iPhone နဲ့ တထေရာတည်းတူတဲ့ Anroid စနစ်သုံး Doogee V

0
750

iPhone X ဆိုတာကတော့ ပစ္စည်းကောင်းတစ်ခုပါ။ ဒါပေမယ့် လူတိုင်းအတွက် မဟုတ်ပါဘူး။ Apple ဟာ သူ့ရဲ့နောက်ဆုံးထွက် iPhone ကို အတော်လေးဈေးများအောင် လုပ်ထားလို့ လူအချို့က iOS ဆိုတာတောင် ဂရုမစိုက်အားတော့ပါဘူး။ Android စနစ်သုံး iPhone X လာနေပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးပါရစေ။ Doogee ရဲ့ V ဆိုတာကတော့ ကျွန်တော်တို့ မကြားဖူးသေးတဲ့ iPhone X ဒီဇိုင်းနဲ့ Android အသုံးပြုထားတဲ့ ဖုန်း ဖြစ်ပါတယ်။

iPhone X ကို ရှုထောင့်ပေါင်းစုံကနေ ကော်ပီယူထားခြင်းဖြစ်တယ်လို့ မိုဘိုင်းလ်သတင်းထောက် Evan Blass ကဆိုပါတယ်။

iPhone X နဲ့ တူတယ်မလား။ Doogee ဟာ Apple နဲ့တူအောင် edge-to-edge display ကို ဖန်တီးထားပြီး ထိပ်ဖျားမှာလည်း အဟိုက်လေး ပါဝင်ထားပါသေးတယ်။ အရှေ့ကင်မရာ၊ နားကြပ်နဲ့ ambient light sensor တို့ကိုလည်း တွေ့မြင်နိုင်ပါသေးတယ်။ iPhone X ရဲ့ TrueDepth နည်းပညာကတော့ ကူးလို့မရပါဘူး။ ဒါပေမယ့် Display အောက်က fingerprint scanner ပါဝင်တာမို့ ၂၀၁၈ နှစ်လည်လောက်အထိ ထွက်မလာနိုင်တာ သေချာသွားပါတယ်။

အချက်အလက်အများစုကတော့ မသိရသေးပါဘူး။ ဒါပေမယ့် Blass ကတော့ ၆.၂လက်မ ရှိမယ်လို့ ပြောထားပါတယ်။

အဲဒီဖုန်းမှာ Samsung ရဲ့ ၂၀၁၈ flagship မှာ လိုချင်တဲ့ ဒီဇိုင်းတွေကို တွေ့မြင်ရနိုင်ပါတယ်။ Doogee ဟာ Galaxy S9 ကို ကော်ပီကူးထားတာမျိုး ဖြစ်လာနိုင်ပါတယ်။ V ရဲ့ ဒီဇိုင်းကိုတော့ တောင်ကိုရီးယား ကုမ္ပဏီဆီကနေ ပြန်လည်တပ်ဆင်မှာဖြစ်ပြီးတော့ ကင်မရာနှစ်လုံးတပ်ဆင်မှုကိုလည်း Galaxy S9+ လိုမျိုး ဖြစ်နိုင်ပါတယ်။

Doogee ကတော့ V ကို တစ်ကမ္ဘာလုံး မဖြန့်နိုင်လောက်ပါဘူး။ ဒါပေမယ့် လူသိပ်မသိသေးတဲ့ ထုတ်ကုန်ကို စောင့်ကြည့်ရတာလည်း ပျော်စရာတစ်ခုပါပဲ။ V ရဲ့ ပေါက်ကြားလာတဲ့ပုံတွေလည်း မကြာသေးခင်ကမှ ထွက်ရှိလာခဲ့ပါသေးတယ်။