CES 2018 ပွဲအတွက် လျှပ်စစ် Niro နည်းစနစ်ပြင်ဆင်ထားသည့် Kia

0
1900

 

        Hyundia တွင် မတူညီသည့် လျှပ်စစ်စွမ်းအင်သုံးထိန်းချုပ်သည့်နည်းစနစ်သုံးခုထောက်ပံ့ပေးသည့် Loniq ရှိပြီး သူ့ရဲ့မိတ်ဖက်ကုမ္ပဏီဖြစ်သည့် Kia တွင်လည်း ထိုကဲ့သို့ပင် Niro နည်းစနစ်ရှိနေပါတယ်။ သို့သော် မကြာမှီရောက်ရှိလာတော့မည့် CES ပွဲ၏ကျေးဇူးနှင့် ထိုနည်းစနစ်နှစ်ခုပို နှိုင်းယှဉ်တွေ့မြင်ရတော့မှာပဲ ဖြစ်ပါတယ်။

လာမည့်အပတ်အတွင်း Las Vegas တွင်ကျင်းပမည့် 2018 CES ပြပွဲတွင် Kia မှ Niro EV နည်းစနစ်ကို ချပြသွားမှာပဲဖြစ်ပါတယ်။ ဒါဟာလက်ရှိတွင် လျာထားအိုင်ဒီယာအဆင့်တွင်သာရှိသော်လည်း Kia ကတော့ ဒါဟာအနာဂတ် မော်တော်ကားများနှင့် နည်းပညာဗျူဟာများအတွက် ရှေ့ပြေးဖြစ်တယ်လို့ ကတိပေးထားပါတယ်။ ဒါကြောင့် ဒီနည်းစနစ်ဟာ မဝေးတော့သည့်အနာဂတ်အတွင်း Niro အပြင် အခြားသောအဆင့်မြှင့်တင် တီထွင်ဖန်တီးမှုများနှင့်အတူ ကုန်ပစ္စည်းထုတ်လုပ်လာနိုင်သည်အထိ ရောက်ရှိလာနိုင်တော့မှာပဲဖြစ်ပါတယ်။

လက်ရှိအချိန်တွင် Niro EV နည်းစနစ်ဟာ လျှပ်စစ်စွမ်းအင်သုံးအနေနဲ့သာဖြစ်တယ်လို့ Kia ကပြောကြားခဲ့ပါတယ်။ နမူနာဗီဒီယိုအရ ကားရှေ့မီးသီးများဟာ Kia ကခေါ်ဆိုသည့် “Motion Graphic Lightnig System” ကဲ့သို့သော မီးခွက်ပုံစံရှိနေပါတယ်။

CES တွင် Kia ပြသသွားမည်မှာ ယခုနည်းစနစ်တစ်ခုတည်းသာမဟုတ်ပါဘူး။ အဆိုပါကားကုမ္ပဏီအနေနဲ့ ကားခေါင်းခန်းစတိုင် သုံးမျိုးအတွက် နည်းစနစ်အိုင်ဒီယာများကိုလည်း မကြာမှီအတွင်း ဈေးကွက်တွင်ရောက်ရှိလာမည့် အခြားသောနည်းစနစ်များနှင့်အတူ သူ့ရဲ့ပြခန်းတွင်ချပြသွားဖို့ရှိနေပါတယ်။ ဒါရိုက်ဘာအထောက်အကူပြုနည်းစနစ်များအပြင် လက်ရှိCloud-based အချက်အလက်များကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်စေမည့် 5G In-car Connection များနှင့်အတူ Human-Machine Interface များစွာကိုလည်း ဖော်ပြသွားမှာဖြစ်ပါတယ်။

CES တွင်အခြားသောနည်းပညာကုမ္ပဏီများနှင့် ကားကုမ္ပဏီများမှချပြမည့် 5G နည်းပညာများကို နေရာအနှံ့တွင်တွေ့မြင်ကြရမှာပါ။ ကားကုမ္ပဏီများနှင့် နည်းပညာကုမ္ပဏီများမှ ချပြမည့် အရာအားလုံးနှင့် Kia ပြခန်းကို ကွင်းဆင်းစစ်ဆေးသွားမှာဖြစ်သည့်အတွက် CES ပြပွဲကြီးဟာ တကယ့်ကိုကြီးကျယ်သည့် နည်းပညာကုန်စည်ပြပွဲကြီးပဲဖြစ်မှာပါ။