18-Core Liquid-Cooled Desktop ကွန်ပျူတာအပါအ၀င် Acer ၏ Gaming PC သစ်များ စတင်ကြော်ငြာ

0
2049

Gaming PC များမပါဝင်ဘဲ Acer CES ပွဲဆိုတာဖြစ်လာမှာမဟုတ်ပါဘူး။ ယခုနှစ်မှာလည်း Desktop ကွန်ပျူတာများအပေါ် အဓိကပစ်မှတ်ထားထားပါတယ်။ အဆိုပါ ကွန်ပျူတာကုမ္ပဏီမှ အထူးကွန်ပျူတာနှစ်မျိုးကို မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ ပုံမှန်ဂိမ်းကစားသူများအတွက်ရည်ရွယ်ထုတ်လုပ်ထားသည့် အမေရိကန်ထုတ် Predator Orion 900 Desktop ကွန်ပျူတာတွင် 128GB RAM ၊ GeForce GTX 1080Ti နှစ်ခု၊ 18-Core Intel Core i9 နှင့်အထက်အပါအ၀င် အဆင့်မြင့်ပါဝင်စက်ပစ္စည်းများကို အသံငြိမ့်ငြိမ့်လေးနဲ့ ၀န်ပိုလုပ်ဆောင်နိုင်ရန် အရည်ဖြင့်အအေးခံသည့်စနစ် (Liquid Cooling System) နှင့် အပိုင်းလိုက်လေကြောင်းစီးဆင်းစေသည့်စနစ် ( Partitioned Airflow System) တို့ကို ပေါင်းစပ်အသုံးပြုထားပါတယ်။

ကွန်ပျူတာကိုယ်ထည်ပိုင်းကိုလည်း LAN Parties များအတွက် လက်ကိုင်များ၊ ဘီးလုံးလေးများပါဝင်သည့် အထူးဒီဇိုင်းသီးသန့်ထုတ်လုပ်ထားပြီး လျင်မြန်စွာ Upgrade များပြုလုပ်နိုင်ရန် Tool-Free Window ကလည်း ကူညီပေးသွားမှာပါ။ Type-C နှင့် Type-A USB 3.1 Gen 2 Port ၂ခု၊ Type-C USB 3.1 Port ၁ခု၊ Type-A USB 3.1 Port ၇ခု၊ နှင့် USB 2.0 Port ၂ခုပါဝင်ပါတယ်။ အဆိုပါ Orion 9000 ကိုဖေဖော်ဝါရီလတွင်း စတင်ထုတ်လုပ် ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၁၉၉၉ဒေါ်လာမှစတင်မည်ဖြစ်ပါတယ်။ Acer မှဈေးနှုန်းကိုတိတိကျကျ ပြောဆိုထားခြင်းမရှိသော်လည်း အဆိုပါ 18-Core ထုတ်ကုန်ဟာ ဒီထက်ပိုပြီးကုန်ကျဖို့ပဲရှိမှာပါ။

Acer ၏ Laptop အသစ်ကတော့ ရောက်ရာနေရာတွင် ဘတ္တရီအားလုံလုံလောက်လောက်နှင့် ကစားလိုသော သာမန်ဂိမ်းကစားသူများအတွက်ရည်ရွယ်ထားသည့် ၁၅လက်မအရွယ်ရှိ Nitro 5 ပဲဖြစ်ပါတယ်။ Ryzen Mobile Processor ၊ Radeon RX560 Video Graphic ပါဝင်ပြီး Solid-State Drive အနေနဲ့ 512GB နှင့်အထက်ပါဝင်ကာ 32GB RAM နှင့် USB Type-C၊ Gigabbit Ethernet၊ HDMI 2.0 တို့ပါဝင်မှာပဲဖြစ်ပါတယ်။ Nitro 5 အတွက် ဈေးနှုန်းကတော့ ၇၉၉ဒေါ်လာမှစတင်မှာဖြစ်ပြီး ဧပြီလတွင်စတင်ရောင်းချပေးသွားမှာပဲဖြစ်ပြီး ပေးရတာနဲ့တန်သည့် ပစ္စည်းအရည်အသွေးကိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။