Samsung ရဲ့ အနာဂတ်စမတ်ဖုန်းတွေမှာ ကျောဖက်တွင်ပါ Display ထည့်သွင်းလာနိုင်

0
1906

        နောင်အနာဂတ်တွင် အဆင့်မြင့်စမတ်ဖုန်းအတွက် ဖုန်းမျက်နှာပြင်အရွယ်အစားထပ်မံတိုးမြှင့်ရန် နည်းလမ်းတစ်ခုကတော့ ဖုန်းကျောဖက်တွင်နောက်ထပ်မျက်နှာပြင်တစ်ခု ထည့်သွင်းရန်ပဲဖြစ်ပါတယ်။ အဆိုပါ အရန်ဖုန်းမျက်နှာပြင်တွင် အသုံးပြုသူများအနေနဲ့ ဖုန်းအနေအထားမည်သို့ပင်ဖြစ်နေပါစေ Notification များကို ဖတ်ရှုသိရှိနိုင်မှာဖြစ်ပြီး အဓိကဖုန်းမျက်နှာပြင်ပေါ်တွင် ပြုလုပ်ချက်များကိုလည်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ Samsung မှထိုကဲ့သို့သောစမတ်ဖုန်းအတွက် ဒီဇိုင်းများကိုစဉ်းစားကြံဆလျက်ရှိကြောင်း သိရှိရပါတယ်။

အဆိုပါသတင်းကို ဒတ်ခ်ျဘာသာစကားနှင့်ဘလော့ခ်တစ်ခုဖြစ်သည့် Let’s Go Digital မှ WIPO တွင် ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး Samsung ၏အသစ်တီထွင်ဆန်းသစ်မှုတွေဖြစ်သည့် ခေါက်ထားနိုင်သည့် စမတ်ဖုန်းများနှင့်ဆက်နွယ်သည့် ဆင်တူစာရွက်စာတမ်းများကိုလည်း ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါလျာထား စာရွက်စာတမ်းတွင် ဖုန်းမျက်နှာပြင်နှစ်ခုပါမည့် စမတ်ဖုန်းအတွက် ဖြစ်နိုင်ချေဒီဇိုင်းသုံးခုကို ဖော်ပြထားပါတယ်။

ထိုသို့သောဒီဇိုင်းနည်းစနစ်များကို Apple ၏လျာထားစာရွက်စာတမ်းများတွင်လည်း တွေ့မြင်ခဲ့ဖူးပြီးဖြစ်ပါတယ်။ Apple ၏နည်းစနစ်ကဲ့သို့ပင် အနာဂတ် Samsung Galaxy S သို့မဟုတ် Note မော်ဒယ်များတွင် ထိုကဲ့သို့သောဖုန်းမျက်နှာပြင်နည်းပညာများ ပါဝင်လာခြင်းရှိမည်ဟုတ်မဟုတ် တပ်အပ်ပြောနိုင်ခြင်းမရှိသေးပါဘူး။

ထိုကဲ့သို့ကြံဆချက်မှာဖြစ်နိုင်ခြေရှိပါတယ်။ လက်ရှိအခြေအနေအရ Galaxy S သို့မဟုတ် Note မော်ဒယ်ဖုန်းများကို ဖုန်း၏အခြေခံနေရာများကို မတိုးချဲ့ဘဲ ဖုန်းမျက်နှာပြင်ကို ဆက်လက်တိုးချဲ့ဖို့ရန်မှာ ဖုန်းထိပ်ပိုင်းနှင့် အောက်ခြေကိုဖြတ်လိုက်ရုံသာရှိပါတယ်။ ဖုန်းမျက်နှာပြင်ကို ကျောဖက်တွင်ချဲ့ထွင်လိုက်ခြင်းသည် စမတ်ဖုန်းအသုံးပြုခြင်းအတွက် အထောက်အကူဖြစ်စေမှာပါ။ ဖုန်းကိုင်နေစဉ် ဖုန်းမျက်နှာပြင်ကို လက်မဖြင့်ထိန်းချုပ်နေရာမှ ဖုန်းအနောက်ဖက်မျက်နှာပြင်မှလည်း ထိန်းချုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုဆိုရင် ပိုမိုအဆင်ပြေသွားနိုင်မလား။ ဒါကတော့ သင့်ကိုင်တွယ်အသုံးပြုပုံအပေါ် မူတည်သွားမှာပဲဖြစ်ပါတယ်။

Samsung ကတော့သူ့ရဲ့လျာထားဒီဇိုင်းပုံများတွင် အခြားသောဖြစ်နိုင်ချေများကိုပါ ထည့်သွင်းဆွဲထားပါတယ်။ ဥပမာအနေနဲ့ အနောက်ဖက်ဖုန်းမျက်နှာပြင်တွင် Notification များကိုဖော်ပြမှာဖြစ်ပြီး အသုံးပြုသူများအနေနဲ့ စားပွဲတစ်လုံးပေါ်တွင် ဖုန်းမှောက်လျက်ရှိချိန် ဖုန်းဝင်လာပါက ချက်ချင်းတုံပြန်မှု ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း ဖုန်းကောက်ကိုင်ပြီး ပြန်လည်ဖြေကြားခြင်းသည်လည်း ပင်ပန်းလှသည့် အလုပ်ရယ်တော့မဟုတ်ပါဘူး။

နောင်ကာလများတွင် ဖုန်းအရွယ်အစားအားမတိုးမြှင့်ဘဲ ဖုန်းမျက်နှာပြင်အားတိုးချဲ့မည့် အကောင်းဆုံးနည်းလမ်းဟာ ခေါက်ပိုက်ဆံအိတ်ကဲ့သို့ ကွေးနိုင်သည့်မျက်နှာပြင်မျိုးကိုဖန်တီးနိုင်မည့် နည်းပညာကို ဖန်တီးနိုင်ဖို့ပဲဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်စိတ်ကြိုက် စမတ်ဖုန်းအနေနဲ့ရော Tablet အနေနဲ့ပါ ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သေချာတာတော့ Samsung တွင်ထိုကဲ့သို့သော လျာထားချက်များရှိနေပြီ ဆိုတာပါပ