြီးညာဘက်ခြမ်းမှာရှိတဲ့ Message Requests ကိုဖွင့်ကြည့်ရမှာဖြစ်ပါတယ်။ စမတ်ဖုန်းကနေဖွင့်ကြည့်မယ်ဆိုရင်တော့ Messenger ကနေတစ်ဆင့် လူပုံလေး၂ခုပါတဲ့ Friend Tab ကိုဝင်လိုက်ရင် Message Requests ဆိုတဲ့ Box မှတစ်ဆင့်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
တစ်ခါတစ်လေမှာ သင့်အတွက်အရမ်းအရေးပါတဲ့ Message တွေကို လက်လွတ်သွားတတ်တာကြောင့် Message Requests တွေကိုမကြာခဏကြည့်ပေးဖို့တိုက်တွန်းပါရစေ။

၂.Where You Logged in
သင်ဘယ်နေရာတွေကနေ Facebook အကောင့်ဝင်ခဲ့သလဲ ?
ဒီအချက်ကတော့ သင့်ရဲ့ Facebook အကောင့်ပိုင်းဆိုင်ရာလုံခြုံရေးအတွက်အတော်လေးအရေးပါတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ တစ်ကယ်လို့များသင့်အကောင့်သုံးနေရာတာ မလုံခြုံသလိုခံစားရတယ် ၊ အကောင့်ထဲကို တစ်ယောက်ယောက် ဝင်ထားသလို ထင်နေတယ်ဆိုရင်တော့ Setting> Security> ကိုဝင်လိုက်ရင် ’Where You’re Logged In.’ ဆိုတဲ့ Tab တစ်ခုကိုတွေ့ရမှာပါ။ အဲ့ကနေတစ်ဆင့် သင့် Facebook အကောင့်ကို Login ဝင်ခဲ့တဲ့နေရာတွေကို ခြေရာခံနိုင်ပါတယ်။
ဒီနည်းလမ်းကတော့ အမြဲအသုံးပြုနေဖို့တော့မလိုပဲ ရံဖန်ရံခါလောက်တော့ဝင်ဝင်စစ်ပေးသင့်ပါတယ်။

၃.Trusted Contacts ထည့်သွင်းထားခြင်း
Facebook အကောင့်ကိုအကြောင်းအမျိုးမျိုးကြောင့် Password မေ့သွားတဲ့အခါမျိုးမှာဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ ကာကွယ်ခြင်းဟာကုသခြင်းထက်ပိုမိုထိရောက်တယ်လို့ဆိုတဲ့အတိုင်း Password မေ့သွားရင်ပြန်ရနိုင်မယ့်နည်းလမ်းကိုကြိုတင်ပြင်ဆင်ထားဖို့တော့လိုအပ်ပါတယ်။ Trusted Contacts ဆိုတာကတော့ သင်အယုံကြည်ရဆုံး နဲ့သင်နဲ့အလွယ်တစ်ကူဆက်သွယ်နိုင်မယ့် Facebook friend ၃ ယောက် ကို Trusted Contacts အဖြစ်သတ်မှတ်ထားခြင်းပဲဖြစ်ပါတယ်။ Setting>Security မှတစ်ဆင့်ဝင်ရောက်သတ်မှတ်နိုင်ပြီး သင့်အကောင့် Login ဝင်မရတော့တဲ့အခါမှာ ၄င်းတို့ရဲ့အကူအညီတွေရယူပြီး အကောင့်ကိုပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။

၎.သင်ပြုလုပ်ခဲ့တဲ့မှတ်တမ်း Log တွေအားလုံးပြန်ကြည့်နိုင်ပါတယ်။

ဒီနည်းကတော့ Facebook မှာသင် Like ပေးတာ ၊ Comment ပေးတာ ၊ Share ထားတာ ၊ ဘယ်သူနဲ့ Friend ဖြစ်ခဲ့တာ စသဖြင့် Facebook မှာနာရီအလိုက် သင့်ရဲ့ဖြစ်စဉ်တွေအားလုံးကို မှတ်တမ်းတင်ပေးထားမှာပဲဖြစ်ပါတယ်။ သင့်အနေနဲ့ပြန်လည်ကြည့်ရှုလိုတယ်ဆိုရင်တော့ အကောင့်ရဲ့ Setting > Activity Log မှတစ်ဆင့်ပြန်လည်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


၅. သင့်အကောင့်ကို သင့်သူငယ်ချင်းတစ်ယောက်အနေနဲ့ပြန်လည်ကြည့်ရှုခြင်း
ဒီနည်းလေးကတော့ နည်းနည်းလေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ ငါ့အကောင့်ကို သူငယ်ချင်းတစ်ယောက်က ကြည့်တဲ့အခါ သူတို့အမြင်မှာဘယ်လိုရှိနေမလဲ ၊ ငါ့အကောင့်မှာရှိသင့်တဲ့ Information တွေကိုသူတို့တွေ့ပါ့မလား ၊ ငါတင်ထားတာကိုရော သူတို့ဘက်မှာ ဘယ်လိုပေါ်နေမလဲ။ ဒီလိုတွေးနေတယ်ဆိုရင်တော့ သင့်အကောင့်ရဲ့ Time Line ကနေတစ်ဆင့် မျက်လုံးပုံစံခလုတ်လေး View as ကိုနှိပ်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့အချက် ၅ ချက်ကတော့ Facebook အသုံးများသူတွေတောင်သတိမထားဖြစ်တဲ့အချက်လေးတွေဖြစ်ပြီး တစ်ခုချင်းသေချာ လိုက်လုပ်ကြည့်မယ်ဆိုရင် သင့်အတွက်တစ်နည်းမဟုတ်တစ်နည်းအကျိုးသက်ရောက်မှုရှိစေမယ့် နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။ ဘော်ဒါတို့အနေနဲ့ တခြား နည်းလမ်းကောင်းလေးတွေရှိရင်လည်း Comment ကနေတစ်ဆင့် မျှဝေပေးခဲ့ပါဦး။