ခန္ဓာကိုယ်ကို Gaming Controller တစ်ခု အဖြစ် ပြောင်းလဲပေးမယ့် တီရှပ်

0
630

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဗီဒီယိုဂိမ်းတစ်ခုအား ထိန်းချုပ်နိုင်ရန် အသုံးပြုနိုင်ပါ့လား။ အဖြေကတော့ ဖြစ်နိုင်ချေရှိပါတယ်။ သို့သော် ဂျပန်စမတ်အ၀တ်အစား ကုမ္ပဏီလေးတစ်ခုဖြစ်သည့် Xenoma မှထုတ်လုပ်ထားသည့် ဒီဇိုင်းကတော့ ဗီဒီယိုဂိမ်းကစားသူမျိုးဆက်သစ်များအတွက် မဟုတ်ပါဘူး။

အဆိုပါ အီလက်ထရောနစ်ရှပ်အကျီတွင် သင့်လက်မောင်းအပါအ၀င် ကိုယ်အထက်ပိုင်းလှုပ်ရှားမှုများကို အာရုံပေးမည့် အာရုံခံပစ္စည်းများပါဝင်ပြီး လှုပ်ရှားမှုမှန်သမျှကို On-Screen Action အဖြစ်သို့ ပြောင်းလဲပေးမှာပဲ ဖြစ်ပါတယ်။ အဆိုပါ E-Skin နည်းပညာကို သင့်တော်သည့် app များဖြင့်ပေါင်းစပ်ထားတာဖြစ်ပြီး သင်အိမ်တွင်းအိမ်ပြင် အားကစားပြုလုပ်မှုပုံစံများကို ပြောင်းလဲပေးသွားနိုင်မှာဖြစ်ပါတယ်။

Xenoma မှသူ့ရဲ့ E-Skin နည်းပညာကို CES 2018 တွင်ပြသသွားခဲ့ပြီး လွန်ခဲ့သည့် တစ်နှစ်ခန့်ကလည်း ယခုပြပွဲမှာပင် ဒီနည်းပညာကိုပြသသွားခဲ့ဖူးပါတယ်။ The Verge ကတော့ ကိုယ်လှုပ်ရှားမှုများကို ဖန်သားပြင်ထက် လှုပ်ရှားမှုများအဖြစ် ပြောင်းလဲပေးသည့် ဂိမ်းကို စမ်းသပ်ခွင့်ရခဲ့ပြီး ကြည့်ရတာ တော်တော်ပင်ပန်းမည်ပုံပါပဲ။

အဆိုပါဂိမ်းတွင် သင်ပြေးနေသကဲ့သို့ပင် သင့်လက်မောင်းများအားလှုပ်ရှားပေးရမှာဖြစ်ပြီး ဖန်သားပြင်ပေါ်တွင် အတားအဆီများပေါ်လာပါကလည်း ခုန်ရှောင်ခြင်းများပြုလုပ်ရမှာပဲဖြစ်ပါတယ်။ လှုပ်ရှားမှုများကို အာရုံပစ္စည်းလေးများမှရယူပြီး ရင်ဘက်တွင်တပ်ဆင်ထားသည့် Bluetooth Module ကိုပို့ဆောင်သွားမှာဖြစ်ပြီး ထိုမှတဆင့် ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းတစ်လုံးအတွင်းသို့ ပို့ဆောင်ပေးမှာပါ။

ယခုဂိမ်းတွင် မည်သည့် AR သို့မဟုတ် VR နည်းပညာမှပါဝင်ခြင်းမရှိဘဲ သင့်အိမ်တွင်းမှာပင် လေ့ကျင့်ခန်းများပြုလုပ်နိုင်စေဖို့ရန်ဖြစ်ပါတယ်။ အနာဂတ်တွင် Xenoma ၏စမတ်အ၀တ်အစားနည်းပညာသည် AR နည်းပညာနှင့် VR နည်းပညာများကဲ့သို့ ပိုမိုခံစားရစေနိုင်ပါတယ်။

မည်သည့်မိုဘိုင်း app ၊ ကွန်ပျူတာ app များမှထိန်းချုပ်ခြင်းမရှိသည့် Xenoma ၏ကျန်းမာကြံခိုင်ရေးဝတ်စုံဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ကုမ္ပဏီမှ သင်ပြေးလွှားမှုများကို ခြေရာခံနိုင်ပြီး အခြားသော လက်ဝတ်ကိရိယာများထက် ကျန်းမာရေးအချက်အလက်များထောက်ပံ့ပေးနိုင်မည့် နမူနာပုံစံကို တည်ဆောက်နေပြီဖြစ်ပါတယ်။ လည်ပင်းအထက်ပိုင်းလှုပ်ရှားမှုများမှလည်း အသက်ရှုစနစ်ကို ဆန်းစစ်ပေးနိုင်မည့် အချက်အလက်များကို ထောက်ပံ့ပေးသွားမှာလည်းဖြစ်ပါတယ်။ သင်သာကျန်းမာရေးလိုက်စားသူဆိုပါက ယခုကဲ့သို့သောအ၀တ်အစားဟာ သင့်အတွက်စိတ်ဝင်စားစရာဖြစ်မှာပါ။

အဆိုပါ E-Skin ရှပ်အကျီကို ယခုနှစ်နှောင်းပိုင်းမှစတင်ကာ ဒေါ်လာ၄၀၀မှ ဒေါ်လာ၅၀၀အတွင်း ဈေးနှုန်းများဖြင့် ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ ဈေးနှုန်းအတိအကျကို ထုတ်ပြန်ထားခြင်းမရှိသေးဘဲ ပထမဆုံး ဖြန့်ဖြူးရောင်းချမည့်ရက်ကိုလည်း အတည်ပြုထားခြင်းမရှိသေးပါဘူး။