CES 2018 – ကမ္ဘာ့အကြီးဆုံးနည်းပညာပြပွဲမှ အလန်းဆုံး (၁၀)မျိုး

0
1062

 

        သင်အနေဲ့ တီဗီအသစ်တစ်လုံး၊ စမတ်ဖုန်းအသစ်တစ်လုံး၊ ကင်မရာအသစ်တစ်လုံး သို့မဟုတ် နောက်ထပ် လက်ဝတ်အီလက်ထရောနစ်ကိရိယာတစ်ခုတို့ကို လိုက်ရှာနေသည်ဆိုပါက CES မှာပဲရှာဖွေလိုက်ပါ။ ထုံးစံအတိုင်းပါပဲ CES 2018 တွင်ကျွန်ုပ်တို့လပေါင်းများစွာ ကြိုတင်ကြားထားသည့် နမူနာကိရိယာသစ်များစွာကို အကြီးအကျယ်ပြသသွားမှာပဲဖြစ်ပါတယ်။ အောက်ဖော်ပြပါထုတ်ကုန်များကတော့ CES တွင်စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်မည့်အရာများပဲဖြစ်ပါတယ်။

စမတ်ဖုန်းများ

Samsung Galaxy A8

Samsung ၏ Galaxy S8 အရသာကိုအနည်းငယ်ခံစားကြည့်ချင်ပေမယ့် ငွေကြေးများစွာ မသုံးချင်ဖြစ်နေပါလား။ Galaxy A8 မှသင့်ဆန္ဒကိုဖြည့်ဆည်းပေးသွားပါလိမ့်မယ်။ အဆိုပါဖုန်းတွင် ဘေးဖက်ကိုကွေးသွားသည့် Curved Screen မပါရှိသော်လည်း ဘေးဘောင်သားတွေကတော့ တော်တော်လေးပါးပြီး ဖုန်းထိပ်ဖက်တွင်လည်း Notch လေးပါရှိပါသေးတယ်။ ထို့အပြင်ရှေ့ဖက်တွင်လည်း နောက်ခံဝါးကာ Selfie ရိုက်ကူးနိုင်မည့် Second Camera လည်းပါရှိပါသေးတယ်။

OnePlus 5T Sandstone White

          ဒီဖုန်းကတော့ CES ပြပွဲမတိုင်ခင်ကတည်းက ထွက်ရှိပြီးဖြစ်ပါတယ်။ OnePlus မှ Limited Edition တစ်ခုအဖြစ် Sandstone White 5T ကိုထုတ်လုပ်လိုက်ပါပြီး သေသပ်လှပသည့်ဖုန်းကျောဖက်ဟာ သင့်ကိုစိတ်ကျေနပ်စေမှာဖြစ်ပြီ မည်သည့်စင်းရာခြစ်ရာမှ ဖြစ်ပေါ်စေမှာမဟုတ်ပါဘူး။ ယခုအချိန်တွင် ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။

Nokia 6 (2018)

          HMD Global မှ Nokia 6 ဖုန်းအသစ်ကို ၂၀၁၈ခုနှစ်တွင် ပြပွဲမစခင်တစ်ပတ်အလို တရုတ်နိုင်ငံတွင် မိတ်ဆက်ပေးခဲ့ပြီးဖြစ်သည့်အတွက် အမေရိကန်တွင်စတင်ချပြတော့မည့်အချိန်အတွက် စိတ်လှုပ်ရှားနေပါပြီ။ ဒီဖုန်းလေးကို အကောင်းဆုံးဘက်ဂျက်ဖုန်းတစ်လုံးအဖြစ် ပုံသွင်းထားတာဖြစ်ပြီး အဆင်မြင့် Snapdragon 630 Processor ကိုအသုံးပြုထားကာ သေသပ်သည့်ဒီဇိုင်းနှင့် ယမန်နှစ်က မော်ဒယ်အတွက်ဈေးနှုန်းအတိုင်း ထွက်ရှိလာနိုင်ပါတယ်။

Sony Xperia XA2

          XA2 ကတော့ ပေါ်ပင်စမတ်ဖုန်းကင်မရာများလောက်နဲ့ အဆင့်မြှင့်စမတ်ဖုန်းတစ်လုံးဖြစ်မလာနိုင်ဘူးဟု သက်သေပြလိုက်တာပဲဖြစ်ပါတယ်။ ယခုအလယ်အလတ်တန်းစားဖုန်းလေးတွင် အဆင့်မြင် Xperia XZ ဖုန်းများတွင်တွေ့မြင်ရသည့် 23MP Exmor RS sensor ပါရှိပြီး 4K Video များကိုရိုက်ကူးနိုင်မှာဖြစ်ကာ 12800နှင့်အထက်ရှိ IOS range လည်းပါရှိသည့်အတွက် ညဖက်မီးရောင်မှိန်မှိန် ကလပ်တွင် ဓာတ်ပုံများအကောင်းဆုံးရိုက်ကူးနိုင်မှာပါ။ ဒီဖုန်းလေးကိုတော့ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် ၀ယ်ယူရရှိနိုင်တော့မှာပါ။

 

လက်ဝတ်အီလက်ထရောနစ်အသုံးအဆောင်များ

Garmi Vivofit4

          သင်ဟာအစားကိုတော့ပုံမှန်ကောင်းကောင်းမွန်မွန်စားပြီး လေ့ကျင့်ခန်းမလုပ်နိုင်ဖြစ်နေရင်တော့ Garmi Vivfit4 ကိုသင့်လက်ကောက်ဝတ်မှာ ၀တ်ဆင်ဖို့အချိန်ကျပြီပဲဖြစ်ပါတယ်။ ဒါလေးဟာသင်စသုံးလိုက်ပြီဆိုကတည်းက သင့်ကိုလေ့ကျင့်ခန်းများပြုလုပ်စေမှာပဲ ဖြစ်ပါတယ်။

Garmi Forerunner 645 Music

ဇန်န၀ါရီလထုတ် အားကစားသုံးနာရီတစ်လုံးကိုစောင့်ဆိုင်းနေပါသလား။ သင့်အနေနဲ့ နောက်ထပ်တစ်လလောက် ထပ်စောင့်ရနိုင်ပါတယ်။ Forerunner 645 Music ဟာ Garmin ထုတ်ကုန်များတွင် အကောင်းဆုံးဖြစ်ပြီး Built-in သီချင်းများပါဝင်သည့် ဂျာမနီစစ်တပ်အတွက်ပထမဆုံးပဲဖြစ်ပါတယ်။ သင့်အနေနဲ့ offline Deezer သံစဉ်များကိုထည့်သွင်းထားနိုင်ပြီး 645 ဟာအခြားသော Garmin ၏အဆင့်မြင့် ဘက်စုံအားကစားသုံးနာရီများကဲ့သို့ဖြစ်သည့်အတွက် GPS နှင့် Garmin Play တို့လည်းပါဝင်မှာပါ။

SGNL

          SGNL ကိုသင့်စမတ်ဖုန်းနှင့်ချိတ်ဆက်သည်ဖြစ်စေ သူ့ချည်းတိုင်းအသုံးပြုသည်ဖြစ်စေအသုံးပြုနိုင်မည့် လက်ပတ်လေးဖြစ်ပြီး သင့်လက်ချောင်းလေးကို နားပေါ်တွင်တင်လိုက်ရုံနှင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီထုတ်ကုန်လေးကိုတော့ ၂၀၁၈ခုနှစ် မတ်လတွင်၂၄၉ဒေါ်လာဖြင့် ၀ယ်ယူရရှိနိုင်တော့မှာပဲ ဖြစ်ပါတယ်။

 

TV နှင့် Home Cinema

Samsung ရဲ့The Wall

          The Wall ကတော့ MicroLED နည်းပညာ၏ပထမဆုံးသော အလင်းရောင်လေးဖြစ်ပြီး Samsung ၏ OLED အတွက်ပြိုင်ဖက်အသစ်ပဲဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီထုတ်ကုန်လေးကို ၀ယ်ဦးမှာမဟုတ်ရင်တော့ ဒီနည်းပညာကတော့ Samsung ၏နောက်ထပ်ပုံပြင်များကို ပံ့ပိုးပေးမည့် နည်းပညာတစ်ခုပဲဖြစ်မှာပါ။

Samsung NW700 Soundbar

          Soundbar တွေသာအ၀တ်ဝတ်စားတတ်မည်ဆိုပါက Samsung ၏ NW700 ရဲ့ဆိုဒ်နံပါတ်ဟာ သုညပဲဖြစ်ပါလိမ့်မယ်။ ဒီထုတ်ကုန်လေးစာအလွန်ပါးလွှားပြီး သင့်အိမ်နံရံတွေမှာရှိပြီးသား တီဗီပါးပါးလေးနှင့် ယှဉ်တွဲလျက်ချိတ်ဆွဲထားနိုင်မှာပါ။ Speaker များအတွက်နေရာအများကြီးမရှိပေမယ့် သင်ရုပ်ရှင်ကြည့်နေချိန်၊ ဂိမ်းကစားချိန်မှာတော့ အသံကောင်းကောင်းလွှင့်ထုတ်ပေးမှာပဲဖြစ်ပါတယ်။

LG HU80KA Projector

          သင့်အိမ်မှ ဆိုဖာထိုင်ခုံလောက်ပင်နေရာမစားသည့် 4K ၊ HDR Projector တစ်ခုပဲဖြစ်ပါတယ်။ LG ၏ HU80KA သည့် ၁၅၀လက်မအရွယ်မျက်နှာပြင်အတွက်ကောင်းပေမယ့် နေရာစားမှုဟာလည်း အမှိုက်ခြင်းလေးလောက်ပဲမရှိပါဘူး။ ဒီထုတ်ကုန်လေးကို နေရာတကာသယ်ယူသွားနိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပါတယ်။

Panasonic FZ950 OLED TV

          ဟောလိဝုဒ်အတည်ပြုအရောင်အသွေးပြင်ဆင်ခြင်းသည့် အကောင်းဆုံး OLED TV ဆုကိုရယူရန် Panasonic ၏နောက်ဆုံးအားထုတ်ကြိုးပမ်းမှုပဲဖြစ်ပါတယ်။ FZ950 OLED TV Image Processing ဟာအရောင်အသွေးများကို ကောင်းမွန်စွာပြောင်းလဲပေီးုင်ပါတယ်။ HDR 10+ ထောက်ပံ့ပေးထားပြီး Technics-Tuned Soundbar ဟာလည်း တော်တော်လေးကိုကြည့်ကောင်းလှပါတယ်။

 

Virtual Reality နှင့် Augmented Reality

ACE Eyewear

ACE Eyewear နှင့်ဆိုပါက 8MP ဓာတ်ပုံများကိုရယူနိုင်ပြီး HD Video များကိုလည်း မှတ်တမ်းတင်နိုင်မှာဖြစ်ကာ မည်သည့် Social Network တွင်မဆို တိုက်ရိုက်လွှင့်တင်နိုင်ပါသေးတယ်။

 

Laptop များနှင့် Computer များ

Dell XPS 13

          ဒီတစ်ခါမှာတော့ Dell ၏ငွေရောင်နှင့်ကာဗွန်ဖိုက်ဘာကိုယ်ထည်များအစား ရွှေအိုရောင်နှင့်အဖြူရောင် Superb Ultra-Portable ဖြစ်ပြီး ကမ္ဘာ့ပထမဆုံးသော Glass-Firbre တည်ဆောက်ပုံကြောင့် အရောင်အသွေးများ တလက်လက်ဖြစ်နေမည့် Dell Laptop ကိုတွေကမြင်ရမှာပါ။ အလွန်ပါးလွှာပြီး Infinity Display ဟာလည်း အရင်ကထက်ပိုမိုပါးလွှာမှုကိုဖြစ်စေပါတယ်။

Lenovo Thinkpad X

          ယခင်ကတော့ Thinkpad များသည် နာမည်ကြီးဖြစ်ပြီး ယခု Thinikpad X ကတော့ထို့ထက်ပိုပါတယ်။ USB-C Charging နှင့် 8th-Generation Intel Core Processor တို့ပါဝင်ပြီး Lenovo ၏ Active Pen Stylus နှင့်အတူ Touchscreen တွင်လည်း သင့်စိတ်ကြိုက်ရေးခြစ်နိုင်ဦးမှာပါ။

Acer Swift 7

          သင့်မုတ်ဆိတ်မွေးများကိုတောင် ရိတ်သင်နိုင်လောက်သည့်အထိပါးလွှာသည့် Laptop တစ်လုံးပဲဖြစ်ပါတယ်။ Swift 7 တွင်တော့ 7th Generation Intel CPU ပါဝင်ပြီး 8.98mm အထူသာရှိတာကြောင့် အိတ်သေးသေးလေးထဲတွင် ထည့်သွားနိုင်မှာဖြစ်ပါတယ်။

Acer Nitro 5 (2018 Edition)

          Acer ကတော့ Ryzen CPU နှင့် Radeon Graphics တို့ကိုအံ့ဖွယ်တန်ဖိုးသင့် Gaming Laptop တစ်လုံးတွင် ပေါင်းစပ်ဖန်တီးလိုက်ပါတယ်

 

Hi-Fi နှင့် Audio

LG Thinq Speaker

          သင့်ရဲ့အီလက်ထရောနစ်ပစ္စည်းများ တစ်ခုနှင့်တစ်ခုဆက်သွယ်မှုမရှိပါက Smart Home တစ်လုံးဆိုသည်မှာလည်း ပြောရလောက်အောင် စမတ်ကျတော့မှာမဟုတ်ပါဘူး။ မီးသီးများနှင့် အပူချိန်အာရုံပစ္စည်းတွေဟာ လွယ်ကူသော်လည်း အ၀တ်လျှောက်စက်များ၊ မိုက်ခရိုဝေ့ဗ်မီးဖိုများနှင့် ပန်းကန်ဆေးစက်များအတွက်ဆိုရင် ဘယ်လိုလုပ်ပါ့မလဲ။ ဒီလိုအခြေအနေတွေအတွက် LG ၏ Thinq Speaker ရှိနေပါပြီ။ ဒီစက်ပစ္စည်းအားလုံးကို Thinq Speaker မှတဆင့်အသံအမိန့်ပေးပြီး ခိုင်းစေနိုင်ပါပြီ။ ထို့အပြင် ပုံမှန် Google Assistant လုပ်ဆောင်မှုများကိုလည်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Cameras

DJI Osmo Mobile 2

          သေသပ်ချောမွေ့လှသည့်ဗီဒီယိုများကို သင့်ဖုန်းဖြင့်ရိုက်ကူးနိုင်စေရန် ကုန်ကျမှုတွေရှိသော်လည်း DJI မှ ဈေးသက်သက်နှင့်ရရှိရန် ဆောင်ရွက်ပေးလိုက်ပါတယ်။ Osmo Mobile 2 သည်မူရင်းဈေး၏ တစ်ဝက်သာရှိပြီး ပိုမိုရိုးရှင်းသည့် ထိန်းချုပ်မှုများ၊ Built-in Battery တစ်လုံးနှင့် နိုင်လွန်တည်ဆောက်မှုအသစ်ပုံစံနှင့်ထွက်ရှိလာကာ နေရာတကာကိုသယ်ယူသွားနိုင်မှာပဲဖြစ်ပါတယ်။

 

Automotive

Byton Concept Electric SUV

          ဒီကားကတော့ သင့်အိမ်ရှေ့ခန်းရှိတီဗီထက် ပိုမိုကြီးမားသည့် Screen ပါဝင်မည့် ပထမဆုံးသောကားဖြစ်ပါတယ်။ ကြီးမားလွန်းသည့် လက်မ၄၀အရွယ် Touchscreen နှင့် Byton Concept Electric SUV ဟာ ထုတ်လုပ်မှုအဆင့်အထိရောက်ရှိလာနိုင်ဖွယ်ရှိပါတယ်။

 

Smart Home

Hive View

          GoPro ကိုအစောင့်ခွေးတစ်ကောင်နှင့်ပေါင်းစပ်လိုက်သလို Hive View လုံခြုံရေးကင်မရာဟာ အံ့မခန်းပါပဲ။ ဒီကင်မရာလေးဟာ မိနစ်၉၀စာ မှတ်တမ်းတင်ထားနိုင်မှာဖြစ်ပြီး သင်အခန်းထဲပြန်ရောက်လာသည်အထိ အရာအားလုံးကိုသေချာ စောင့်ကြည့်ထားစေမှာပါ။  Person Detection စနစ်ပါဝင်ပြီး ပတ်ဝန်းကျင်အရိပ်များ၊ နေရောင်များကြောင့်တော့ သင့်ဖုန်းကိုအချက်ပေးမှာမဟုတ်ပါဘူး။

 

အကောင်းဆုံးထုတ်ကုန်တစ်ခု

Pitta Drone

          ဒါဟာဂရိပေါင်မုန့်တွေလိုက်ပို့ပေးမယ့် သာမန် Quadcoptor တစ်ခုမဟုတ်ပါဘူး။ Pitta Drone ဟာများစွာ အဆင့်မြှင့်ပါတယ်။ လုံခြုံရေးကင်မရာတစ်ခုပါဝင်ပြီး Action Cam တစ်ခုအနေနဲ့အသုံးပြုနိုင်မှာဖြစ်ပြီး ပန်ကာများတပ်ဆင်ပေးလိုက်ရုံနှင့် လေပေါ်မှမှတ်တမ်းတင်နိုင်မှာဖြစ်ကာ Auto-Follow နှင့် One-Touch Flying ကဲ့သို့သော် အဆင့်မြင့်လုပ်ဆောင်ချက်များလည်း ပါဝင်မှာပါ။