စမတ်ကားဆိုတာ ဒီလိုဖြစ်သင့်ကြောင်း Byton ပြသ

0
328

 

Byton ဆိုတာကတော့ touchscreen dashboard ကြီးပါဝင်ပြီးတဲ့အတွက် ကားအတွင်းမှာ ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။

စာရွက်ပေါ်ကအချက်အလက်တွေအရ အဲဒီလျှပ်စစ်ကားဟာ လုပ်ဆောင်ချက် ဒါမှမဟုတ် ဈေးနှုန်းမှာ Tesla က မယှဉ်နိုင်ပါဘူး။ အနာဂတ်ကလူတွေဟာ မြင်းကောင်ရေအားထက် “digital power” ကို ပိုဂရုစိုက်လာလိမ့်မယ်လို့ BBC ကို ပြောခဲ့ပါတယ်။

BMW အလုပ်သမားဟောင်းနဲ့ Apple ၀န်ထမ်းများပေါင်းပြီး လုပ်ဆောင်ထားတဲ့ ကားအသစ်ကို ပြသခြင်း ဖြစ်ပေမယ့် ကျွမ်းကျင်သူတွေကတော့ လိုအပ်တဲ့အရာတစ်ခုရှိနေကြောင်း ထောက်ပြခဲ့ပါတယ်။ အဲဒါကတော့ အားသွင်းစနစ်ပါပဲ။

Byton ဆိုတဲ့နာမည်ကတော့ Bytes on Wheels ဆိုတဲ့ နာမည်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

“ဈေးကွက်ထဲကို ပထဆုံးသော စမတ်ကားအစစ်ကို ယူဆောင်လာတဲ့ ကုမ္ပဏီဖြစ်ချင်ပါတယ်” လို့ အမှုဆောင်တစ်ဦးဖြစ်သူ Carsten Breitfeld က ဆိုပါတယ်။

Las Vegas က နှစ်စဉ်ကျင်းပနေတဲ့ CES trade show မှာ BBC ရဲ့ exclusive look အနေနဲ့ Byton က ပေးစွမ်းခဲ့တာပါ။ အတော်လေး သိုသိပ်ထားနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

တရုတ်ဆီကနေ ငွေကြေးတွေကို ထောက်ပံ့မှုယူပြီးတော့ လုပ်ဆောင်ခဲ့တာပါ။ ကားကုမ္ပဏီအသစ်တွေ ကျရှုံးရခြင်းကို မြင်ပြီးတော့ ဘယ်လိုမျိုးကိုင်တွယ်ဖြေရှင်းရမလဲဆိုတာလည်း သိထားတယ်လို့ သူတို့က ယုံကြည်ကြပါတယ်။

ပြဿနာအကြီးကြီးကိုဖြေရှင်းဖို့အတွက် Byton ဟာ Tesla ရဲ့ Elon Musk ရဲ့ ညှိနှိုင်းမှု လုပ်ဖို့လိုအပ်လာပါတယ်။

Screen အကြီးကြီး

“ကျွန်တော်တို့ ကြိုးစားကြည့်ချင်တာကတော့ ကားအပြင်ကသင့်ရဲ့ဘ၀နဲ့ ကားအတွင်းက သင့်ရဲ့ခံစားမှုကို ပေါင်းစပ်ချင်တာပါ” လို့ Byton ရဲ့ Intelligent Car Experience ပိုင်းကို တာဝန်ယူထားတဲ့ Jeff Chung က ပြောပါတယ်။

ကျွန်တော်တို့ရှေ့မှာ ကြီးမားတဲ့ display ကြီးရှိနေပြီးတော့ သူဟာ dashboardတစ်ခုလုံးစာကို လွှမ်းမိုးထားပါတယ်။ နေ့အချိန်မှာတော့ အဖြူတောက်တောက်ဖြစ်နေပြီး ညအချိန်မှာတော့ မှိန်သွားတဲ့အတွက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေတာမျိုးလည်း နည်းပါးသွားစေပါတယ်။

အဲဒီ screen ကတော့ Apple Mac အဖွဲ့မှာပါခဲ့ဖူးတဲ့ Mr Chung လုပ်ရတဲ့အခန်းဖြစ်ပြီးတော့ သူက “digital lounge” လို့ အမည်ပေးထားပါတယ်။ တစ်ခုလုံးကို touch ၊ အသံ၊ Minority Report-esque gestures များနဲ့ ထိန်းချုပ်နိုင်ပါတယ်။

တက်ဘလက်ကွန်ပျူတာကိုလည်း စတီယာတိုင်ရဲ့အလည်မှာ ထားရှိထားပြီး အနောက်ဘက်ကထိုင်တွေရဲ့ အရှေ့မှာလည်း screen အပိုတစ်ခုစီပါဝင်တာကို တွေ့ရမှာပါ။

main display ကတော့ ဗွီဒီယို၊ ပြက္ခဒိန်၊ မြေပုံ၊ ကျန်းမာရေးအချက်အလက်၊ အစရှိသဖြင့် ပြသပေးနိုင်ပါတယ်။ ကားထဲမှာထိုင်လိုက်နဲ့ အတွင်းကင်မရာတွေက သင့်ကိုသိရှိပြီးတော့ သင့်ရဲ့ profile ကို ဆွဲတင်လိုက်ပါတယ်။ ထိုင်ခုံချိန်ညှိခြင်းက အစပြုလို့ အခြားသော သင့်စိတ်ကြိုက်ပုံစံတွေဖြစ်အောင် အလိုအလျောက်ပြင်ဆင်ပေးသွားမှာပါ။

self-driving mode  ဒါမှမဟုတ် အရှေ့ထိုင်ခုံကပစ္စည်းတွေကို အခြားသူတွေဘက်လှည့်နိုင်ခြင်းက ပိုပြီးသက်တောင့်သက်သာရှိသလို အဆင်လည်းပြေပါတယ်။ ကားရဲ့ အလည်ပိုင်းကိုဖွင့်လိုက်ရင်တော့ အနောက်ကလူတွေလည်း display အကြီးကြီးကို မြင်နိုင်ပြီပေါ့။

ကျွန်တော်မြင်ဖူးသမျှကားတွေထဲမှာတော့ ခေတ်မီဆန်းသစ်ဆုံး interface တစ်ခုပါပဲ။ ဒါပေမယ့် Mr Chung ဟာ သင့်ရဲ့လက်တွေကို စတီယာတိုင်ပေါ်ကနေ ဖြုတ်ပြီးတော့ တွန့်လိမ်နေစေတာကတော့ ကားမောင်းနေတဲ့အချိန်မှာ အတော်လေး အနှောင့်အယှက်ဖြစ်စေတယ်လို့ တွေးမိပါတယ်။

“တကယ်တော့ ကျွန်တော် လက်ခံပါတယ်” လို့ သူကပြောပါတယ်။

“ဒါပေမယ့် feature အားလုံးကို touch နဲ့ အသုံးပြုနိုင်မှာပါ။ ပြီးတော့လည်း တက်ဘလက်ကနေတစ်ဆင့် ရွေးချယ်မှုအားလုံးကို gesture တွေနဲ့လည်း အသုံးပြုနိုင်ဦးမှာပါ။”

“ကားကို ၀ယ်ပြီးတဲ့နောက်မှာ gesture တွေကို လူတွေအသုံးမပြုချင်ဘူးဆိုရင်လည်း ကျွန်တော်တို့ဟာ သိမ်းပေးလို့ရပါတယ်။”

“gesture သုံးဖို့အတွက် အတင်းတိုက်တွန်းသွားမှာ မဟုတ်ပါဘူး။ သုံးစွဲသူစိတ်ကြိုက်ဖြစ်စေရေးက အဓိကသော့ချက်ပါပဲ။”

Tesla ပြိုင်ဘက်

လူမှုကွန်ရက်တွေမှာ ပျံ့နှံ့သွားခဲ့လို့ ကျွန်တော်စမ်းသပ်မောင်းနှင်ခဲ့ပေမယ့် အကျယ်အ၀န်းက warehouse သေးသေးလေးမှာပဲ စမ်းခဲ့ရတာပါ။

ကားရဲ့လုပ်ဆောင်ချက်ကို စစချင်းထိတွေ့လိုက်တဲ့အခါ ဘာစကားမှ မပြောနိုင်တော့ပါဘူး။ ငါးစက္ကန့်အတွင်း 0-60mph (0-97km/h) ကို သွားနိုင်ပါတယ်။

Tesla ရဲ့ $35,000 Model 3 ကို Byton ရဲ့ $45,000 ကနှေးသွားစေပါတယ်။

Benchmark တွေအရဆိုရင်တော့ Byton ဟာ အထင်ကြီးစရာနည်းပါတယ်။ ဒါပေမယ့် Mr Breitfeld ကတော့ ပျောက်ဆုံးနေတဲ့အချက်ကို ပြန်ရှာနိုင်လိမ့်မယ်လို့ ထင်ထားပါတယ်။

ကျွန်တော်တို့ရဲ့ စမတ်ဖုန်းတွေလိုပဲ သုံးစွဲသူအများစုက မြန်ဆန်တဲ့ အချက်အလက်တွေကိုမူတည်ပြီး ၀ယ်တာထက် သူတို့အကြိုက် အကောင်းဆုံး software ပါတဲ့ဖုန်းကို ရွေးဝယ်ကြတာပါ။ ကင်မရာကောင်းတာ အစရှိသဖြင့်ပေါ့။

ကားကို “level 4” autonomy လို့ခေါ်တဲ့ ကားမောင်းသူအိပ်နေရင်တောင် အဆင်ပြေတဲ့အခြေအနေရောက်အောင် sensor တွေကို အသုံးပြုထားပါတယ်။

ဒီကားဟာ နှစ်အတန်ကြာအောင် ထွက်လာမှာ မဟုတ်သေးပါဘူး။ စစချင်းမှာတော့ “level 3” လို့ခေါ်တဲ့ အလိုအလျောက်မောင်းစနစ်သာ ရနိုင်ပါဦးမယ်။ ထိန်းချုပ်မှုတွေကို သတိပြုနေဖို့ မောင်းနှင်သူကတော့ လိုက်ကြည့်နေရပါဦးမယ်။

စတင်တည်ဆောက်ခြင်း

မနှစ်က Faraday Future ဟာ သူ့ရဲ့ FF91 ကားကို စတင်တည်ဆောက်ဖို့အတွက် ထုတ်ပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ Nevada မှာရှိတဲ့ စက်ရုံကြီးမှာ တည်ဆောက်ဖို့အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ LeEco မှ Jia Yueting ကတော့ ငွေကြေး ပြဿနာတွေကြောင့် နောက်ဆုတ်လိုက်ရတယ်လို့ ဆိုပါတယ်။

Faraday Future ကတော့ လက်တွေ့မှာမဖြစ်နိုင်တဲ့ အယူအဆတွေကို ဖန်တီးဖို့အတွက် လုပ်ဆောင်ခဲ့ကြတဲ့ ကားကုမ္ပဏီအသစ်တွေရဲ့ လမ်းစဉ်ကို လိုက်ခဲ့တာပါ။

Tesla တောင် သူ့ရဲ့ Model 3 ကို ၀ယ်လိုအားနဲ့ကိုက်ညီအောင် မနည်းရုန်းကန်နေရတာပါ။ ရင်းနှီးသူတွေတောင် အနည်းငယ်စိတ်ပျက်နေပါပြီ။

Mr Breitfeld ကတော့ Byton ဟာ အဲဒီလိုဖြစ်ရပ်ကနေ ရှောင်နိုင်လိမ့်မယ်လို့ ခံစားရတယ်လို့ BBC ကို ပြောပါတယ်။

“BMW မှာ အနှစ်နှစ်ဆယ်ကြာအောင် i8 ပရိုဂရမ်တွေ လုပ်ဆောင်ခဲ့တယ်” လို့ သူကဆိုပါတယ်။

“လုပ်ငန်းကြီးဖြစ်တဲ့ ကားကိုဘယ်လိုဈေးကွက်ဝင်အောင် လုပ်မလဲဆိုတာကို သိတဲ့သူတွေနဲ့ ဘုတ်ထောင်ပြီးတော့ ကုမ္ပဏီကို ပထမဆုံးနေ့ကတည်းက နည်းလမ်းမှန်မှန်နဲ့ စတင်ခဲ့တာပါ။ တည်ဆောက်မှုကို တရုတ်နိုင်ငံ Nanjingက စက်ရုံမှာ စတင်ခဲ့တာပါ။ အတော်လေးအဆင်ပြေနေပါပြီ။”

Faraday Future နဲ့ မတူတာကတော့ သူတို့ဟာ ရင်းနှီးသူတစ်ယောက်ထဲက ထိန်းချုပ်မှုကို ခံနေရတာမဟုတ်ပါဘူး။ ရင်းနှီးသူတွေထဲမှာ တရုတ်အင်တာနက်လုပ်ငန်းက အကောင်ကြီးဖြစ်တဲ့ Tencent လည်း ပါဝင်ပါတယ်။

ရုန်းကန်အား

ကျွန်တော်စစချင်းတုန်းကပြောခဲ့ပါတယ်။ Byton မှာ အားအမြန်သွင်းမှု မပါဝင်ပါဘူး။

Tesla ကတော့ 8,496 superchargers တွေကို ပေးထားပေမယ့် Byton ကတော့ ဇီးရိုးပါပဲ။

Mr Breitfeld ကတော့ Tesla ဟာ သူ့ရဲ့ station တွေကို မျှဝပေးဖို့ ပျော်လောက်ပါတယ်လို့ မျှော်မှန်းထားပါတယ်။ အဲဒီလိုမဟုတ်ရင်လည်း မျှဝေအောင် လုပ်ဆောင်ရမှာပါ။

“ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီအချင်းချင်း အခြေခံအဆောက်အအုံတွေကို မျှဝေသုံးစွဲရမှာပါ” လို့ သူကဆိုပါတယ်။

“ဒါက တကွဲတပြားလုပ်ဆောင်ရမယ့်အရာ မဟုတ်ပါဘူး။ လုပ်ငန်းတစ်ခုလုံးကို အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။”

Tesla ကတော့ ဘာမှမတုံ့ပြန်သေးပါဘူး။ Mr Breitfeld ကလည်း ဘယ်လိုဆွေးနွေးသလဲဆိုတာကို မပြောပြပါဘူး။

“Tesla အနေနဲ့ကလည်း သူတို့အတော်လေးကြိုးစားထားတဲ့ အခြေခံအဆောက်အအုံကို ပြိုင်ဘက်ကို မျှဝေဖို့ဆိုတာက အတော်လေး မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဖြစ်ခဲ့ရင်တော့ ပိုကောင်းတဲ့ အနာဂတ်တစ်ခုကို ဖန်တီးနိုင်မှာပါ” လို့ CCS Insight အကြံပေးရဲ့ လေ့လာသူတစ်ယောက်ဖြစ်တဲ့ Ben Wood က မှတ်ချက်ပြုခဲ့ပါတယ်။

“ဒါဟာ လျှပ်စစ်ကားတွေရဲ့ စိန်ခေါ်မှုကို မီးမောင်းထိုးပြလိုက်ခြင်းပါ။ ကားတွေတည်ဆောက်ခြင်းက ဒီနေ့ခေတ်မှာ ရိုးရှင်းလာပါတယ်။ ဒါပေမယ့် ဘာတွေဖြစ်ပျက်နေသလဲဆိုတာကိုတော့ သိရပါလိမ့်မယ်။ အားသွင်းတဲ့ အခြေခံအဆောက်အအုံ၊ အရာအားလုံးက စိန်ခေါ်မှုတွေပါပဲ။”

Tesla ကတော့ သူ့ရဲ့ charger တွေကို အရင်တုန်းက မျှဝေဖို့ ဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၄ခုနှစ်က Mr Musk ဟာ အခုလိုမျှဝေသုံးစွဲခြင်းအတွက် သက်ဆိုင်ရာကုန်ကျစရိတ်ကို ပေးခဲ့ရတယ်လို့ ပြောခဲ့ဖူးတာရှိပါတယ်။

“supercharger network ရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ခြံတစ်ခုထဲ လှနေဖို့ မဟုတ်ပါဘူး” လို့ Mr Musk က ပြောခဲ့ဖူးပါတယ်။

“အခြားသောထုတ်လုပ်သူတွေကလည်း ဒီဟာကိုအသုံးပြုဖို့ စိတ်ဝင်စားကြပါတယ်။ ကျွန်တော်တို့ကလည်း ပူးပေါင်းဖို့ ပျော်ရွှင်မိပါတယ်။ အသုံးပြုမှုအပေါ်မူတည်ပြီးတော့ အချိုးကျပေးဆောင်ဖို့တော့ လိုအပ်ပါတယ်။”

Mr Breitfeld ကတော့ ၀မ်းမြောက်စရာတစ်ခုပါပဲ။

ဒီတော့ ကားbrand အမျိုးမျိုးအတွက် ဆီဆိုင်တွေ အမျိုးမျိုးဖွင့်စရာ မလိုအပ်တော့သလို လျှပ်စစ်ကားတွေအတွက်လည်း အားသွင်းတဲ့နေရာအမျိုးမျိုး လုပ်နေစရာမလိုအပ်တော့ပါဘူးလို့ သူကဆိုပါတယ်။