Apple မှ ကလေးများ စမတ်ဖုန်းစွဲလမ်းမှုကို မိဘများကာကွယ်နိုင်စေဖို့ feature အသစ်မိတ်ဆက်မည်

0
1869

လူငယ်တွေရဲ့ စမတ်ဖုန်းစွဲလမ်းမှုကို ကုမ္ပဏီအနေနဲ့ဘယ်လိုကိုင်တွယ်သွားမလဲဆိုတဲ့ ရှယ်ယာရှင်တစ်ယောက်ရဲ့ အမေးစာတစ်စောင်ကို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

Apple က သူ့ရဲ့ feature အသစ်နဲ့ အဆင့်မြှင့်တင်ထားမှုတွေဟာ မိဘတွေအတွက် iPhone နဲ့ အခြားသော device တွေကို အသုံးပြုနေတဲ့ ကလေးတွေကို ထိန်းချုပ်မှုတွေ ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

The Wall Street Journal နဲ့ အခြားသောသတင်းစာတွေကို Apple က အခုလိုပြောကြားခဲ့ပါတယ်။ “အနာဂတ်အတွက် feature အသစ်တွေနဲ့ အဆင့်မြှင့်တင်မှုတွေ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ tool တွေကို ပိုမိုအားကောင်းလာအောင်လည်း function တွေ ထပ်ထည့်ဖို့ လုပ်ဆောင်ထားပါတယ်။”လူငယ်တွေကြားမှာ မိုဘိုင်းလ်စွဲလမ်းမှုနဲ့ ပတ်သတ်ပြီးတော့ ဖြေရှင်းဖို့အတွက် ကုမ္ပဏီအနေနဲ့ အတော်လေးဖိအားများနေတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကို ဘယ်လိုအသုံးပြုနေသလဲ၊ အသုံးပြုတဲ့ပုံစံက သုံးစွဲသူတွေနဲ့ အခြားသူတွေကို ဘယ်လိုသက်ရောက်သလဲဆိုတာကို အနက်ရှိုင်းဆုံး တွေးထားပါတယ်။ ဒီအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပြီးတော့ ကျွန်တော်တို့သုံးစွဲသူတွေရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီအောင်၊ ကျော်လွန်အောင် လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် ကလေးတွေကို ကာကွယ်ပေးဖို့အတွက် ဖြစ်ပါတယ်။”

မိဘတွေကို app ၊ ၀က်ဘ်ဆိုက်၊ ဇာတ်ကား၊ သီချင်းနဲ့ စာအုပ်တွေကို အတန်အသင့်ထိန်းချုပ်ခွင့်ပေးထားတဲ့ parental controls တွေကို iOS မှာ ထည့်သွင်းထားကြောင်း ထောက်ပြခဲ့ပါတယ်။ အဲဒီ tool တွေဟာ cellular data ၊ password settings နဲ့ အခြားသော feature တွေကို ကန့်သတ်ထားနိုင်မှာ ဖြစ်ပါတယ်။ ကလေးတွေကို ဒေါင်းလုတ်ဆွဲခွင့်ပိတ်ထားတာမျိုး၊ ကန့်သတ်ထားတာ၊ ပိတ်ထားတာမျိုးတွေကို ၂၀၀၈ ခုနှစ်ကတည်းက စတင်လုပ်ဆောင်နိုင်ကြောင်း Apple က ပြောခဲ့ပါတယ်။