အနာဂတ်ဖုန်းတွေမှာ မှန်ကွဲသွားရင် အလိုအလျှောက်ပြန်ဆက်ပေးမယ့် နည်းပညာ ပါဝင်လာဖွယ်ရှိ

0
1273

 

  • ကိုရီးယားမှ သုတေသနအဖွဲ့တစ်ခုက Elastomer လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ်ကုစားနိုင်တဲ့ ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်
  • Elastomer ကတော့ အခန်းအပူချိန်မှာ သူ့ဘာသာကုစားနိုင်ပြီးတော့ အမြင့်မားဆုံးဆွဲဆန့်အားကိုလည်း ပိုင်ဆိုင်ထားပါတယ်
  • စိတ်မကောင်းပေမယ့်လည်း ပြောရမှာပါပဲ။ အဲဒီပစ္စည်းကို ဈေးကွက်မှာ မကြာခင်မမြင်နိုင်သေးပါဘူး

ကိုရီးယားမှ သုတေသနပညာအဖွဲ့တစ်ခုဟာ Elastomer လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ်ကုစားနိုင်တဲ့ ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပါတယ်။ အချိုင့်အခွက်တွေ၊ ခြစ်ရာတွေကို မိနစ်၃၀အတွင်း ပြန်လည်ကုစားနိုင်ပါတယ်။ အနာဂတ်ဖုန်းတွေအတွက် အကာကွယ်အလွှာတစ်ခုဖြစ်လာမယ့် ကုစားနိုင်စွမ်းရှိ Elastomer လို့ ဆိုကြပါတယ်။

ပစ္စည်းကြိုးမဲ့အားသွင်းစနစ်လိုပဲ ဒီနည်းပညာဟာလည်း အများစုလိုက်သုံးရမယ့်အရာ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနည်းပညာတွေအတွက် ဒီဇိုင်းရေစီးကြောင်းက အလိုက်သင့်ပြောင်းလဲနေရတာ မဟုတ်လား။ Galaxy S8 ဒါမှမဟုတ် iPhone X လိုမျိုး ဦးဆောင်နေတဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေရဲ့ ဒီဇိုင်းကိုကြည့်လိုက်ရင် အနောက်ဘက်မှာ ဖန်သားပြင်နဲ့ စတိုင်လ်ထုတ်ထားတာကို တွေ့ရမှာပါ။ ဒါဟာ ကိုင်ဆောင်သူတွေအတွက် လှပခန့်ညားတယ်ဆိုပေမယ့် ကြိုးမဲ့အားသွင်းစနစ်တွေကိုလည်း ထည့်သွင်းစေနိုင်ပါတယ်။ ဒါပေမယ့် အလူမီနီယမ်နဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ ကွဲသွားရင် ဒေါ်လာ၁၃၀၀ ကုန်ကျစေပါတယ်။ ဒါကတော့ ကောင်းတယ်လို့ ဆိုနိုင်ပါသလား။

Korea Research Institute of Chemical Technology ရဲ့ ကျေးဇူးနဲ့ ကုစားနိုင်ပါတယ်။ ET News ရဲ့ တင်ပြချက်အရ Elastomer ဆိုတဲ့ပစ္စည်းလေးဟာ ကုစားနိုင်စွမ်းရှိပါတယ်။ ဆွဲဆန့်နိုင်အားကလည်း အတော်လေးအားကောင်းတယ်လို့ သိရပါတယ်။ လက်ရှိပမာဏထက် နှစ်ဆလောက် ပိုအားကောင်းပါတယ်။ ဒါကြောင့် ဈေးကွက်မှာအသုံးပြုနိုင်လောက်တဲ့အထိ ကိုယ့်ကိုကိုယ်ကုစားပေးနိုင်တယ်လို့ ဆိုလိုပါတယ်။

ဒီပစ္စည်းလေးဟာ မိုဘိုင်းလ်ပစ္စည်းတွေအတွက် အကာအကွယ်အလွှာတစ်ခုနဲ့ အသုံးပြုနိုင်ပါတယ်။ စမ်းသပ်ချက်တွေကို အခြေခံပြီးတော့ အပြင်ပိုင်းခြစ်ရာတွေ၊ ကွဲရာတွေကို မိနစ်သုံးဆယ်အတွင်း အလိုအလျောက် ပြန်လည်ကောင်းမွန်စေပါတယ်။  မကြာခင်မှာ ထုတ်လုပ်သူတွေလက်ထဲကို ရောက်မှာမဟုတ်ပေမယ့်လည်း မိုဘိုင်းလ်ပစ္စည်းတွေမှာ အသုံးပြုနိုင်တဲ့ ဒီလိုနည်းပညာလေးကြောင်းကို အသိပေးခြင်း ဖြစ်ပါတယ်။