ရှေးရှေးတုန်းက အသုံးပြုခဲ့သော စပိုင်gadget များ

0
1975

ကျွန်တော်တို့ Bond နဲ့ Kingsman ဇာတ်ကားတွေကို ကြိုက်ကြပါတယ်။ သူတို့အတွက် ဆန်းပြားတဲ့ပစ္စည်းတွေ ထုတ်ပေးနေတာကို ကြည့်ရတာလည်း ကြိုက်တဲ့အထဲက တစ်ခုအပါဝင်ဖြစ်ပါတယ်။ ဒါပေမယ့် စပိုင်နဲ့ လျှို့ဝှက်အေးဂျင့်တွေက လက်တွေ့မှာ တကယ်ရှိပါတယ်။ Washington DC  မှာဆိုရင်တော့ ကျွန်တော်တို့ဟာ International Spy Museum မှာ ကြည့်နိုင်ပါတယ်။ လျှို့ဝှက်ဝန်ဆောင်မှုတွေအတွက် ထုတ်ပေးထားတဲ့ပစ္စည်းတွေကို တစ်နေရာတည်းမှာ အများကြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်အေးကာလအတွင်းမှာ စပိုင်တွေအသုံပြုခဲ့တဲ့ ပုံမှန်မဟုတ်တဲ့ gadget တွေကို တင်ပြ ပေးလိုက်ပါတယ်။

သေနတ်လက်
ဒီလက်လေးမှာ ပစ္စတိုကနေ ပစ်နိုင်ဖို့အတွက် တည်ဆောက်ထားတာပါ။ ရန်သူကို ချိန်ပြီးတော့ လက်လေးပုတ်လိုက်ပါ။ ကိစ္စတုံးပါလိမ့်မယ်။ ဒီပစ္စည်းကိုတော့ ဂျာမနီက Oberhausen မှာရှိတဲ့ spy museum မှာ ကြည့်နိုင်ပါတယ်။

သစ်ငုတ်တိုယောင်ဆောင်နေတဲ့နား

တကယ်တော့ သစ်ငုတ်တိုတစ်ခု မဟုတ်ပါဘူး။ CIA အတွက် ရေဒီယိုလှိုင်းတွေကို နားထောင်ပေးနိုင်တဲ့ ပစ္စည်းတစ်ခုပါ။ US intelligence agency  ကနေပြီးတော့ ၁၉၇၀ခုနှစ်တွေမှာ မော်စကိုက suburbs မှာ တပ်ဆင်ခဲ့ပါတယ်။ သူဟာ ဆိုလာပြားတွေနဲ့ အလုပ်လုပ်ပါတယ်။ အဆုံးမှာတော့ KGB က တွေ့ရှိသွားပြီးတော့ ဓါတ်ပြယ်အောင် လုပ်ဆောင်ခဲ့ပါတယ်။

Dragonfly insectothopter

CIA gadget တစ်ခုဖြစ်တဲ့ dragonfly insectothopter ကတော့ ကင်မရာတပ်ဆင်ထားတဲ့ ပစ္စည်းတစ်ခုပါ။ ၁၉၇၀ခုနှစ်မှာ အရမ်းကောင်းတဲ့အရာတစ်ခု ဖြစ်ပါတယ်။ CIA ဟာ ချောင်းနားထောင်တဲ့ ပစ္စည်းတစ်ခုအနေနဲက အသုံးပြုဖို့ စိတ်ကူးထားခဲ့ပါတယ်။ အဲဒီပစ္စည်းလေးဆီက အချက်ပြစနစ်တွေဟာ လေဆာရောင်ခြည်တွေကနေပြီးတော့ လွှင့်ပေးနေတာ ဖြစ်ပါတယ်။ သူ့ကိုတော့ ပရော်ဖက်ရှင်နယ် စောင်ကြည့်သူတွေ အသုံးပြုခဲ့ပါတယ်။

CIA fashion

CIA က ဖန်တီးထားတဲ့ အမျိုးသမီး လျှို့ဝှက်အေးဂျင့်တွေအတွက် ၀တ်စုံဖြစ်ပါတယ်။ လှတယ်လို့ ထင်ရတယ်မလား။ ပြီးတော့ ဓါတ်ပုံရိုက်နိုင်သလို၊ အသံလည်းဖမ်းနိုင်ပါတယ်။ အားလုံးပြည့်စုံပါတယ်။

နှုတ်ခမ်းနီ ပစ္စတို

KGB ရဲ့ အမျိုးသမီးအေးဂျင့်တွေအတွက် နောက်ထပ်ပစ္စည်းတစ်ခုပါပဲ။ 4.5 mm သေနတ်ပါဝင်တဲ့ နှုတ်ခမ်းနီတောင့်လေးပါ။

ပေါက်ကွဲနိုင်တဲ့ စစ်သားအသုံးအဆောင်

ဒီရေဘူးလေးကတော့ ပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေ ပါဝင်ပြီးတော့ US Army intelligence က ၁၉၄၂ နဲ့ ၁၉၄၅ခုနှစ်တွေမှာ အသုံးပြုခဲ့ပါတယ်။

KGB ရဲ့ အင်္ကျီလက်ကြယ်သီး

ဒီပစ္စည်းလေးတွေကိုတော့ KGB က ပြုလုပ်ခဲ့တာပါ။ အတွင်းမှာ လျှို့ဝှက်ပစ္စည်းတွေအတွက် နေရာလေး ပါဝင်ပါတယ်။ မိုက်ပါတယ်။

03.tif

အဆိပ်ပါတဲ့ နေကာ

ဒီနေရာမျက်မှန်တွေကတော့ အဆိပ်လုံးလေးတွေ ပါဝင်ပါတယ်။ ထိပ်တန်းလျှို့ဝှက်သတင်းတွေကို သယ်ဆောင်တဲ့အခါ အသုံးပြုလေ့ရှိပါတယ်။

စပိုင်ဖိနပ်

KGB က ဖန်တီးထားတဲ့ စတိုင်လ်ကျတဲ့ ဖိနပ်လေးကို ကြည့်လိုက်ပါဦး သူ့မှာ စကားပြောမှုတွေကို ဖမ်းယူနိုင်ခြင်း၊ စောင့်ကြည့်နိုင်ခြင်းတွေအတွက် transmitter တွေ ပါဝင်ပါတယ်။ အဲဒီ boot ကိုတော့ Socialist Republic of Romania ရဲ့ State Security Department မှာ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်များဆီက အမေရိကန် သံတမန်တွေကို စောင့်ကြည့်ဖို့ အသုံးပြုခဲ့ပါတယ်။ များသောအားဖြင့် သံတမန်တွေဟာ နိုင်ငံခြားက ဖိနပ်တွေကို အော်ဒါမှာလေ့ရှိတာမို့ ကြားဖြတ်ပြီးတော့ ထည့်သွင်းလိုက်ကြပါတယ်။ သူတို့ရဲ့ ရုံးခန်းထဲမှာ ၀င်ရောက်ရှာဖွေတဲ့အချိန်မှာလည်း မတွေ့ကြပါဘူး အကြောင်းရင်းကတော့ သူတို့ကိုယ်မှာ ရှိနေလို့ပါ။ ဥာဏ်များချက်။

လက်အိတ်ပစ္စတို

ဒီလက်အိတ်တွေကတော့ Naval Intelligence Office က စစ်အေးကာလအတွင်းမှာ အသုံးပြုခဲ့တာပါ။ ရန်သူတွေဆီကနေ ကာကွယ်ဖို့အတွက် လက်အိတ်အရှည်ကို အသုံးပြုခဲ့ပါတယ်။ သူဟာ လက်သီးဆုပ်လိုက်တာနဲ့ activate ဖြစ်သွားပါပြီ။ အတော်လေး မိုက်ပါတယ်။

Bulgarian umbrella

လုပ်ကြံသတ်ဖြတ်သူတွေအတွက် ပစ်သတ်နိုင်တဲ့ထီး ဖြစ်ပါတယ်။ သူ့ကိုလည်း သေနတ်အစား သေစေနိုင်တဲ့ အဆိပ်တွေပါဝင်တဲ့လက်နက်အဖြစ် KGB က ပြုပြင်ထားပါတယ်။ သူ့ကိုတော့ Bulgarian dissident နဲ့ စာရေးဆရာ Georgi Markov တို့အတွက် အသုံးပြုခဲ့ပါတယ်။ စာရေးဆရာကတော့ ၁၉၇၈ လန်ဒန်မှာ အသတ်ခံရပါတယ်။ Markov ဟာ ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေတုန်း ညှို့သကျည်းမှာ အောင့်ခနဲဖြစ်သွားပါတယ်။ လှည့်ကြည့်လိုက်တော့ ထီးနဲ့လူတစ်ယောက်ကို မြင်ရပါတယ်။ ထီးပိုင်ရှင်က တောင်းပန်ပြီးတော့ ဘယ်ပျောက်လို့ ပျောက်သွားမှန်း မသိပါဘူး။ နောက်သုံးနှစ်အကြာမှာတော့ Georgi က သေသွားပါတယ်။ သူမသေခင်မှာ ထီးအကြောင်း အနည်းငယ်ပြောခဲ့ပါတယ်။ သေးငယ်တဲ့ သတ္ထုတောင့်လေးကို သူ့ရဲ့ ခြေသလုံးနားမှာ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

Microdots အတွက် ဖုံးထားပေးမယ့်လက်စွပ်

Microdots ကတော့ မက်ဆေ့ခ်ျ ဒါမှမဟုတ် လျှို့ဝှက်စာတမ်းကို ပြသထားတဲ့ ဓါတ်ပုံအသေးလေး ဖြစ်ပါတယ်။ လက်စွပ်ကို KGB က ပြုလုပ်ခဲ့ပြီးတော့ ဓါတ်ပုံတွေ ထည့်ဖို့နေရာလေးလည်း ပါဝင်ပါတယ်။

ဖောင်တိန်ကင်မရာ

CIA က ဒီဇိုင်းထုတ်ခဲ့တာပါ။ အဲဒီကင်မရာလေးက အရာအားလုံးကို မှတ်တမ်းတင်ပေးနိုင်ပါတယ်။ နောက်ပြီးတော့ စီးကရက်မီးခြစ်နဲ့ ကီးချိန်းကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ ဒီဖောင်တိန်ကို စာရွက်စာတမ်းတွေဖတ်ရှုခွင့်ရှိသူတွေအတွက်ကို ဒီဇိုင်းဆင်ထားတာပါ။ တကယ်လို့ ဖတ်ရှုခွင့်မရှိသူပါလာမယ်ဆိုရင်တော့ ဖောင်တိန်ထဲမှာ အဆိပ်တောင့်လေးတွေ ပါဝင်ပါတယ်။

လက်ပတ်နာရီကင်မရာ

ဂျာမန်လက်ပတ်နာရီလေးကတော့ အေးဂျင့်တွေကို အချိန်ကြည့်သလိုလိုနဲ့ ဓါတ်ပုံရိုက်ခွင့်ပေးထားပါတယ်။ သူ့ကိုတော့ ၁၉၄၉မှာ Steineck company က လုပ်ခဲ့ပါတယ်။ သာမန်ရုပ်ပုံတွေအစား တစ်လက်မလောက်ရှိတဲ့ photosensitive disk ထဲမှာ သိမ်းပေးထားပါတယ်။ စတိုးဆိုင်တွေမှာ ကူးလို့မရပါဘူး။ သင်ကိုယ်တိုင်ပဲုလုပ်ရမှာပါ။ ဒါကတော့ အားနည်းချက်ပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ spy gadget တွေပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အသုံးပြုနေတဲ့ ပစ္စည်းတွေကရော ဘယ်လိုမျိုးတွေဖြစ်မလဲ။ ဟုတ်ကဲ့ နောက်အနှစ်၂၀ကြာရင် ပြန်လာခဲ့ပါမယ်။ အခုတော့ အခုဖော်ပြသွားတဲ့အထဲမှာ သင့်အကြိုက်ဆုံး spy gadget လေးက ဘယ်ဟာဖြစ်မလဲ။