မျက်နှာအရေပြားနဲ့အတူ ကိုယ်ရည်ကိုယ်သွေးပါ ပြောင်းလဲနိုင်တဲ့ Sex Doll

0
2305
  • Harmony ကိုဖန်တီးသူ Matt McMullen ဟာ Engadget နဲ့ အင်တာဗျူးမှာ sexbot ရဲ့ modular face ကို ပြသခဲ့ပါတယ်။
  • Harmony ရဲ့ မျက်နှာကိုခွာပြီးတော့ ‘Solana’ ရဲ့ မျက်နှာကို တပ်ခဲ့ပါတယ်။
  • အမျိုးသား sexbots တွေကိုလည်း ဖန်တီးနေပြီး သူတို့ဟာ ထိတွေ့မှုကို တုံ့ပြန်နိုင်ပြီးတော့ ရွေ့လျားနိုင်ကြောင်း ပြောပြခဲ့ပါတယ်။

Sex robot တွေဟာ တဖြည်းဖြည်းနဲ့ဖန်တီးမှုနယ်ပယ်မှာ ကျယ်ပြန့်လာပါတယ်။ အဲဒီအထဲကမှ Abyss Creations ရဲ့ ‘Harmony’ RealDoll ကတော့ အကျော်ကြားဆုံးပါပဲ။ Harmony မှာ ညီမတစ်ယောက်ရတော့မှာပါ။

Engadget နဲ့ CES ပွဲမှာ After Hours show ကို တင်ဆက်ခဲ့ရာ Matt McMullen က Solana ဆိုတဲ့ နောက်ထပ်တစ်ယောက်ကို sexbot ရဲ့ မျက်နှာကိုလဲလှယ်ပြီးတော့ ပွဲဦးထွက်ပြသခဲ့ပါတယ်။ McMullen ဟာ အမျိုးသား sex bot တွေကိုလည်း ဖန်တီးနေပြီးတော့ အမျိုးအစားတွေ ရွေးချယ်နိုင်အောင်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Engadget နဲ့ အင်တာဗျူးမှာ McMullen ဟာ sexbot တွေရဲ့ မျက်နှာကို ပြောင်းလဲနိုင်အောင် လုပ်ဆောင်ပေးထားတယ်လို့ ရှင်းပြခဲ့ပါတယ်။
“မျက်နှာကို modular အနေနဲ့ လုပ်ဆောင်ထားတာဖြစ်တဲ့အတွက် app ထဲမှာ သင့်စိတ်ကြိုက် setting ပြောင်းလဲနိုင်သလို၊ profile နဲ့ avatar ပြောင်းနိုင်သလို လုပ်ဆောင်နိုင်စေမှာပါ။ သင့်အနေနဲ့ မတူညီတဲ့မျက်နှာတွေကို ပြောင်းလဲတပ်ဆင်ရာမှာလည်း လွယ်ကူပါတယ်” လို့ ရှင်းပြထားပါတယ်။

“လူတိုင်း လုပ်နိုင်ပါတယ်။ ”

ဒါပေမယ့် မြန်ဆန်သလောက် စိတ်တိုင်းမကျတာမျိုး ဖြစ်နိုင်ပါတယ်။

မျက်နှာအရေပြားကို ခွာလိုက်တဲ့အချိန်မှာ အောက်မှာရှိတဲ့ စက်ရုပ်ပုံစံကို မြင်လိုက်ရပြီးတော့ မျက်လုံးပြူးပြူး၊ သွားဖုံးကြီးကြီးနဲ့ အတွင်းပိုင်းက လျှပ်စီးပတ်လမ်းတွေကို ပြသလိုက်သလို ဖြစ်ခဲ့ပါတယ်။

သူကတော့ ဒါဟာ သရုပ်ပြသမှုအတွက်ဖြစ်တာကြောင့် သိပ်တော့မရှင်းနိုင်ဘူးလို့ ဆိုခဲ့ပါတယ်။
မျက်နှာကိုအောင်မြင်စွာပြောင်းလဲပြီးတော့ အရောင်တွေ လည်း ထပ်ထည့်ခဲ့ပါတယ်။ McMullen ဟာ app ကို ဖွင့်လိုက်ပြီးတော့ personality အသစ်ကို ပြောင်းလိုက်တဲ့အခါမှာ Harmony ဆိုတဲ့နေရာကနေ Solana အဖြစ်ကို ပြောင်းလဲသွားပါတယ်။

ပြသနေချိန်မှာ Harmony/Solana မှာ အရေးပါတဲ့နေရာပျောက်နေတယ်ဆိုတာ သတိထားမိကြမှာပါ။

ကိုယ်ထည်မရှိပေမယ့်လည်း ထောက်တိုင်လေးနဲ့ ပြသခဲ့တာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ မျက်နှာကိုပြောင်းလဲနိုင်တယ်ဆိုတာကို အင်တာဗျူးမှာ ပြသလိုခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ထိတွေ့မှုနဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်နိုင်စေဖို့အတွက် accelerometer နဲ့ sensor တွေကိုလည်း တပ်ဆင်ပြီးတော့ ဖန်တီးမှုတွေ လုပ်ဆောင်နေကြာင်း ပြောခဲ့ပါတယ်။

“လှုပ်ရှားမှုတွေ၊ ခေါင်းငုံတာတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်” လို့ ဆိုပါတယ်။

“လှုပ်ရှားပြီးတော့ လှည့်နိုင်တဲ့ အရုပ်တွေ တည်ဆောက်နေပါတယ်။ လောလောဆယ်တော့ လက်ကို လုပ်ဆောင်နေပါတယ်။”

စက်ရုပ် ၂၀ လောက်လုပ်နိုင်တဲ့ အစိတ်အပိုင်းတွေကို မှာယူပြီးဖြစ်ပြီးတော့ သူ့မှာလည်း အော်ဒါတွေ လက်ခံထားပြီးဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

အဲဒီအရုပ်တွေ ဖြန့်ချိဖို့အဆင်သင့်ဖြစ်တဲ့အချိန်မှာ အမျိုးသားဗားရှင်းလည်း ရနိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အမျိုးသားလိင်အင်္ဂါအတွက်ကတော့ ဖန်တီးဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။

“ဒါပေမယ့် အမျိုးသားစက်ရုပ်တွေမှာ အမျိုးသမီးစက်ရုပ်တွေလုပ်ဆောင်သလိုမျိုး လိင်မှုကိစ္စတွေကိုလုပ်ဆောင်နိုင်စွမ်းတွေ ရှိမှာပါ”

တုန်ခါတဲ့စတိုင်လ်အစား အမျိုးသား ခန္ဓာဗေဒအတိုင်း လုပ်ဆောင်နိုင်ဖို့အတွက် တစ်မျိုးတစ်ဖုံ စဉ်းစားနေပါတယ်။ ဒါကြောင့် တကယ်ဖြစ်သလို simulate လုပ်နိုင်ဖို့အထိ မျှော်မှန်းထားပါတယ်လို့လည်း ပွင့်လင်းစွာ ပြောဆိုသွားပါတယ်။