သင်မ၀ယ်ခွင့်မရသေးသည့် အလန်းစားနည်းပညာများ

0
1877

        ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် အင်တာနက်တစ်ခွင်တွင် Crowdfunding Campaign ကဲ့သို့သော တီထွင်မှုအသစ်များကိုဝိုင်းဝန်းထောက်ပံ့ကြသည့်လှုပ်ရှားမှုများစွာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ Kickstarter သို့မဟုတ် Indiegogo တို့တွင်တစ်ချက်လောက်ဝင်ကြည့်လိုက်ရုံနှင့် ထူးထူးဆန်းဆန်း၊ အသုံးမ၀င်သည့် ရူးနှမ်းနှမ်း ပရောဂျက်ငယ်လေးများကြားတွင် တကယ့်ပရောဂျက်အစစ်အမှန်များကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။

ကလေးငယ်များအတွက် လက်ပတ်ဆက်သွယ်ရေးကိရိယာလေး MyFirst Fone

        ၂၀၁၈ခုနှစ်၏ World Product Name of the Year Award အတွက်ရေပန်းစားနေသည့် MyFirst Fone ဟာ မြင့်တက်လာသည့် Kid-Friendly Smartphone အမျိုးအစားအတွက် နောက်ဆုံးထွက်ကိရိယာလေးပဲဖြစ်ပါတယ်။ ကလေးငယ်များအနေနဲ့ ဆဲလ်ဖုန်းများမသုံးစွဲသင့်သည့်နှင့်ပတ်သက်ပြီး လုံးဝထောက်ခံပါတယ် အထူးသဖြင့် ခေတ်ပေါ်စမတ်ဖုန်းအမျိုးအစားများပဲဖြစ်ပါတယ်။ LED ဖုန်းမျက်နှာပြင်အား ကြာရှည်စွာစိုက်ကြည့်ခြင်း၊ စာရိုက်ခြင်း၊ နှင့် တစ်နေကုန် ဖုန်းကစားနေခြင်းတို့ဟာ ကလေးငယ်တွေကို အခြားသူများနှင့် အဓိပ္ပာယ်ပြည့်ဝသည့်

လူမှုဆက်ဆံရေးနည်းလမ်းတွေကို လေ့လာနိုင်မည့် တကယ့်လက်တွေ့လောကနှင့် အဆက်ပြတ်စေပြီး သူတို့ရဲ့အညွှန့်ချိုးနေတာပဲဖြစ်ပါတယ်။ ပြောကြသည့်အတိုင်း သင့်ကလေးတွေဘယ်နေရာပဲရောက်နေသည်ဖြစ်စေ သူတို့နဲ့ဆက်သွယ်မှုရှိနေခြင်းဟာ သူတို့အတွက်လုံခြုံစိတ်ချရာရောက်စေနိုင်ပါတယ်။

MyFirst Fone ဟာထိုကဲ့သို့သောပြဿနာကို ဖြေရှင်ပေးမည့် လက်ဝတ်စက်ပစ္စည်းကိရိယာလေးတစ်ခုပါ။ ဒါဟာကလေးငယ်တစ်ဦး၏လက်ကောက်ဝတ်တွင် ၀တ်ဆင်ထားနိုင်အောင် ဒီဇိုင်းထွင်ထားသည့် လက်ဝတ်စမတ်ဖုန်းအသေးစားလေးတစ်ခုဖြစ်ပြီး မိဘတွေနဲ့အဆက်မပြတ် ထိတွေ့မှုရှိနေမှာဖြစ်ကာ မိဘများအနေနဲ့လည်း GPS မှတဆင့် မိမိတို့ရဲ့ကလေးငယ်ကို အမြဲသတိထားစောင့်ကြည့်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကို ဂိမ်းကစားနေရင်း၊ အင်တာနက်သုံးစွဲနေရင်းပြုလုပ်နိုင်မှာပါ။ ဒါကြောင့် သင့်ကလေးတွေဟာ ကလေးသဘာဝအလျောက် စိတ်ရှိသလိုနေနိုင်မှာဖြစ်ပြီ လောကကြီးကို စူးစမ်းနိုင်တော့မှာဖြစ်ပါတယ်။

Hudly ရဲ့သင့်ကားအတွက် HUD

        ကားမောင်းရာတွင်အနှောင့်အယှက်ဖြစ်စေသည့် အခြေအနေများကိုကြည့်လိုက်ပါက စမတ်ဖုန်းများဟာ ကားအတွက်ဒီဇိုင်းထုတ်ထားတာမဟုတ်တာကို တွေ့ရမှာပါ။ အဆိုပါဖုန်းများတွင်ပါဝင်သည့် app များဟာ ကားမောင်းသူများကို လမ်းပေါ်မှအာရုံလွဲသွားစေပြီး လျပ်တပြက်ဆိုလျင်တောင် အလွန်အန္တရာယ်ရှိစေပါတယ်။ ထို့ကြောင့်  ကားမောင်းသူများကို လမ်းပေါ်မှာပဲအာရုံစိုက်စေရန် ဘယ်လိုကူညီကြမလဲ ဒါမှမဟုတ် သူတို့အတွက် လမ်းညွှန်ဆက်သွယ်ရေး application များအသုံးပြုခွင့်ပေးဦးမှာလား။ Hudly အတွက်တော့အဖြေရှိနေပါတယ်။ ကုမ္ပဏီ၏နောက်ဆုံးထုတ်ကုန်ဟာ အဆင်မြင့်ဆုံးသော Dashboard HUD များထဲမှတစ်ခုအပါအ၀င်ပဲဖြစ်ပြီး အခြားသော HUD များမှာဖြစ်ပွားနေတဲ့ ပြဿနာများကိုဖြေရှင်ဖို့ရန်ရည်ရွယ်ထားတဲ့ ပြိုင်ဖက်ကင်း Feature များလည်း ပါဝင်ပါတယ်။

သင့်စမတ်ဖုန်းမှမြေပုံကိုတိုက်ရိုက်ကြည့်ရှုစေခြင်းအစား Hudly app မှ သင့်စမတ်ဖုန်းလမ်းညွှန်ချက်များကို ဖန်သားတစ်ခုပေါ်တွင်အလင်းပြန်စေမည့် Hudly HUD ထံထုတ်လွှင့်ပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင်တော့ လမ်းပေါ်မှအာရုံလွဲစရာမလိုတော့ဘဲ သင့်လမ်းညွှန်ချက်တွေကိုကြည့်ရှုနိုင်ပြီပဲဖြစ်ပါတယ်။ ထို့အပြင် HUD ကိုယ်တိုင်က Standalone ပစ္စည်းတစ်ခုဖြစ်ပြီး သင့်စမတ်ဖုန်းနှင့် Wireless Connection အပေါ်မှီခိုထားတာပဲဖြစ်ပါတယ်။ သင်ကားမောင်းတိုင်း သင့်ဖုန်းကိုချောင်ထိုးထားစရာမလိုတော့ပါဘူး။ ဖုန်းဖွင့်ကာ Application ဖြင့်ချိတ်ဆက်ပြီး အေးဆေးကားမောင်းလို့ရပါပြီ။

လျင်မြန်စွာ ရေခဲမှုန်ခွာပေးမည့်လင်ပန်း Yeti Touch

        သင့်အစားအစာများကို ရေခဲမှုန်များဖယ်ရှားရခြင်းဟာ ပင်စင်အတွက်ငွေစုရသလိုပါပဲ။ သင်သာကြိုတင် စီစဉ်ထားရှိပါက ပြဿနာကြီးမဟုတ်ပေမယ့် သင်ကြိုတင်စီစဉ်ထားခြင်းမရှိပါက ဒုက္ခရောက်တော့တာပါပဲ။ ယေဘုယျအားဖြင့် သင့်အမဲသားကို ရေခဲသေတ္တာမှထုတ်ဖို့မေ့နေလျင် သင်ရွေးစရာနည်း၂နည်းရှိပါတယ်။ မိုက်ခရိုဝေ့မီးဖိုထဲထည့်လိုက်မလား ပြီး လျင်မြန်စွာရေခဲဖယ်ရှာပြီး ရာဘာပြားပုံစံဖြစ်သွားစေချင်သလား၊  ဒါမှမဟုတ် စဉ့်တီတုံးပေါ်တွင် သဘာဝအတိုင်းလှီးဖြတ်ပြီး ညစာစာသုံးမလားဆိုပါပဲ။ ထိုနည်းလမ်းနှစ်ခုလုံးကတော့ သိပ်အဆင်ပြေတယ်မရှိပါဘူး။ ဒါပေမယ့် တခြားပိုကောင်းတဲ့နည်းလမ်းတစ်ရှိနေတယ်ဆိုပါစို့။ သင့်အသားကို မူရင်းအရသာ၊ အသားအရည်အသွေးအတိုင်း လတ်လတ်ဆတ်ဆတ်လှီးဖြတ်နိုင်မယ့်နည်းပါ။

ဒီအတွက်ကိုပဲ Yeti Touch ရေခဲမှုန်ခွာလင်ပန်းကိုတီထွင်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဥာဏ်ကြီးရှင် ဒီဇိုင်းထုတ်လုပ်သူများ၏ကျေးဇူးဖြင့် အေးခဲနေသည့်အသားများကိုအချိန်တိုတိုနှင့် ရေခဲများကွာကျရန်ပြုလုပ်နိုင်ပြီး ပုံမှန်သဘာဝအတိုင်း လှီးဖြတ်ချက်ပြုတ်နိုင်ပြီပဲဖြစ်ပါတယ်။ ဥပမာအနေနဲ့ ရေခဲတုံးတစ်တုံးသည် သာမန်အခန်းအပူချိန်တွင် လုံးဝပျော်ကျသွားစေရန် မိနစ်၂၀ခန့်အချိန်ကြာပြီး Yeti ဖြင့်ဆိုပါက ၄မိနစ်သာကြာမှာပါ။

သက်တောင့်သက်သာအသုံးပြုနိုင်မည့် Gaming Keyboard လေး Dygma Raise

        Keyboard များနှင့် Mouse များကိုမူလအနေနဲ့ ဂိမ်းကစားရန်ထုတ်လုပ်ခဲ့တာမဟုတ်ပါဘူး။ ယနေ့ခေတ်တွင် ဂိမ်းကစားဖို့ရန်ရည်ရွယ်ထုတ်လုပ်ထားသည့် Keyboard များ၊ Mouse များစွာရှိသော်လည်း တော်တော်များများဟာ လိုအပ်ချက်များ၊ စွမ်းဆောင်ရည်ကျဆင်းမှုများရှိနေပါတယ်။ ဒါကြောင့် Luis Sevilla မှဖြေရှင်းချက်တစ်ခု ပြုလုပ်ဖန်တီးလိုက်ပါတယ်။ Dygma Raise ကိုကျွမ်းကျင်ဂိမ်းကစားသူများအတွက် ဦးတည်ဒီဇိုင်းထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ဒီ Keyboard ကိုအဓိကအားဖြင့် သက်တောင့်သက်သာဖြစ်စေရန် ဦးတည်ထားပါတယ်။  သာမန် Keyboard တစ်လုံးနှင့်ဆိုပါက လက်ကောက်ဝတ်တွေကို လက်သန်းဖက်ကွေးပြီး အသုံးပြုရပါတယ်။ အနည်းငယ်မတင်ပြီးလှည့်လိုက်ကာ တစ်ဝက်စီခွဲလိုက်ပါက သင့်လက်ကောက်ဝတ်ကို အနေအထားမှန်စေပြီး အချိန်ကြာမြင့်မှုကြောင့် လက်နာခြင်းများကို လျော့ချပေးသွားမှာပါ။ Keyboard တစ်ဝက်စီကြားကိုလည်း အကွာအဝေးကို သင့်ပုခုံးရှေ့တည့်တည့်တွင်ထားရှိခြင်းဖြင့် အတွင်းပိုင်းပုခုံးနာကျင်ခြင်းကို လျော့ချပေးသွားမှာပါ။

Dygma Raise ကိုစိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်မှာဖြစ်ပြီး သာမန် Keyboard  များတွင်မပါဝင်သည့် ခလုတ်လေးများလည်းပါဝင်ပါတယ်။ Spacebar   ကို၎ခုခွဲပိုင်းထုတ်ပစ်ပြီး ထိုအောက်တွင် Key လေးခုအပိုထည့်ထားပါတယ်။ သင့်ရဲ့လက်မကိုသဘာဝအတိုင်း အနာပေးသလိုဖြစ်နေစေတာကြောင့် အသုံးပြုရာတွင် သက်တောင့်သက်သာရှိနေစေမှာပါ။

Vinci 2.0-Smart Wireless Headphone များ

        Kickstarter တွင်ဒေါ်လာ၁သန်းခန့် ထောက်ပံ့ငွေရရှိပြီး၂၀၁၇ခုနှစ် Luxury Tech Show တွင်အားလုံးကိုစိတ်ဝင်စားစေခဲ့သည့် ကုမ္ပဏီ၏ Vinci over-ear Headphone များနှင့်အတူ Vinci 2.0 ဟာတူမတူသည့် ဒီဇိုင်း၊ စိတ်ဝင်စားဖွယ်လုပ်ဆောင်ချက်များဖြင့် ထွက်ရှိလာပြန်ပါပြီ။ နားကြပ်အကွေးဟာ ပဉ္စဂံပုံစံရှိပြီး OLED Touchscreen လေးတစ်ခုလည်းပါဝင်ပါသေးတယ်။ အလေးချိန်အနေနဲ့ ၉၀ဂရမ်ခန့်ရှိပါတယ်။

Vinci 2.0 တွင် Lite မော်ဒယ်အတွက် 8GB Storage ပါဝင်ပြီး Pro မော်ဒယ်အတွက် 16GB Storage ပါဝင်ကာ Super မော်ဒယ်အတွက် 32GB Storage ပါဝင်ပါတယ်။ ထို့ကြောင့် သင့်အားကစားလုပ်ရင်း သယ်ယူသွားနိုင်မှာပါ။ Virtual Assistant နှစ်ခုဖြစ်သည့် Amazon ၏ Alexa နှင့် Inspero ၏ Vinci တို့ပါဝင်သည့်အတွက် သီချင်းများကိုလိုသလိုပြောင်းလဲခြင်း၊ Uber အားခေါ်ဆိုခြင်း၊ ရာသီဥတုအခြေအနေ စစ်ဆေးခြင်းများတို့ကို အသံဖြင့်အမိန့်ပေးခိုင်းစေနိုင်မှာပဲဖြစ်ပါတယ်။ Vinci 2.0 တွင် Bluetooth ရော Wifi ပါအသုံးပြုနိုင်မှာဖြစ်ပြီး Alexa နှင့် Vinci တို့ကိုအပိုပစ္စည်းမပါဘဲ အသုံးပြုနိုင်မှာပါ။ သင်အပြေးလေ့ကျင့်ခန်းထွက်လုပ်၍ Wifi connection မမိတော့လျင်လည်း Headphone များတွင် 3G စနစ်ထောက်ပံ့ပေးထားသည့်အတွက် Voice Assistant အတွက်မည်သည့်နေရာမှဖြစ်စေ အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။