ခေတ်စားလာနိုင်တဲ့ LED မျက်တောင်အတု

0
639

 

  • CES ပွဲမှာ အစိမ်းရောင် flash light လေးကို ဂျပန်နိုင်ငံက ပြသခဲ့ပါတယ်။
  • ဒီထူးခြားတဲ့ accessory လေးဟာ ဖက်ရှင်ရေစီးကြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။
  • ပါတီလို၊ ဖျော်ဖြေပွဲတွေလို ညအချိန်ကျင်းပတဲ့ပွဲတွေမှာ ၀တ်ဆင်နိုင်ပါတယ်။

နည်းပညာမြင့်အလှအပဖက်ရှင်အတွက် CES ပွဲမှာပြသခဲ့တဲ့ LED မျက်တောင်တုဟာ မီးလေးတွေထုတ်လုပ်ပေးတဲ့ မာစကာရာမှ စတင်ပြီးတော့ တကယ်ရှိသလားဆိုတာ မယုံနိုင်လောက်တဲ့ပစ္စည်းတွေအထိ မျက်တောင်ကို ထောက်ပံ့ပေးထားတဲ့ထုတ်ကုန်တွေ ရာနဲ့ချီရှိပါတယ်။

အခုဆိုရင်တော့ သိပ္ပံပညာရှင်တွေဟာ အလှဖန်တီးရှင်တွေကို ကြိုးမဲ့ LED မျက်တောင်တုလေးနဲ့ စတင်စိန်ခေါ်လိုက်တာ ဖြစ်ပါတယ်။

ဒီနှစ် CES မှာ ဒီထုတ်ကုန်လေးကိုပြသခဲ့တဲ့ ဂျပန်နိုင်ငံက ကုမ္ပဏီကတော့ ပါတီလို၊ ဖျော်ဖြေပွဲတွေလို ညအချိန်ကျင်းပတဲ့ပွဲတွေမှာ ၀တ်ဆင်နိုင်ပါတယ်လို့ ဆိုပါတယ်။

Ritsumeikan University နဲ့ Shiseido Company တို့ မိုက်ခရိုဝေ့ဖ်တွေကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဒီပညာဟာလေးဟာ ပါဝါကို ကြိုးမဲ့အနေနဲ့ ပေးပို့နိုင်ပါတယ်။ မနေ့က Las Vegas မှာ သရုပ်ပြသတဲ့အချိန်မှာ လူပုံစံအရုပ်လေးမှာ တပ်ဆင်ပြသခဲ့ပါတယ်။

“အမှောင်ထဲမှာနေရမယ့် ပါတီ၊ ဖျော်ဖြေပွဲတွေအတွက် ဖက်ရှင်တစ်ခုအနေနဲ့ ၀ယ်လိုအားရှိမယ်လို့ မျှော်လင့်ပါတယ်” လို့ Shiseido official က ပြောပါတယ်။

သုတေသီတွေဟာ သေးငယ်ပြီးတော့ ၃.၅စင်တီမီတာအရှည်ရှိပြီး LED နဲ့ အင်တာနာပါဝင်တဲ့ ပစ္စည်းလေးကို ဖန်တီးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ LED တွေကို မျက်တောင်တုအနေနဲ့ တပ်ဆင်ခဲ့ပါတယ်။ မိုက်ခရိုဝေ့ဖ်ကနေ ထုတ်လုပ်တဲ့ပါဝါဟာ အစိုးရသတ်မှတ်ထားတဲ့စံနှုန်းထက် နည်းပါးတာမို့ ၀တ်ဆင်ချိန်မှာလည်း အန္တရာယ်မရှိနိုင်ဘူးလို့ ဆိုပါတယ်။ အဲဒီမျက်တောင်ဟာ ပါဝါထုတ်ပေးတဲ့နေရာနဲ့ ၁.၅မီတာ (၅ပေ) အကွာအဝေးအထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် အနာဂတ်မှာ ဒီထက်ပိုကွာဝေးတဲ့နေရာအထိ အသုံးပြုနိုင်အောင် လုပ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

သူတို့ဟာ အရုပ်တွေမှာတင်မဟုတ်ဘဲ လူတွေမှာလည်း ပြသသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အနာဂတ်မှာတော့ ပေါ့ပါးတဲ့ဝတ်ဆင်နိုင်တဲ့ပစ္စည်းတွေကို ထုတ်လုပ်သွားဖို့ စိတ်ကူးထားပါတယ်။ အဲဒီပစ္စည်းတွေဟာ ကိုယ်အပူချိန် ဒါမှမဟုတ် သွေးခုန်နှုန်းတွေကို မှတ်သားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို LED အလင်းတွေကိုလည်း အဓိကရောင်းချပေးနေတဲ့ လက်လီဆိုင်တွေမှာ ၀ယ်ယူနိုင်နေပြီ ဖြစ်ပါတယ်။

ကြည့်ကောင်းပေမယ့်လည်း တချို့ကတော့ UV ရောင်ခြည်တွေနဲ့ ထိတွေ့နေရတာမို့ သတိပြုဖို့ ပြောကြားခဲ့ပါတယ်။ အမြင်အာရုံေ၀၀ါးခြင်းနဲ့ အမြင်မှားခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ အမြင်မှားခြင်းကတော့ေ၀၀ါးခြင်းလောက်သာ ဖြစ်နိုင်ပေမယ့်လည်း အဆိုးဆုံးအခြေအနေမှာ မမြင်ရလောက်အောင်အထိ ဖြစ်သွားနိုင်ပါတယ်။  အလင်းတွေဆီကအပူတွေဟာ မျက်လုံးကို ရေဓါတ်ခန်းခြောက်စေနိုင်တဲ့အတွက် ၀တ်ဆင်ရတာ အဆင်မပြေခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီပစ္စည်းလေးရဲ့ ရေရှည်ဆိုးကျိုးတွေကို လေ့လာဖို့ လိုနေပါသေးတယ်။

LED မီးတွေခေတ်စားတဲ့ ဘန်ကောက်ကရဲတွေကတော့ သူတို့ကို သတိပေးချက်တွေနဲ့ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။

သုတေသီတွေဟာ မျက်တောင်ရှည်လာခြင်းကိုတော့ ကျန်းမာရေးသက်ရောက်မှုတစ်ခုအနေနဲ့ တွေ့ကြုံနိုင်တယ်လို့ ပြောကြားထားပြီး ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ မျက်လုံးရဲ့ သုံးပုံတစ်ပုံထက်တော့ ပိုမရှည်နိုင်ပါဘူးလို့ ပြောကြားထားပါတယ်။ ဒါပေမယ့် သင့်ရဲ့မျက်လုံးကိုတော့ စိုစွတ်နေအောင်၊ သန့်ရှင်းအောင်တော့ လုပ်မပေးနိုင်ဘူးလို့ ပြောပါတယ်။ Georgia Institute of Technology ကလည်း စမ်းသပ်မှုတွေ လေ့လာလုပ်ဆောင်ခဲ့ပါတယ်။ သူတို့ကတော့ မျက်တောင်လေးရဲ့ အကျိုးကျေးဇူးတွေကို သိရှိပြီးဖြစ်ပေမယ့် နောက်ကွယ်က မတွေ့ရသေးတဲ့ ဆိုးကျိုးတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

“ဒီမျက်တောင်လေးဟာ မျက်လုံးထဲကို ကျရောက်မယ့် လေထဲကအမှုန်အမွှားလေးတွေကို လျှော့ချပေးနိုင်ပါတယ်”လို့ ဒေါက်တာကျောင်းသားလည်းဖြစ်၊ လေ့လာချက်ရဲ့ စာရေးသူလည်းဖြစ်တဲ့ Guillermo Amador က ပြောပြပါတယ်။

မီးလင်းတဲ့ LED မျက်တောင်လေးတွေ ခေါင်းကြီးပိုင်းမှာ ပါလာတာ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ပါဘူး။