၁လ စတန်းဘိုင်ထားလို့ရတဲ့ ဘတ်ထရီအလန်းစားနဲ့ AUSU ZenFone Max Plus (M1)

0
1997

ASUS ဟာ ဒီနှစ်ကို စမတ်ဖုန်းအသစ်နဲ့ စတင်ထွက်လာဖို့ ပြင်ဆင်နေပါတယ်။ ASUS ZenFone 3 Max ကို ၂၀၁၇ မတိုင်ခင်မှာ မြင်ခဲ့ရပြီးတော့ ZenFone Max Plus (M1) ကို အခုမြင်ရတော့မှာ ဖြစ်ပါတယ်။ ZenFone 4 Max ဆိုပြီးတော့ ထွက်မလာပေမယ့် ZenFone Max Plus series စီးရီးတွေကတော့ သူ့ရဲ့ဘတ်ထရီတွေကြောင့် လူသိများလာကြပါတယ်။ M1 ဖုန်းကတော့ 4130mAh ဘတ်ထရီကို အသုံးပြုထားတာမို့ ၂၆ရက်လောက် standby ထားလို့ရပါတယ်။ ၅.၇လက်မ Full View display နဲ့ 16MP ကင်မရာနှစ်လုံးကိုလည်း တွေ့မြင်ရဦးမှာ ဖြစ်ပါတယ်။

အဲဒီဖုန်းမှာ အဆင့်မြင့်စွမ်းအင်စီမံမှုတွေပါဝင်တာကြောင့် ဘတ်ထရီဟာ အတော့ကိုသက်တမ်းကြာမှာ ဖြစ်ပါတယ်။ display မှာ 2160 x 1080 pixel resolution ၊ 2.5D ရှေ့မှန်ဒီဇိုင်း၊ 80% မျက်နှာပြင်ကိုယ်ထည်အချိုးကလည်း ဘောင်ပျောက်နီးပါးပါပဲ။ ZenFone Max Plus အသစ်မှာ ပရီမီယမ်သတ္ထုကိုယ်ထည်ကို အသုံးပြုထားပြီးတော့ အရောင်အနေနဲ့ Azure Silver ၊ Sunlight Gold နဲ့ Deepsea Black တို့ထဲက ရွေးချယ်နိုင်မှာပါ။

ZenFone Max Series ဟာ series အသစ်ဖြစ်ပြီးတော့ M1 ကတော့ ပထမဆုံးမော်ဒယ်လ်တစ်လုံး ဖြစ်ပါတယ်။ ပါးလွှာပေါ့ပါးခြင်းအစား ဘတ်ထရီစွမ်းဆောင်ရည်မြင့် Android ဖုန်းတွေကို ရှာဖွေနေသူတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ မိုဘိုင်းလ်ဓါတ်ပုံရိုက်ကူးခြင်းအပိုင်းမှာလည်း M1 ဟာ 16MP PixelMaster main camera ကို wide f/2.0 aperture lens နဲ့ phase-detection autofocus (PDAF) အပြင် 120° wide-angle၊  f/2.0 selfie ကင်မရာကို အသုံးပြုထားတာကြောင့် နောက်ကျကျန်မနေခဲ့ပါဘူး။