CES ပွဲမှာ မြင်ရတဲ့ စမတ်ဖိနပ်

0
1972

 

ပြင်သစ် ကုမ္ပဏီ E-vone က ပြသထားတဲ့ GPS ရတဲ့ စမတ်ဖိနပ်လေးဖြစ်ပါတယ်။ သူ့မှာ လဲတဲ့အခါသိရှိခြင်းနဲ့ အချက်ပေးစနစ်တွေ ပါဝင်ပါတယ်။

ဝတ်ဆင်နိုင်တဲ့နည်းပညာကတော့ အတော်လေး ရူးသွပ်စရာပါပဲ။ ပြင်သစ် ကုမ္ပဏီ E-vone ကလည်း လူကြီးတွေနဲ့ အလုပ်သမား၊ ခရီးသွားတွေအတွက် လဲတဲ့အခါသိရှိခြင်းနဲ့ အချက်ပေးစနစ်တွေ ပါဝင်တဲ့ စမတ်ဖိနပ်နဲ့အတူ ရေစီးကြောင်းကို ပါဝင်လာပါတယ်။

များစွာသော sneaker ၊ တောင်တက် boot နဲ့ အလုပ်စီးတွေ ရှိနေပေမယ့်လည်း E-vone ကတော့ ပုံမှန်မဟုတ်တဲ့ ရွေ့လျားမှုတွေကို သိရှိစေနိုင်တဲ့ sensor တွေပါဝင်တဲ့ ဖိနပ်ကို တီထွင်ခဲ့တာပါ။ အချက်ပြမက်ဆေ့ခ်ျတွေကိုတော့ သင့်ရဲ့အရေးပေါ်အတွက် ချိတ်ဆက်နိုင်မယ့်သူ ၊ အရေးပေါ်ဝန်ဆောင်မှုတွေဆီကို အလိုအလျောက်ပို့ပေးမှာဖြစ်ပါတယ်။

နိုင်ငံပေါင်း ၁၂၀ ကို ဆက်သွယ်နိုင်တဲ့ GSM ပါဝင်ခြင်း၊ GPS ဒါမှမဟုတ် LoRA antenna ကို အသုံးပြုပြီးတော့ တည်နေရာရှာခြင်း၊ လှုပ်ရှားမှုအတွက် gyroscope နဲ့ accelerometer တွေလည်း ပါဝင်ပါတယ်။ E-vone ဟာ ဈေးနှုန်းနဲ့ ထွက်ရှိမယ့်ရက်ကိုတော့ မပြောခဲ့သေးပါဘူး။ ဒါကြောင့် ဈေးကွက်ကိုဘယ်အချိန်မှာရောက်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

CES 2018 မှာ ဘာတွေ မျှော်လင့်လို့ရမလဲ။ စမတ်ဟုမ်းနဲ့ အိမ်သုံးပစ္စည်းတွေကို မျှော်လင့်ထားနိုင်ပါတယ်။