CES 2018 တွင် မြင်တွေ့ရမည့် TV နည်းပညာ ၅ခု

0
1917

        ယခုနှစ် CES ပြပွဲကြီးတွင် အံ့သြဖွယ် TV နည်းပညာသစ်များစွာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ယခုဖော်ပြမည့် နည်းပညာများကတော့ ပါဝင်မည့်အခြေအနေရှိမရှိမသေချာပါဘူး။

ယခုနှစ် CES နည်းပညာကုန်စည်ပြပွဲကြီးလည်း မကြာမှီတွင်စတင်တော့မှာပဲဖြစ်ပါတယ်။ ဒါဟာ အီလက်ထရောနစ်လောကတွင်းနာမည်ကြီးကုမ္ပဏီများအနေနဲက ၂၀၁၈ခုနှစ်အတွက်သူတို့ရဲ့ ထုတ်ကုန်သစ်များကို ချပြသွားမည့်အချိန်ကာလပဲဖြစ်ပါတယ်။ ပိုမိုကြီးမားသည့် TV များ၊ Bluetooth Speaker များ၊ Headphone များ၊ ကင်မရာများနှင့် အံ့သြဖွယ်အပြည့်နှင့် လူ့အသုံးအဆောင်အီလက်ထရောနစ်ပစ္စည်းများကိုတွေ့မြင်ရမှာပါ။

ကျွန်ုပ်တို့ သတင်းများတွင်တွေ့မြင်နေရသည့်၊ ကျွန်ုပ်တို့အိမ်တွင်ရှိစေနေစေချင်သည့် အရာများအတွက်တော့ အဆိုပါကုမ္ပဏီကြီးများမှ စွန့်စားချပြခြင်းဆိုသည်မှာ ရှားပါးပါတယ်။ ဆိုလိုသည်မှာ OLED နည်းပညာကိုလိုချင်ခဲ့ကြသည်မှာ နှစ်အတော်ကြပြီဖြစ်သော်လည်း မိမိတတ်နိုင်သောဈေးနှုန်းနှင့်ရရှိသည်မှာ ၂နှစ်ခန့်ပဲရှိပါသေးတယ်။

ထို့ကြောင့် ယခုဖော်ပြမည့် တီဗီနည်းပညာများဟာ CES ပြပွဲတွင်သေချာပေါက်နီးပါး မတွေ့မြင်ရနိုင်မည့် နည်းပညာစာရင်းဖြစ်ပါတယ်။ တကယ်လို့တွေ့မြင်ခွင့်ရလျင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

Direct-view Quantum Dot (QLED နည်းပညာအစစ်အမှန်)

        Quantum Dot များဟာ တီဗီများကိုယခင်ကထက်အရောင်အသွေးပိုမိုစုံလင်စေပါတယ်။ ကံမကောင်းစွာပဲ လက်ရှိ Quantum Dot များကိုအသုံးပြုခြင်းများအရ (ဥပမာ- Samsung ၏ QLED TVများ) အဆိုပါ အစက်( Dots) လေးများဟာ Standard LED LCD နည်းပညာ၏ အထောက်အကူပြုသဘောမျိုးသာရှိနေပါသေးတယ်။

CES ပြပွဲတွင် Direct-View Quantum Dot Display ကိုတွေ့မြင်ရပါကအလွန်စိတ်လှုပ်ရှားဖွယ်ကောင်းမှာပါ။ ထိုသို့သောတီဗီတစ်လုံးတွင် Quantum Dots များဟာအလင်းအားလုံးများကို ဖန်တီးပေးမှာဖြစ်ပြီး Individual Pixel များကိုစုစည်းပေးသွားမှာဖြစ်ပါတယ်။ လက်ရှိအချိန်တွင် Quantum Dots များကိုအရောင်ဖန်တီးရာတွင်သာ အသုံးပြုပြီး LCD ကိုတော့ Pixel များနှင့် သင့်မြင်နေရသည့်ပုံရိပ်များကိုဖန်တီးရန် အလင်းအမှောင်ပြောင်းလဲရာတွင် အသုံးပြုပါတယ်။

Quantum Dots (QD) များအနေနဲ့ အလင်းဖန်တီးနိုင်ရန် သူတို့စွမ်းအင်ဖြည့်ဆည်းပေးရန်လိုအပ်ပါသည်။ လက်ရှိအချိန်တွင် အလင်းအပြာရောင်ဖန်တီးရန်နှင့် အစိမ်းရောင်၊ အခြားမူရင်းအရောင်များအတွက် အနီရောင် Quantum Dots များကိုစွမ်းအင်ဖြည့်ဆည်းပေးရန် LED အပြာမီးသီးများဖြင့် ပုံမှန်ပြုလုပ်နေပါတယ်။ Direct-View QD တစ်ခုသည် OLED ကို Photon Source တစ်ခုအဖြစ်အသုံးပြုနိုင်ချေရှိပြီး QD များမှအရောင်ကိုဖန်တီပေးမှာပါ။ ထိုသို့ပေါင်းစည်းဒီဇိုင်းဟာ အပြည့်စုံဆုံးသော Black Level များနှင့် Quantum Dot လေးများဖြင့်ပေါင်းစပ်ထားသည့် OLED Contrast တို့အတွက် အကောင်းဆုံးဖန်တီးပေးသွားမှပဲဖြစ်ပါတယ်။

 

240Hz 4K TV များ

        HD ကမ္ဘာမှပျောက်ကွယ်သွားသည့်နည်းပညာတစ်ခုကတော့ 240Hz LCD TV များပဲဖြစ်ပါတယ်။ လက်ရှိတွင် မည်သည့် 240Hz 4K TV မှမရှိသေးတာကို သင့်သိလိုက်ရလျင် အံ့သြသွားရပါလိမ့်မယ်။ Refresh Rate မြှင့်မားခြင်းသည့် LCD တီဗီများအားလုံးနှင့် လက်ရှိ OLED အသုံးပြုမှုများတွင် လှုပ်ရှားမှုပုံရိပ်မှုန်ဝါးခြင်းကို လျော့နည်းစေနိုင်ပါတယ်။ ပုံမှန်60Hz မှ 120Hz သို့ခုန်တက်လိုက်ခြင်းသည် လှုပ်ရှားမှုပုံရိပ်မှုန်ဝါးမှုကို သိသိသာသာ လျော့နည်းစေမှာပဲဖြစ်ပါတယ်။  120Hz မှ 240Hz သို့ပြောင်းလဲလိုက်ခြင်းသည်လည်း ပိုမိုတိုးတက်မှုဖြစ်စေမှာပါ။ အံ့သြစရာကောင်းတာကတော့ မည်သည့်ကုမ္ပဏီမှပြုလုပ်ဖန်းတီခြင်းမရှိသေးတာပါပဲ။

ဒါဟာလည်း အဆိုပါကုမ္ပဏီများအနေနဲ့ ဈေးကွက်တွင်းရှုပ်ထွေးမှုများကြောင့်အပြင် လူအများစုကလည်း TV များဟာ 120Hz မဖြစ်သေးကြောင်းမသိကြသေးခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ အပို 4K Video Frame များဖန်တီးရာတွင် အနည်းငယ်စွမ်းအင်လိုအပ်မှုနှင့်တူ  ဒါဟာလည်းလုပ်ဆောင်နိုင်မှုစွမ်းအင်အတွက် မေးခွန်းတစ်ခုဖြစ်လာနေပါပြီ။ TV များနှစ်စဉ်နှင့်အမျှဈေးနှုန်းချိုသာလာသည်နှင့်အမျှ အထူးသဖြင့် သူတို့ရဲ့ 60Hz TV ကို MotionMagic 240 ဟုဖြစ်စေပြောဆိုကာ High Frame-Rate ကိုရရှိနေချိန်တွင် ဒါဟာတီဗီထုတ်လုပ်သည့် ကုမ္ပဏီများအတွက် စိတ်ဝင်စားဖွယ်မရှိဖြစ်နေတာပဲဖြစ်ပါတယ်။ သို့သော် ယခုနည်းပညာဟာ စိတ်ဝင်စားဖွယ် ပြောင်းလဲမှုကြီးပဲဖြစ်ပါသေးတယ်။

High Frame-rate TV များ

        HDMI 2.1 ၏နာမည်ကြီးလုပ်ဆောင်ချက်တစ်ခုကတော့ အလွန့်အလွန်ကောင်းသည့် Resolution နှင့် High Frame rate များ၊ ဗီဒီယိုများ ကိုထုတ်လွှင့်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ယခုအချိန်ထိ သင်ကြည့်ရှုနေသမျှအားလုံးနီးပါးသည် တစ်စက္ကန့်လျင် ၂၄ သို့မဟုတ် ၃၀ သို့မဟုတ် ၆၀နှုန်းများပဲဖြစ်ပါတယ်။ သင့် TV မှလိုအပ်သည့် Frame rate ကိုပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ အများအားဖြင့် 60 fps ရှိတတ်ပြီး၊ 120 fps လည်းမကြာခဏအသုံးပြုတတ်ကာ 240 fps ကတော့သုံးစွဲမှုအလွန်နည်းပါးပါတယ်။

တကယ်တမ်းမှာတော့ သင့် TV ကို High Frame rate ကိုပေးစွမ်းနိုင်ခြင်းမရှိတာပါပဲ။ ဒါဟာလည်း လူအများစုအတွက် ဒါဟာမလိုအပ်သည့်အတွက်ကြောင့်ပဲဖြစ်ပါတယ်။ အဲဒါတွေထက် 120Hz signal ကိုထုတ်လွှင့်ပေးနိုင်သည့် အရင်းအမြစ်မှာ ကွန်ပျူတာပဲရှိတာကြောင့်ဖြစ်ပါတယ်။ ဂိမ်းများအတွက်တော့ ဒါဟာအလွန်ကောင်းမွန်မှာပဲဖြစ်ပါတယ်။

LG မှတော့ သူ့ရဲ့ 2018 OLED TV များကို High Frame Rate ရရှိနိုင်ရန်ထုတ်လုပ်မှာဖြစ်တယ်လို့ ဆိုထားပေမယ့် အဆိုပါတီဗီများတွင် HDMI 2.1 မရှိသည့်အတွက် အဆိုပါ HFR ကိုလက်ခံရယူနိုင်ရန် တစ်ခုတည်းသောနည်းလမ်းမှာ တိုက်ရိုက်ကြည့်ရှုထုတ်လွှင့်ခြင်းနှင့်သာ ရရှိနိုင်မှာဖြစ်ပါတယ်။

HDMI 2.1 ထွက်ရှိလာသည့်အတွက် အချို့သော TV များအနေနဲ့ 4K/120 source တစ်ခုကို အသုံးပြုနိုင်ပေမယ့် လူသိများမည့် feature အဖြစ်မျှော်လင့်နိုင်မှာမဟုတ်ပါဘူး။ ထိုအစား HDMI 2.1 ကိုသာဖော်ပြကြနိုင်ပြီး အဆင့်မြှင့်တီဗီများနှင့် သူတို့ရဲ့ HDMI input တစ်ခု၊ နှစ်ခုတွင်သာပါဝင်နိုင်မှာဖြစ်ပါတယ်။

8K TV အစစ်များ

        8K တီဗီများကိုတော့ မြင်ရမှာသေချာပါတယ်။ တကယ့်တီဗီအစစ်များသာမဟုတ်တာပါ။ အများဆုံး နမူနာပုံစံများအဖြစ်သာ တွေ့မြင်ရမှာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်တော့ 8K TV များကိုမတွေ့ရနိုင်သော်လည်း တစ်နေ့တွင်တော့ 8K TV များကို မြင်တွေ့ရမှာပါ။ ကုမ္ပဏီတစ်ခုကသာပြပွဲတစ်ပွဲတွင် “ဟောဒီမှာ ကျုပ်တို့ရဲ့ 8K TV အသစ်ကြီးပါ။ နောက်တစ်ပတ် Amazon တွင်ရရှိနိုင်ပါပြီ” ဟုကြေငြာလိုက်မယ်ဆိုပါက တော်တော်လေးကို အထင်ကြီးစရာကောင်းမှာအမှန်ပါပဲ။ ဒါဟာလည်းဖြစ်လာမှာမဟုတ်ပါဘူး။

၂၀၂၀ခုနှစ်တွင် တိုကျိုမှ Olympics ပြုလုပ်တော့မည်ဖြစ်လာသည်နှင့်အညီ CES 2019 တွင်တော့ ယခုကဲ့သို့အခြေအနေများဖြစ်လာမှ မလွဲပါဘူး။ ဒီနှစ်အတွက်ကတော့ နာမူနာပုံစံငယ်အဖြစ်သာ တွေ့မြင်ရမှာပါ။

ဒီနှစ်အတွက်မေးသင့်သည့်မေးခွန်းကတော့ 1080p model TV ထုတ်လုပ်မည့်ကုမ္ပဏီရော ရှိပါရဲ့ဆိုတာပါပဲ။

ပိုမိုကောင်းမွန်လာသည့် VR နည်းပညာ

        ဒါဟာ TV နည်းပညာတစ်ခုတော့မဟုတ်ပေမယ့် ဆက်နွယ်မှုတော့ရှိပါတယ်။ HTC သို့မဟုတ် Oculus သို့မဟုတ် ပြိုင်ဖက်များအတွက် ပိုမိုကြီးမားကာ ပိုမိုကောင်းမွန်သည့် Resolution Screenမော်ဒယ်သစ်တစ်ခု မျှော်လင့်တာပဲ ဖြစ်ပါတယ်။ ဒါကို CES ပြပွဲတွင်တွေ့မြင်နိုင်ရန်မျှော်လင့်ထားပေမယ့် အဖြစ်နိုင်ချေမရှိပါဘူး။ ထိုအစား AR နည်းပညာနှင့် ပိုမိုဈေးနှုန်းသက်သာမည့် ဓာတ်ပုံများ၊ ဗီဒီယိုများအတွက် VR Headset များသာပိုမိုတွေ့မြင်ရမှာပါ။

သေချာပေါက်တွေ့မြင်ရမည့် အရာတစ်ခု

        ပိုမိုဈေးနှုန်းချိုသာသည့် OLED ပင်ဖြစ်ပါတယ်။ နှစ်တွေအလီလီ၊ ဆယ်စုနှစ်အလီလီကတိပေး၊ ဆုတောင်း၊ အိပ်မက်မက်ထားကြသည့် OLED TV များကိုလူများစွာဝယ်ယူနိုင်သည့်အခြေအနေရောက်ရှိလာပါပြီ။ မျှော်လင့်ထားသည့်အတိုင်း LG မှသူကရဲ့ ၂၀၁၇ခုနှစ်မော်ဒယ်ဈေးနှုန်းများကို ခရစ္စမတ်အတွက်လျော့ချပေးခဲ့ပြီး သမိုင်းတွင် ဈေးနှုန်းအချိုသာဆုံးသော အဆင့်မြှင့် TV များပဲဖြစ်ပါတယ်။ ၂၀၁၈ခုနှစ်ထုတ်မော်ဒယ်များသည်လည်း ၂၀၁၈ခုနှစ်အားလပ်ရက်များတွင် ပိုမိုဈေးနှုန်းလျော့ချဦးမှာဖြစ်ပါတယ်။ ဈေးနှုန်းလျော့ချခြင်းဆိုသည်မှာလည်း ပြိုင်ဆိုင်မှုတစ်ရပ်ပဲဖြစ်ပါတယ်။