သိပ်မကြာသေးခင်ကပဲ စမတ်ဖုန်းများအတွက် 512 GB Storage Module များကို ထုတ်လုပ်နိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း Samsung မှကြေငြာခဲ့ပါသေးတယ်။ ထိုကြေငြာချက်သည် Galaxy S9 မိတ်ဆက်ပေးချိန်နဲ့ အချိန်ကိုက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယခုနှစ်အတွင်း Samsung မှ Galaxy S9 ကို 512GB Storage ဖြင့်ထုတ်လုပ်လာနိုင်ဖို့ရှိနေပါတယ်။
ဒီလိုသာအမှန်တကယ်ဖြစ်လာခဲ့ပါက Samsung ဟာ Built-in 512GB Storage နှင့်စမတ်ဖုန်းများကို ထုတ်လုပ်ပေးသည့် ပထမဆုံးသောကုမ္ပဏီတစ်ခုဖြစ်လာမှာပဲဖြစ်ပါတယ်။ ဒီထက်ပိုကောင်းကတော့ Samsung ၏ Galaxy S9+ သည်လည်း ကမ္ဘာပေါ်တွင်ပထမဆုံးသော် 1TB Storage ပါဝင်သည့်စမတ်ဖုန်းဖြစ်လာမှာပဲ ဖြစ်ပါတယ်။
Weibo မှကောလဟာလများအရ Samsung အနေနဲ့ Galaxy S9 နှင့် Galaxy S9+ စမတ်ဖုန်းများတွင် Memory နှင့် Storage ပိုင်းများနှင့်ပတ်သက်ပြီး တစ်ခုခုပြုလုပ်ရန်ရှိနေကြောင်းသိရပါတယ်။ Galaxy S9 တွင် 4GB RAM နှင့် 64GB သို့မဟုတ် 128GB Storage ပါဝင်မည်ဖြစ်ပြီး Galaxy S9+ တွင် 6GB RAM နှင့် 256GB နှင့် 512GB အပို Storage နှစ်ခုပါဝင်လာမည်ဖြစ်ပါတယ်။ သတင်းများအရ ဈေးကွက်၏တောင်းဆိုချက် အခြေအနေအရ 512GB Galaxy S9+ ကိုအချို့သောဈေးကွက်များတွင်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝန်းတွင် တူညီသည့် Storage နှင့်ရရှိသည့် iPhone ထုတ်လုပ်သည့် Apple နှင့်မတူတာဘဲ Samsung ဟာဈေးကွက်အားလုံးအတွက် ပိုမိုများပြားမည့် Built-in Storage နှင့်စမတ်ဖုန်းများကို ထုတ်လုပ်ပေးရန် အသင့်မဖြစ်သေးပါဘူး။ ထို့အပြင် Apple နှင့်မတူညီတာကတော့ Samsung ဖုန်းများတွင် microSD ထောက်ပံ့ပေးထားပြီးဖြစ်သည့်အတွက် Galaxy S နှင့် Note ၀ယ်ယူသူများအနေနဲ့ 400GB နှင့်အထက်ကို တိုးမြှင့်ထည့်သွင်းနိုင်မည့် microSD card များအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
Galaxy S9 Series များတွင်လည်း Samsung အနေနဲ့ microSD ထည့်သွင်းအသုံးပြုခွင့်ကို ဖြုတ်ချပစ်ချင်ပုံမရပါဘူး။ ထို့ကြောင့် တကယ်လို့သာ 512GB Galaxy S9+ သာအမှန်တကယ်ဆိုပါက 1TB နီးပါး Storage ရရှိဖို့ရန်အတွက် 400GB microSD card အသုံးပြုလိုက်ရုံသာလိုတော့ပါတယ်။
ထိုသို့သော Galaxy S9+ ဖုန်းမျိုးအတွက် ငွေပမဏများစွာအသုံးပြုဖို့သာပြင်ထားလိုက်ပါတော့။ 400GB microSD card မှာလည်း တော်ရုံတန်ဖိုးနှင့်ရမှာမဟုတ်တာတော့ ပြောဖို့လိုမယ်မထင်ပါဘူး။ SanDisk ၏ 400GB microSD card သည်အနည်းဆုံး ဒေါ်လာ၃၀၀ထိကျသင့်မှာပဲဖြစ်ပါတယ်။