ဖုန်းထဲမှာ အကောင်းဆုံး လက်စွမ်းပြစေနိုင်မယ့် photo editor (၅) ခု

0
1898

အခု အပတ်အတွက် ကိုယ့်မိုဘိုင်းဖုန်းထဲမှာ ထည့်သွင်းထားပြီး ရိုက်ယူသမျှ ပုံရိပ်တွေကို အကောင်းဆုံး တည်းဖြတ်ကာ လက်စွမ်းပြပေးနိုင်စေမယ့် photo editor Apk ၅ ခု ကို ဖော်ပြပေးလိုက်ပါတယ်။

========================


Bonfire Photo Editor

Bonfire Photo Editor ဟာ ရေပန်းစားပြီး လူကြိုက်များတဲ့ Photo Editor Apk
တစ်ခုဖြစ်ပါတယ်။ အခြေခံ Editing Tool တွေမှာပါဝင်တဲ့ Filter တွေကို အခြေခံထားတာ
ဖြစ်ပါတယ်။ မိမိပုံကို HDR ကဲ့သို့ပင် ရုပ်ကြွနဲ့လှပအောင် ဖန်တီးပေးနိုင်တာကြောင့်
လှပတဲ့ ရုပ်ကြွပန်းချီကား တစ်ခုပုံစံအတိုင်း မိမိတို့ photo တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

Download

========================

LightX Photo Editor

ဒီ Application ကတော့ တော်တော်လေးကို Feature တွေစုံလင်တယ်လို့ ပြောလို့ရပါတယ်။
Application ရဲ့ စွမ်းဆောင်နိုင်တဲ့အချက်တွေကတော့ photoshop ပြုလုပ်နိုင်ခြင်းအပြင်
လူပုံတွေဆိုရင် ဆံပင်ကိုပဲ color ပြောင်းမလား ၀တ်ထားတဲ့ အင်္ကျီကိုပဲ color ပြောင်းမလား
ဒါ့အပြင် ၀နေရင်ပိန်အောင်လုပ်နိုင်သလို မျက်နှာမှာ အမဲစက်တွေဆိုရင်လည်း ပျောက်အောင်
လုပ်လို့ရပါတယ်။ တစ်ပုံနဲ့တစ်ပုံ ပေါင်းစပ်ပြီး photoshop လုပ်ရာမှာလည်း အရမ်းကောင်းမွန်တဲ့
apk လေးတစ်ခုပါ။

Download

========================

PicsArt Photo Editor

PicsArt Photo Editor apk ကတော့ မိမိ photo ကို သူ့ထဲမှာပါတဲ့
feature တွေနဲ့ စိတ်ကြိက်ပြောင်းလဲ ပြင်ဆင်နိုင်မဲ့ apk တစ်ခုဖြစ်ပါတယ်။
မိမိ photo ကို apk ထဲမှာပါတဲ့ ဦးထုပ်လေးတွေတက်တာတို့ joker ပုံပြောင်းတာတို့
စသဖြင့်ပြုလုပ်ပြီး နောက်ခံ Background လေးတွေစိတ်ကြိုက်ထားကာ အလှဆင်ဖန်တီးနိုင်မဲ့
apk တစ်ခု ဖြစ်ပါတယ်။

Download

========================

Pixlr

Pixlr apk ကတော့ ပုံတွေကို အများကြီးတွဲပြီး ကြိုက်နှစ်သက်ရာ Frame လေးတွေနဲ့
College လုပ်နိုင်တဲ့ apk လေးဖြစ်ပါတယ်။ ဒါ့အပြင် သူ့ထဲမှာပါတဲ့ Double Exposure
ဆိုတဲ့ Feature ကိုသုံးပြီး နောက်ခံ Background တွေကို မိမိရဲ့ပုံနဲ့လိုက်ဖက်တဲ့ color တွေ
background တွေကို စိတ်ကြိုက်ပြောင်းလဲပြီး Edit ပြုလုပ်နိုင်ပါတယ်။ ပုံမှာ စာရေးဖို့အတွက်
လည်းပါဝင်ပြီး Font Design အလှတွေကိုလည်း စိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Download

=====================

Photo Lab

Photo Lab ကတော့ လူတော်တော်များများ အကြိုက်တွေ့ပြီး ရေပန်းစားတဲ့
Photo Edit apk တစ်ခုပါ။ မိမိရဲ့ပုံတွေကို သူ့ထဲမှာပါဝင်တဲ့ Feature မျိုးစုံကို
ကြိုက်နှစ်သက်ရာ ပြင်ဆင်အသုံးပြုနိုင်မှာ apk ဖြစ်ပါတယ်။ ဒီ apk ရဲ့ပုံစံကတော့
သူ့ထဲမှာ ပါဝင်တဲ့ Feature တွေကိုပြထားပါမယ်။ ဥပမာ – photo နှစ်ခုကိုပြပေးထားပါတယ်။
တစ်ပုံကတော့ original ပုံ တစ်ပုံကတော့ apk ထဲမှာပါတဲ့ သရဲပုံဆိုပါစို့။ Original ပုံကို
apk ကနေ မိမိရွေးလိုက်တဲ့ သရဲပုံ Feature နဲ့ ပေါင်းစပ်ပြီး ပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။
ကိုယ်တိုင်ပြုလုပ်စရာမလိုပါဘူး။

Download

ဒါပေမဲ့ apk ကိုသုံးနေတဲ့အချိန်မှာ Online ရှိနေဖို့လိုပါမယ်။ ဒါမှသာ apk ထဲမှာပါတဲ့
Feature မျိုးစုံကိုတွေ တွေ့ရမှာဖြစ်ပြီး မိမိပုံကိုလည်း online နဲ့ apk က အလိုအလျောက်
ပုံဖော်ပေးသွားမှာ ဖြစ်ပါတယ်။