မျက်နှာပြင်အောက်က လက်ဗွေရာစနစ်ကို ပြသလိုက်တဲ့ Vivo ဖုန်း

0
1936

fingerprint scanner ကို ဖုန်းမျက်နှာပြင်အောက်မှာ မြှုပ်ထားတဲ့နည်းပညာကို အသုံးပြုထားတဲ့ ပထမဆုံးဖုန်းကတော့ အတော်လေးမိုက်နေမယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။ ဒီနည်းပညာကတော့ iPhone နဲ့ Samsung ဖုန်းတွေမှာ ပါဝင်နိုင်တယ်လို့ သတင်းတွေထွက်နေတာပါ။

home button မပါဝင်တော့သလို အနောက်ဘက်မှုာလည်း နေရာမယူတော့တာမို့ နေရာတွေ အတော်လေး ထွက်လာမှာပါ။ home button ရှိလောက်တဲ့နေရာမှာ လက်ညှိုးကိုထားလိုက်ပြီး ဖိလိုက်တာပါတယ်။ ကျွန်တော့ရဲ့ digit ကို မျက်နှာပြင်က စာရင်းသွင်းလိုက်ပြီးတော့ အပြာရောင်ကွန်ရက်ပုံလေး ထွက်လာတာကို မြင်ရမှာပါ။ ကျွန်တော် ဖုန်းအတွင်းကို ရောက်ရှိသွားပါပြီ။

ရိုးရိုးလေးပါပဲ။ home button ဟာ လိုအပ်တဲ့အချိန်မှာ ပေါ်လာပြီးတော့ အသုံးပြုပြီးရင် ပျောက်သွားမှာပါ။ မျက်နှာပြင်အောက်က fingerprint sensor တွေဟာ ၂၀၁၈ ရဲ့ ရေစီးကြောင်းတစ်ခု ဖြစ်လာမယ်ဆိုတာ Bitcoin တွေအများကြီးလောင်းကြေးထပ်ပြီး ပြောရဲပါတယ်။ Samsung Galaxy S9 တို့လို high-end device တွေနဲ့ စတင်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်တော်ကိုင်ထားတဲ့ဖုန်းကတော့ Galaxy S9 မဟုတ်ပါဘူး။ တရုတ်ထုတ် Vivo တစ်လုံး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ တရားဝင်သတ်မှတ်ထားတဲ့ နာမည်၊ ဈေးနှုန်း၊ ရောင်းချမယ့်ရက် တစ်ခုမှ မရှိသေးပါဘူး။

သိချင်နေတဲ့သူတွေအတွက်ကတော့ ဒါဟာ နည်းပညာကို သတင်းပေးတာပါ။ တကယ်ရှိပြီးတော့ အသုံးပြုနိုင်တယ်ဆိုတာကို သိစေချင်တာပါ။ စစချင်းတုန်းကတော့ Galaxy S8 နဲ့ iPhone X အတွက်လို့ သတင်းထွက်ခဲ့ပေမယ့် အခုအချိန်ထိ ပေါ်မလာလို့ မေ့နေမှာစိုးတာရယ်၊ အမှန်တကယ်ဆိုတာကို ချပြခြင်းပါ။

မျက်နှာပြင်အောက် fingerprint က ဘယ်လိုအလုပ်လုပ်သလဲ

fingerprint sensor ကိုတော့ Synaptics က ပြုလုပ်တာဖြစ်ပြီး ၆လက်မ OLED display အောက်မှာ ထားထားခြင်း ဖြစ်ပါတယ်။ ပုံထဲမှာလည်း မြင်နိုင်ပါတယ်။

သင့်ရဲ့လက်က အတိအကျထိလိုက်ပြီဆိုတာနဲ့ sensor ဟာ သင့်ရဲ့လက်ကိုပဲ display ကို လင်းလာစေခိုင်းပါတယ်။ သင့်ရဲ့လက်ဗွေရာဟာ မျက်နှာပြင်အောက်မှာရှိတဲ့ optical image sensor ကို အလုပ်လုပ်ခိုင်းပါတယ်။

AI ပရိုဆက်ဆာကတစ်ဆင့် လုပ်ဆောင်တာဖြစ်လို့ သင့် digit ရဲ့ မတူညီရဲ့လက္ခဏာ၃၀၀ လောက်ကိုလည်း သိရှိစေနိုင်ပါတယ်။ ဒီနေ့ခေတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ နည်းပညာနဲ့တော့ ကွဲပြားခြားနားနေပါတယ်။

Synaptics ဟာ Vivo တွေရဲ့ အနောက်ဘက်မှာ ရှုပနေတဲ့ fingerprint reader ကို ဖြုတ်ချလိုက်ပြီး သင့်ရဲ့လက်ကို ဖတ်တဲ့အခါမှာလည်း ဘတ်ထရီအတွက် စိတ်ပူစရာမလိုအပ်အောင် လုပ်ငန်းသုံးစံနှုန်းတွေနဲ့ ချိန်ညှိပြီးတော့ စွမ်းအင်စီမံခြင်းတွေကိုလည်း ပြုလုပ်ထားကြောင်း သိရပါတယ်။

ဒီနည်းပညာရဲ့ကုန်ကျစရိတ်က ကြီးမြင့်တာကြောင့် ပရီမီယမ်တွေမှာသာ အသုံးပြုနိုင်ဦးမှာဖြစ်ပြီးတော့ များများစားစားထုတ်လုပ်ဖို့၊ ဈေးသက်သာစွာနဲ့ ရနိုင်ဖို့တွေကတော့ အခွင့်အလမ်းနည်းနေပါပြီ။

Vivo ကတော့ ဒီနည်းပညာကို လက်တွေ့မှာချပြလိုက်တဲ့ ပထမဆုံးဖုန်းတစ်လုံးဖြစ်လာပါတယ်။ ဒါပေမယ့် သတိပြုရမယ့်အချက်တစ်ခုကတော့ ဒါဟာ အစပဲ ရှိပါသေးတယ်။