Gadget Trending

ကင်မရာလေးလုံး၊ ဒီဇိုင်းအမိုက်စားနဲ့ အိန္ဒိယကို ရောက်ရှိလာမယ့် Honor 9 Lite

  • Honor ဟာ mid-range 9 Lite စမတ်ဖုန်းကို အိန္ဒိယမှာ ရောင်းချမယ်လို့ ကြေညာလိုက်ပါတယ်။
  • အဲဒီဟန်းဆက်မှာ  Flipkart exclusive ပါဝင်ပါတယ်။
  • ထွက်ရှိမယ့်ရက်နဲ့ ဈေးနှုန်းအတိအကျကိုတော့ မသိရသေးပါဘူး။

Honor 9 Lite ကို အိန္ဒိယမှာ ကိုင်ဆောင်ခွင့်ရတော့မှာပါ။ နောက်ပြီး Flipkart exclusive အဖြစ်နဲ့ launch လုပ်သွားမယ်လို့ ကြေညာခဲ့ပါသေးတယ်။ ဘယ်အချိန်မှာ ရောင်းချနိုင်မလဲဆိုတာကိုတော့ ပြောမသွားပါဘူး။ ဒါပေမယ့်လည်း ဒီလလောက်မှာ ရနိုင်မယ်လို့တော့ ခန့်မှန်းထားပါတယ်။

Honor 9 Lite ရဲ့ ဈေးနှုန်းကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့် တရုတ်မှာရှိတဲ့ဈေးနဲ့ တူနိုင်ပါတယ်။ 3 GB RAM နဲ့ 32 GB သိုလှောင်မှုပမာဏကတော့ ဈေးအသက်သာဆုံးမော်ဒယ်လ်ဖြစ်ပြီး Rs. 11,700 ဖြစ်နိုင်ပါတယ်။ ဈေးကြီးတဲ့ 4 GB RAM နဲ့ 64 GB သိုလှောင်မှုပမာဏကတော့ Rs. 17,500 လောက် ဖြစ်နိုင်ပါတယ်။

Honor 9 Lite ဟာ သူ့ရဲ့ ဒီဇင်ဘာပွဲဦးထွက်တုန်းက 5.65-inch display ကို Full HD+ resolution ၊ 18:9 aspect ratio နဲ့ ထွက်ရှိခဲ့ပါတယ်။ Kirin 659 chipset နဲ့ အားဖြည့်ထားပြီးတော့ အရှေ့ရောအနောက်ပါ ကင်မရာနှစ်လုံးစီ တပ်ဆင်ထားခဲ့ပါတယ်။ 13 နဲ့ 2 MP sensor တွေကို အသုံးပြုထားတာကြောင့် ဖန်စီ bokeh ပုံတွေကို ရိုက်ကူးစေနိုင်မှာ ဖြစ်ပါတယ်။

အဲဒီဟန်းဆက်မှာ 3,000 mAh ဘတ်ထရီပါဝင်ပြီး 256 GB အထိ ချဲ့နိုင်တဲ့ သိုလှောင်မှုစနစ်လည်း ရှိပါတယ်။ အနောက်မှာ လက်ဗွေရာစနစ်လည်း ထည့်သွင်းထားပါတယ်။ သူ့ရဲ့ကျက်သရေရှိလှတဲ့ ပြောင်လက်လက်ဖန်သားပြင်နဲ့အတူ Android Oreo ကို Huawei EMUI 8.0 နဲ့ တွဲဖက်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ထွက်ရှိမယ့်ရက်သိရရင် ထပ်မံတင်ဆက်ပေးသွားမှာမို့ စောင့်ကြည့်ဖို့တော့ လိုမယ်နော်။

 

myanmarmobileapp
Myanmar Mobile App Store www.myanmarmobileapp.org