အဆ ၅၀၀၀ အထိ မြန်ဆန်နှုန်းမြင့်တက်လာစေမယ့် ကွင်တမ်ကွန်ပျူတာ

0
1840

မသိရင် မီးဆိုင်းလိုလို၊ အောက်ခြေမှာ ဆလင်ဒါပုံစံစတီးတိုင်လေး၊ tube နဲ့ ၀ိုင်ယာတွေ သပွက်အူလိုရှုပ်ထွေးနေတဲ့ပုံစံက ထူးထူးဆန်းဆန်းပါပဲ။

သူဟာ တည်ဆောက်ခဲ့သမျှထဲမှာ ခေတ်အမီဆုံး quantum computer ပဲ ဖြစ်ပါတယ်။ processor အတွင်းထဲမှာတော့ 50 quantum bits ဒါမှမဟုတ် qubits ပါဝင်တဲ့အတွက် တဆင့်ချင်းတိုးတက်လာတယ်လို့ ဆိုနိုင်ပါတယ်။ သတင်းအချက်အလက်တွေကို 1 and 0 စီးရီးအလိုက် သိုလှောင်သိမ်းဆည်းခြင်းက ပုံမှန်ပဲဖြစ်ပါတယ်။ Qubits ကတော့ တစ်ချိန်တည်းမှာပဲ တန်ဖိုးနှစ်ခုစလုံးကို ကိုယ်စားပြုနိုင်တဲ့အတွက် quantum computer တစ်လု့းဟာ တစ်ပြိုင်နည်းတည်း စမ်းသပ်မှုကို ခံနိုင်ပါတယ်။ qubits ပိုထည့်လိုက်ခြင်းအားဖြင့် တွက်ချက်မှုစွမ်းအားပိုများလာမယ်ဆိုတာကတော့ ယုံဖို့ခက်ခဲပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာတုန်းက IBM ဟာ ကမ္ဘာ့ပထမဆုံးသော 50-qubit quantum computer ကို ထုတ်ပြခဲ့ပါတယ်။ သူကတော့ ဓါတ်ခွဲခန်းထဲက၊ အဖြူရောင်အိမ်ကြီးထဲမှာ တည်ရှိပြီးတော့ လေအေးစက်တွေနဲ့ သမားရိုးကျကွန်ပျူတာတွေ လုပ်ဆောင်နေတဲ့ အလုပ်တာဝန်တွေနဲ့ algorithm တွေကို လုပ်ဆောင်နေပါတယ်။ ဒီနှစ် CES မှာတော့ chip ဆီကို အချက်ပြစနစ်တွေ ပို့ဆောင်ဖို့အတွက် ၀ိုင်ယာနဲ့ tube တွေကိုအသုံးပြုပြီးတော့ စနစ်ကြီးတစ်ခုလုံးကို အေးအောင် လုပ်ဆောင်ထားပါတယ်။ ဒါကြောင့် သတင်းပို့သူတွေနဲ့ တက်ရောက်သူတွေဟာ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို သိရှိခဲ့ကြပါတယ်။ စိန်ခေါ်မှုကြီးကတော့ မလိုချင်တဲ့ noise တွေကို သီးခြားခွဲထုတ်ဖို့ဖြစ်တယ်လို့ IBM Research ဒုတိယဥက္ကဌ Jeffrey Welser က ပြောပါတယ်။ အဲဒီ Noise တွေထဲမှာ လျှပ်စစ်၊ သံလိုက်နဲ့ အပူ noise တွေပါဝင်နေတဲ့အတွက် အခန်းထဲကအပူချိန်ဟာ စက်ကြီးတစ်ခုလုံးကို သုံးမရအောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ပန့်တွေ ရောက်လာရခြင်း ဖြစ်ပါတယ်။ အပေါ်ကနေအောက်ကို 4 Kelvin ကနေ 800 milliKelvin ၊ 100 milliKelvin နဲ့ 10 milliKelvin အထိ စနစ်ကြီးတစ်ခုလုံးကို အေးသွားအောင် လုပ်ဆောင်ထားတာပါ။ ဗူးထဲမှာတော့ ၁၀၀၀၀ ဒီဂရီကျော်ရင်တောင် ဇီးရိုးဖြစ်သွားစေပါတယ်။ ၀ိုင်ယာတွေကတော့ RF-frequency signal တွေကို chip ဆီ သယ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ၀ိုင်ယာတွေကို qubits တွေနဲ့ ချိတ်ဆက်ပြီးတော့ သုတေသနအဖွဲ့လုပ်ဆောင်လိုတဲ့ ပရိုဂရမ်တွေကို  run ပါတယ်။ ၀ိုင်ယာတွေအသုံးပြုထားခြင်းဟာ အပူအပါအ၀င် အခြားသော noise တွေ မပါလာအောင် ဒီဇိုင်းလုပ်ထားတာ ဖြစ်ပါတယ်။

လုပ်ငန်းကလူတွေအကြံပြုထားတာကတော့ 50-qubit system ဟာ “quantum supremacy” ကို ရရှိနိုင်ပါတယ်။ ဆိုလိုတာက quantum computer ဟာ သာမန်စနစ်တစ်ခုထက် ပိုမိုလုပ်ဆောင်နိုင်ခြင်း ဒါမှမဟုတ် မဖြစ်နိုင်ဘူးထင်ထားတာကို ဖြစ်အောင်လုပ်နိုင်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် quantum computer တွေဟာ အချို့သော algorithm တွေနဲ့သာ အဆင်ပြေပါတယ်။ သူတို့ဟာ quantum chemistry ၊ material simulation တွေနဲ့တော့ အတော်လေးကိုက်ညီပါတယ်။ quantum computer ကို PowerPoint presentation အတွက်တော့ သုံးလို့မရပါဘူး။ “ကမ္ဘာကြီးက ဂန္တ၀င်မဆန်ပါဘူး။ ဒါကြောင့် simulation လုပ်မယ်ဆိုရင်တော့ quantum computer လိုအပ်ပါတယ်” လို့ Welser က ပြောပါတယ်။

သုတေသီတွေဟာ quantum computer တွေနဲ့ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးပါပြီ။ IBM က ပညာရှင်တွေဟာ beryllium hydride (BeH2) ကို seven-qubit quantum processor နဲ့ မနှစ်က စက်တင်ဘာလမှာ simulate လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အများကိုချပြနိုင်တဲ့တခုခုကို လုပ်ဆောင်ပြချင်ကြပါတယ်။ ဒါပေမယ့်လည်း ရက်ပေါင်းများစွာကို ဖြတ်ကျော်ရဦးမှာပါ။

“50 နဲ့100 qubits ကြားမှာဆိုရင်တော့ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းပြောနိုင်တဲ့နေရာကို ရောက်ပါလိမ့်မယ်။  ငါးရက်လောက်လုပ်ရမယ့်အလုပ်တွေကို မိနစ်အနည်းလောက်နဲ့ simulate လုပ်ကြည့်ခဲ့ပါတယ်။ အဆင့်တွေကတော့ အတော်လေးမြန်ဆန်လာပါတယ်။ အများပြည်သူတွေ ကိုယ်တိုင်အသုံးပြုလို့ရနိုင်တဲ့ အသုံးချမှုတွေဆီ ရောက်လာတဲ့တစ်နေ့ရှိမှာပါ။ ဒါပေမယ့် ဘယ်အချိန်လဲဆိုတာ ကျွန်တော်မခန့်မှန်းတတ်ပါဘူး” လို့ Welser ကပြောပါတယ်။