Huawei Honor ရဲ့ ပထမဆုံးသော AI အခြေပြု စမတ်ဖုန်း

0
2062

 

        ယနေ့ည CES မှာပဲတရုတ်ဖုန်းကုမ္ပဏီကြီး Huawei ၏အမှတ်တံဆိပ်ခွဲ Honor မှ Honor View 10 ဖုန်းသစ်ကို ကြေငြာပေးခဲ့ပြီး ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် စပိန်တို့တွင် ဇန်န၀ါရီလ၈ရက်နေ့မှာစတင်ကာ နိုင်ငံတကာတွင်ရောင်းချပေးသွားတော့မှာပဲ ဖြစ်ပါတယ်။ အသေးစိပ်ကိုတော့မသိရသေးပါဘူး။

View 10 ဟာ တရုတ်တွင်ထုတ်လုပ်ရောင်းချခဲ့သည့် Honor V10 ၏ Global Version ပဲဖြစ်ပါတယ်။ ဒါဟာ Honor ရဲ့ Androd 8.0 Oreo နှင့်ထုတ်လုပ်သည့် ပထမဆုံးဖုန်းဖြစ်ပြီး Huawei ၏ Kirin 970 Processor တပ်ဆင်ထားပါတယ်။  ထို့အပြင် 6GB RAM ၊ 128GB Storage နှင့် ၅.၈၈လက်မမျက်နှာပြင်အကျယ်ကို 2160×1080 resolution ဖြင့်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Full Honor View 10 Preview

        Honor မှ Honor7X ကိုလည်း အနီရောင်ဖြင့် Limited Edition ထွက်ရှိဦးမှာဖြစ်ကြောင်းသိရပါတယ်။ ဖုန်းအလုံးရေ ၂၀၀၀၀သာ ရောင်းချသွားမှာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ အိန္ဒိယနှင့် အနောက်ဥရောပနိုင်ငံများတွင် ၀ယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုစီတွင်း အဆိုပါအနီရောင်ဖုန်းမော်ဒယ်ကို ပထမဆုံးဝယ်ယူသူ ၁၀၀ဦးကို Honor-Monster AM15 Headphone များကို အထူးလက်ဆောင်အနေနဲ့ ပေးအပ်သွားဦးမှာပါ။

Honor မှ Consumer Electronics Show ပွဲအကြိုတွင် AI နည်းပညာအခြေပြု Honor View10 ကိုနိုင်ငံတကာဈေးကွက်တွင်း ဇန်န၀ါရီ ၈ရက်မှ စတင်ဖြန့်ချီတော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ၂၀၁၇ခုနှစ်အတွင်း Honor ဟာတရုတ်နိုင်ငံတွင် နံပါတ်တစ်အရောင်းရဆုံးသော စမတ်ဖုန်းဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတွင်လည်း ရောင်းချရနှုန်းသိသိသာသာ မြှင့်တက်လာပါသေးတယ်။

သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်စွာသုံးစွဲနိုင်စေရန် Honor မှ Microsoft ၊ Monster နှင့် Snapchat ကဲ့သို့သောကုမ္ပဏီများနှင့် တွဲဖက်လုပ်ဆောင်နေပြီး သူ့ရဲ့စမတ်ဖုန်းများအတွက် ၀န်ဆောင်မှုများ၊ application များကိုအကောင်းဆုံးဖြစ်ရန် ဆောင်ရွက်နေပါတယ်။

Honor View 10: ခေတ်သစ် AI နည်းပညာနှင့် ကမ္ဘာတစ်ဝန်းမှအသုံးပြုသူများအတွက် အကောင်းဆုံး Performance

        ကမ္ဘာတစ်ဝန်းလုံးမှ အသုံးပြုသူများအတွက် AI နည်းပညာဖြင့်ထုတ်လုပ်ပေးခဲ့ပြီး Honor ဟာ AI feature များ၊ Performance များကိုထောက်ပံ့ပေးနိုင်ရန် Neural-Network Processing (NPU) နှင့်ဖုန်းကို ပထမဆုံး ထုတ်လုပ်လိုက်ခြင်းပဲဖြစ်ပါတယ်။ NPU အပြင်၊ Kirin 970 chipset ကလည်း Honor View10 ကို ၂၅ဆပိုမို လုပ်ဆောင်မှုစွမ်းရည်ကောင်းမွန်လာစေပြီး အဆ၅၀ efficiency တက်လာပါတယ်။

Honor View 10 အတွက် Honor မှ Microsoft Translator ကိုအကောင်းဆုံးပြုလုပ်နိုင်စေရန် Microsoft နှင့်ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ AI နည်းပညာသုံး Translator Software သည့် အင်တာနက်မလိုဘဲ အဆက်မပြတ်ဘာသာပြန်ပေးနိုင်မှာပဲဖြစ်ပါတယ်။ အသစ်ထုတ်လုပ်ထားသည့် Kirin ၏စွမ်းအားမြှင့် NPU ဖြင့် ဘာသာပြန်ရာတွင် အခြားသောစမတ်ဖုန်းများထက် ၅၀၀ရာခိုင်နှုန်းပိုမိုမြန်ဆန်စေမှာပါ။

အဆိုပါဖုန်းကိုစတင်မိတ်ဆက်ပေးပြီး တရုတ်နိုင်ငံ၏ “Double 12” ဈေးရောင်းပွဲတော်တွင် Honor View 10 ဒေါ်လာ၄၆၀ဖြင့် ထိပ်တန်းအရောင်းရဆုံးသော စမတ်ဖုန်းဖြစ်လာခဲ့ပါတယ်။ အိန္ဒိယနှင့် အနောက်ဥပရောနိုင်ငံများတွင်တော့ ဇန်န၀ါရီလ ၈ရက်နေ့မှစတင်ကာ ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းကို မလေးရှားနှင့် ရုရှားတို့တွင်လည်းယခုလနှောင်းပိုင်းတွင် ရောင်းချပေးသွားဦးမှာပါ။

Honor 7X : ပြိုင်ဖက်ကင်းဈေးနှုန်းသင့်ကာ Performaceမြှင့်မားမှုကြောင့် မျက်စိကျစရာဖြစ်လာသည့်စမတ်ဖုန်း

        Honor FullView Display အသုံးပြုသည့် ပထမဆုံးသောစမတ်ဖုန်းသည့်အတွက် 18:9 အချိုးမျက်နှာပြင်နှင့် Honor 7X ဟာစိတ်လှုပ်ရှားဖွယ် အတွေ့အကြုံကိုခံစားရစေမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ဂိမ်းကစားသူများအတွက်ပါ။ အဆိုပါ စမတ်ဖုန်းကို Efficiency ၂ဆမြှင့်တင်ထားပြီး Screen Split Function လည်းပါဝင်ပါသေးတယ်။ Dual-Lens နှင့် 16MP+2MP အနောက်ကင်မရာနှင့် f/0.95 မှ f/16 ကြားရှိကာ Phase Detection Auto Foucs( PDAF) ပါဝင်သည့်အတွက် ပရောဖက်ရှင်နယ်ဓာတ်ပုံအရည်အသွေးကိုရိုက်ကူးရရှိစေမှာပါ။ ပြင်သစ်၊ ဂျာမနီ၊ စပိန်နှင့် အိန္ဒိယတို့မှ ၀ယ်ယူသုံးစွဲသူများကတော့ မှတ်ချက်ကောင်းများပေးထားလျက်ရှိပါတယ်။ အနက်၊ အပြာရောင်၊ ရွှေရောင်တို့အပြင် Limited Edition Honor 7X အနီရောင်အဖြစ်ထွက်ရှိလာပြီး ဖုန်းအလုံးရေ ၂၀၀၀၀ကိုသာ အမေရိကန်နိုင်ငံ၊ ရုရှား၊ အိန္ဒိယနှင့် အနောက်ဥရောပနိုင်ငံများဖြစ်သည့် ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ နှင့် စပိန်တို့တွင် Valentine’s Day အတွက်ရောင်းချပေးသွားမှာဖြစ်ပါတယ်။