CES ပွဲနှင့်ပတ်သက်ပြီး သင့်သိထားသင့်သည့်အချက် ၅ ချက်

0
678

        လာမည့်တစ်ပတ်အတွင်း လူ့အသုံးအဆောင်အီလက်ထရောနစ်ပစ္စည်းများစွာပြသသွားမည့် International CES ပြပွဲနှင့်ပတ်သက်ပြီး သတင်းများထွက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

လာရောက်ပြသသူများအတွက်ကတော့ မိမိတို့ရဲ့ထုတ်ကုန်သစ်၊ နည်းပညာသစ်များကို ချပြခွင့်ရကြမည့်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များအတွက်ကတော့ Las Vegas မှ ဆွေးနွေးညှိနှိုင်းပေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်းများလုပ်ဆောင်ရန်အတွက် အပြည့်စုံဆုံးဖန်တီးပေးသွားမှာဖြစ်ပါတယ်။ သတင်းထောက်များအတွက်ကတော့ သတင်းထူးရယူရန်အကောင်းဆုံးအချိန်အခါဖြစ်ပြီး ကျွန်တော်တို့ရဲ့ နေ့စဉ်ပြောင်းလဲနေသည့် အသုံးအဆောင်များကို လူထုထံချပြပေးသွားနိုင်မည့် အခွင့်အရေးလည်းဖြစ်ပါတယ်။

သင့်အတွက်ကရော ဘာများအကျိုးအမြတ်ရနိုင်မလဲ။ CES ပွဲဟာ ၂၀၁၅ခုနှစ်ကလိုပင် လွှမ်းမိုးမှုကြီးမားနိုင်သော်လည်း သိပ်များများစားစား အကျိုးအမြတ်ရနိုင်ဖွယ်မရှိပါဘူး။

 

CES ၏ပထမဆုံးသောစည်းမျဉ်းကတော့ CES ဆိုတာမရှိပါဘူးဆိုတာပါပဲ

        အမှန်အတိုင်းပြောရရင်တော့ ဒီပွဲကြီးဟာ နည်းပညာကုန်စည်ပြပွဲများတွင် အကြီးကျယ်ဆုံးသောပြပွဲကြီးပဲ ဖြစ်ပါတယ်။ Las Vegas တွင်လာရောက်ပြသမည့်ကုမ္ပဏီပေါင်း ၃၅၀၀ရှိမှာဖြစ်ပြီး ဘောလုံးကွင်း၃၅ကွင်းစာ အီလက်ထရောနစ်အသုံးအဆောင်ပစ္စည်းများကိုပြသသွားမှာပဲဖြစ်ပါတယ်။ ထိုပြပွဲကိုစီစဉ်သည့် The Consumer Electronics Association မှပြောကြားချက်အရ ယခုနှစ်တွင် နယ်ပယ်ကျွမ်းကျင်လေ့လာသူပေါင်း ၁၅၀၀၀၀မှ ၁၆၀၀၀၀ အထိလာရောက်ကြရန်မျှော်လင့်ထားကြောင်း သိရပါတယ်။

ပွဲအနေအထားအရ ဒရုန်းများ၊ ကိုယ်အသုံးအဆောင်ပစ္စည်းများ၊ Smart Home ထုတ်ကုန်များကဲ့သို့သော ထုတ်ကုန်အလန်းစားများပါရှိမည်ဖြစ်သော်လည်း အသုံးမ၀င်သည့်ထုတ်ကုန်များလည်း ပါရှိနိုင်ပါတယ်။ ထိုပြပွဲကြီးကို အေးဆေးဖြတ်သန်းနိုင်ဖို့ နေကာမျက်မှန်လေးပါမှသာအကူအညီဖြစ်မှာပါ။

CES ဆိုသည်မှာတကယ့်ပြပွဲကြီးဖြစ်နိုင်သော်လည်း ပြောရလောက်အောင်အရေးမကြီးပါဘူး

        တစ်ကြိမ်တစ်ခါအတွက်ကတော့ ဒီပြပွဲကြီးဟာ အလွန်ခမ်းနားကြီးကျယ်ခဲ့တဲ့ပွဲပဲဖြစ်ပါတယ်။ ယခုမှာတော့ ထုတ်ကုန်သစ်များ ထွက်ရှိမှုစိပ်လာသည့်အပြင် Apple ၊ Google ၊ Lenovo ၊ Motorola ၊ Microsoft ၊ Samsung နှင့် LG ကဲ့သို့သော် နည်းပညာကုမ္ပဏီကြီးများမှ တစ်နှစ်ပတ်လုံး ကိုယ်ပိုင်ပြပွဲများကျင်းပနေကြသည့်အတွက် CES ၏အရေးပါမှုမှာ လျော့ပါးလာပါတယ်။ ယမန်နှစ်ကပြပွဲဟာ တီထွင်ဆန်းသစ်မှုပမာဏမှတ်တမ်းဟု CEA မှပြောခဲ့သော်လည်း သူတို့ဘယ်လို အရေအတွက်သတ်မှတ်မှန်း သေချာမသိပါဘူး။

နည်းပညာပညာရှင်များအတွက်ကတော့ ဒါဟာအထက်တန်းကျောင်းသားဟောင်းများတွေ့ဆုံပွဲတစ်ခုလို ဖြစ်လာတာပါပဲ။ သင့်အတွက်တကယ်အရေးပါတဲ့သူနဲ့ပဲတွဲဖြစ်တော့မှာဖြစ်ပြီး Social Media ကျေးဇူးနှင့် အားလုံးကို သတင်းမှတွေ့မြင်ရပြီပဲဖြစ်ပါတယ်။

Apple အနေနဲ့ CES ကိုမှီခိုခြင်းမရှိသော်လည်း လူတိုင်းပါးစပ်ဖျားမှာ Apple ဟုတွင်နေဆဲပါ

        Apple အနေနဲ့ CES ပြပွဲကို ထုတ်ကုန်မိတ်ဆက်သည့်ပွဲအနေနဲ့အသုံးပြုမှာမဟုတ်ပါဘူး။ သုံးစရာလည်း မလိုအပ်လို့ပါပဲ။ သို့သော်လည်း ယခုနှစ်ပိုင်းအတွင် အဆိုပါနည်းပညာကုမ္ပဏီကြီးမှ Las Vegas တွင် ပွဲတော်တော်များများကိုလွှမ်းမိုးထားနိုင်ခဲ့ပါတယ်။ CES 2007 တုန်းကလည်း MacWorld တွင် iPhone မိတ်ဆက်ပေးခြင်းများသာ လွှမ်းမိုးနေခဲ့ပြီး CES2011 တွင်လည်း Wall Street Journal မှသတင်းများအရ iPhone အနေနဲ့ နောက်ဆုံးတွင် Verizon ၏ Wireless Network ဆီသို့ဦးတည်လာပြီဖြစ်ကြောင်းသိရပါတယ်။ ထို့နောက်ပိုင်းနှစ်များအတွင်း Apple ၀က်ဆိုက်စာမျက်နှာများမှလည်း Apple Televesion Set ဟာ CES တွင်မျက်နှာအပွင့်ဆုံးဖြစ်လိမ့်မည်ဟုသာ တရစပ်ပြောဆိုနေကြပါသေးတယ်။

ယခုနှစ်တွင်တော့ ပြိုင်ဖက်များမှ သူတို့ရဲ့တစ်ကိုယ်ရည်သုံးလက်ဝတ်စက်ပစ္စည်းများကို ချပြလာသည့်အတွက် Apple Watch နှင့်ပတ်သက်ပြီးအသံထွက်လာကြီးမည်ဟု မျှော်လင့်ထားကြပါတယ်။ အခြားသော Hardware ထုတ်လုပ်သူများကလည်း Apple ၏နောက်ဆုံးထွက် Platform များဖြစ်သည့် HomeKit ၊ HealthKit နှင့် CarPlay များနှင့်အတူပေါင်းစည်း နိုင်ရန်ကြိုးစားနေကြပါတယ်။

ကား ကုမ္ပဏီများအနေနဲ့ရိုက်ခတ်မှုကြီးကြီးမားမားလုပ်ပြသွားနိုင်ပါတယ်

        အထူးသဖြင့် အမေရိကန်လူငယ်များအကြားတွင် ကားပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ၏ မူဝါဒများ ပြောင်းလဲနေသည်ဟု သတင်းထွက်နေသော်လည်း ၂၀၁၄ခုနှစ်အတွင်းပင်အမေရိကန်တွင် ယာဉ်ပေါင်း ၂၄၆သန်းခန့် မှတ်ပုံတင်နေဆဲ့ပါ။ ယခင်နှစ်များအတွင်းက ကားကုမ္ပဏီများမှ CES တွင်ခြေလှမ်းကျဲခဲ့ကြပြီး အဆင့်မြင့်နည်းပညာများ၊ အလိုအလျောက်မောင်းနင်သည့်စနစ်ပါသည့်ယာဉ်များကို မိတ်ဆက်ချပြခဲ့ကြပါတယ်။

ပြပွဲတွင်အနည်းဆုံး ကားကုမ္ပဏီပေါင်း ၁၀ခုလာရောက်ပြမှာဖြစ်ပြီး Audi ၊ BMW ၊ Toyota ၊ General Motors ၊ Mercedes-Benz နှင့် Ford ကုမ္ပဏီတို့ပါဝင်မှာပဲဖြစ်ပါတယ်။ နောက်ဆုံးကုမ္ပဏီနှစ်ခုကတော့ နောက်အပတ် တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ပြပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲများပြုလုပ်သွားမှာဖြစ်ပြီး ကျွန်ုပ်တို့အနေနဲ့ အလိုအလျောက်မောင်းနှင်သည့်ကားများစွာအပြင် Toyota ၏ Fuel-Cell နည်းပညာသတင်းများကိုလည်း တွေ့မြင်ရဖွယ်ရှိပါတယ်။

TV ကုမ္ပဏီများကတော့ ဘယ်လိုနည်းလမ်းနှင့်ပင်ဖြစ်စေ TV သစ်များကိုရောင်းချနိုင်ဖို့ကြိုးစားကြပါလိမ့်မယ်

        မျက်နှာပြင်ကွေး Curved Display လား၊ Glasses-Free 3D လား၊ 4K လား၊ Quantum-dot နည်းပညာလား။ ကြားရရုံနဲ့တင်စိတ်လှုပ်ရှားစရာကောင်းနေပါပြီ။ သင့်အနေနဲ့ CES ပြပွဲကြီးတွင် Samsung ၊ LG ၊ Panasonic ပြခန်းများသို့ လမ်းသလားဖြစ်ပါက Display အလန်းစားများကိုငေးမောကြည့်နေကြမည့် ပွဲလာပရိသတ်များကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဒါပေမယ့်သင့်အနေနဲ့သတိထားရမှာတော့ သာမန်အသုံးပြုသူများအတွက် ထိုသို့များပြားလှသည့် တီဗီများဟာ အလွန်ကြီးမားပြီး ဈေးနှုန်းမြှင့်မားမှာပဲဖြစ်ပါတယ်။ အချို့သောတီဗီများဆိုလျင် ဈေးကွက်ထဲသို့ပင် ရောက်ရှိခြင်းမရှိသေးသော စမ်းသပ်ထုတ်ကုန်များသာဖြစ်ပါတယ်။ သင့်အနေနဲ့ 4K TV တစ်လုံးဝယ်မည်ဆိုလျင်တောင် နည်းနည်းထူးဆန်းသလိုဖြစ်နေဦးမှာပါပဲ။ သင့်အနေနဲ့ 4K resolution ဖြင့်ရိုက်ကူးထားသည့် ရုပ်ရှင်ဗီဒီယိုများကိုကြည့်ရှုသူမဟုတ်ပါက Upscaled 1080p ရုပ်ထွက်နှင့်သာ အဆိုပါတီဗီတွင် ကြည့်ရှုရမှာပါပဲ။ ကြည့်ရတာတော့ တော်တော်ကောင်းပေမယ့် 4K resolution ကိုအပြည့်အ၀ခံစားရမှာမဟုတ်ပါဘူး။ 4K Web Video များကိုတိုက်ရိုက်ကြည့်ရှုနေလျင်တောင် ရုပ်သံအရည်အသွေးမှာ Bandwidth အပေါ် မူတည်ဦးမှာဖြစ်ပါတယ်။

HIS iSuppli သုတေသနလုပ်ငန်းစုတစ်ခု၏ဖော်ပြချက်အရ ၂၀၁၂ခုနှစ်နှင့် ၂၀၁၃ခုနှစ်အတွင်း တစ်ကမ္ဘာလုံးတွင် TV ရောင်းဝယ်နှုန်းများ သိသိသာသာကျဆင်းလာခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်တွင် ပြောင်းလဲမှုရှိလာပြီး 4K Display များလည်းဈေးနှုန်းသိသိသာသာကျဆင်းလာပါတယ်။