၂၀၁၈မှာ Apple ထုတ်လာနိုင်တဲ့ နည်းပညာပစ္စည်း ၁၆ မျိုး

0
717

 

၂၀၁၇လိုပဲ ၂၀၁၈ဟာလည်း Apple အတွက် ထုတ်ကုန်အသစ်တွေနဲ့ အဓိကနှစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ Apple ရဲ့ ပထမဆုံးသော စမတ်စပီကာဖြစ်တဲ့ HomPod ဟာ iPhone X ရဲ့ second-generation version နဲ့အတူ တွဲဖက်ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

Face ID နဲ့ iPad Pro အသစ်ကလည်း လုပ်ဆောင်နေပါတယ်။ Apple ရဲ့ AirPower ကြိုးမဲ့အားသွင်းစနစ်ပါဝင်တဲ့အပြားလေးကိုလည်း ပွဲဦးထွက်မယ့်နှစ်တစ်ခု ဖြစ်ပါတယ်။ အဲဒီနောက်မှာ Mac ရဲ့ refresh ၊ software အသစ်၊ Apple Watch အသစ်နဲ့ modular Mac Pro အသစ်လည်း ထွက်လာနိုင်ပါတယ်။
၂၀၁၈ခုနှစ်မှာ Apple ဆီကနေ မျှော်လင့်ထားလို့ရနိုင်တဲ့ ထုတ်ကုန်တွေကို အရင်ထွက်လာတဲ့သတင်းတွေနဲ့ ကောလဟာလတွေကို အခြေခံပြီးတော့ တင်ပြပေးလိုက်ပါတယ်။

HomePod -၂၀၁၈အစောပိုင်း

HomePod ဟာ Apple ရဲ့ ပထမဆုံးသော Wi-Fi ချိတ်ဆက်ထားတဲ့ စမတ်စပီကာဖြစ်ပါတယ်။ လက်ရှိခေတ်စားနေတဲ့ Amazon Echo နဲ့ Google Home တို့ကို ပြိုင်ဆိုင်ဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ ထွက်ရှိဖို့လုပ်ဆောင်ခဲ့ပေမယ့်လည်း Apple ရဲ့ နှောင့်နှေးမှုတွေကြောင့် ၂၀၁၈ အစောပိုင်းဆိုပြီးတော့ မသေမချာဖြစ်သွားပါတယ်။
HomePodနဲ့အတူ Apple ဟာ အသံအရည်အသွေးကို 7 tweeter array နဲ့ အထူးပြုလုပ်ဆောင်ထားပါတယ်။ တစ်ခုချင်းစီမှာလည်း ကိုယ်ပိုင် driver တွေရှိပြီးတော့ အပေါ်ဘက်ကို မျက်နှာမူထားတဲ့ လေးလက်မ woofer တစ်လုံးလည်း ပါဝင်ပါတယ်။ A8 chip ဟာ spatial awareness feature ပါဝင်တဲ့အတွက်ကြောင့် အခန်းကိုသုံးသပ်နိုင်ပြီးတော့ အသံကို ချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။
HomePod ထဲမှာ Siri ကို ထည့်သွင်းထားမှာဖြစ်ပြီးတော့ Apple Music subscriber တွေအတွက်လည်း Apple Music ကို ပေါင်းစပ်ပေးထားပါတယ်။ six-microphone array ကို အသုံးပြုထားတဲ့အတွက် HomePod ဟာ Siri command တွေကို အခန်းရဲ့ ဘယ်နေရာကပေးပေး သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Siri ကို သီချင်းဖွင့်ဖို့၊ မေးခွန်းတွေဖြေဖို့နဲ့ အခြားအရာများစွာ အသုံးပြုနိုင်ပါတယ်။

HomePod ဘယ်အချိန်မှာထွက်ရှိလာမလဲဆိုတာ သေချာမသိပေမယ့် ၂၀၁၈ ရဲ့ စစချင်းသုံးလလောက်မှာ ထွက်လာသင့်ပါတယ်။ ဈေးနှုန်းကတော့ ၃၄၉ဒေါ်လာနဲ့ ရောင်းချဖို့ စီစဉ်ထားပါတယ်။

iPhone အသစ်သုံးလုံး – ၂၀၁၈ စက်တင်ဘာ

၂၀၁၇ မှာ iPhone X ၊ iPhone 8 နဲ့ iPhone 8 Plus တို့ကို မိတ်ဆက်ခဲ့ပြီး ၂၀၁၈ မှာလည်း မော်ဒယ်လ်သုံးမျိုးထွက်လာလိမ့်မယ်လို့ ကောလဟာလတွေ ထွက်နေပါတယ်။

iPhone X ရဲ့ နောက်ဆက်တွဲအနေနဲ့ ထွက်ရှိလာမယ့်ဖုန်းကိုတော့ ၅.၈လက်မ OLED display နဲ့ထွက်လာဖို့ မျှော်မှန်းထားပါတယ်။ ၆.၅လက်မရှိတဲ့ OLED iPhone တစ်လုံးကိုလည်း လုပ်ဆောင်နေတယ်လို့ ပြောနေကြပါတယ်။ အဲဒါကတော့ iPhone X Plus ဖြစ်လာနိုင်တယ်လို့ ယူဆထားပါတယ်။
OLED iPhone နှစ်လုံးအပြင် Apple ဟာ ၆.၁လက်မ iPhone ကို LCD display နဲ့ မိတ်ဆက်ဖို့ စီစဉ်နေတယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ တန်ဖိုးနည်း၊ တန်ဖိုးသင့်ဈေးကွက်တွေကို ရည်ရွယ်တဲ့ ဖုန်းဖြစ်ပြီးတော့ ယူအက်စ်မှာ ၆၄၉ ဒေါ်လာကနေ ၇၄၉ ဒေါ်လာအထိ သတ်မှတ်ရောင်းချနိုင်ပါတယ်။
KGI Securities မှ လေ့လာသူတစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo ကတော့ iPhone သုံးလုံးမှာ edge-to-edge display ၊ Face ID နဲ့ TrueDepth camera စနစ်ပါဝင်မှာမို့ Home button နဲ့ Touch ID fingerprint sensor တို့ရဲ့ ဇာတ်သိမ်းခန်းရောက်သွားပြီလို့ ဆိုလိုက်ခြင်းဖြစ်ပါတယ်။
Kuo ကတော့ ၅.၈လက်မ မော်ဒယ်လ်မှာ 458 pixels display – iPhone X လို 1125 x 2436 resolution ရှိမယ်လို့ ယုံကြည်နေပြီး ၆.၅လက်မ OLED မော်ဒယ်လ်မှာတော့ 480 ကနေ 500 pixels အထိ ပေးနိုင်လိမ့်မယ်လို့ ယူဆထားပါတယ်။ LCD မော်ဒယ်လ်ကတော့ ဈေးသက်သာတာမို့ resolution နည်းတဲ့ LCD display ကို အသုံးပြုထားနိုင်ပြီး 320 ကနေ 330 pixels အထိ ရနိုင်ပါတယ်။ သင်သိထားတဲ့အတိုင်းပါပဲ Kuo ရဲ့ ခန့်မှန်းချက်တွေက အတော်လေးကို တိကျပါတယ်။ သူဟာ iPhone X launch မလုပ်ခင်ကတည်းက သတင်းအတိအကျကို မျှဝေပေးနိုင်သူလည်း ဖြစ်ပါတယ်။ ဒါကြောင့် iPhone အသစ်သုံးလုံးကလည်း ခိုင်လုံလောက်ပါတယ်။

2018 iPhone တွေမှာ Face ID နဲ့ edge-to-edge display တွေအပြင် ဘယ်လိုမျိုး feature တွေများ ပါလာနိုင်သလဲဆိုတာကို မသိရသေးပါဘူး။ ဒါပေမယ့် မြန်ဆန်ကောင်းမွန်တဲ့ ပရိုဆက်ဆာအသစ်ကတော့ ကျိန်းသေပါတယ်။ Apple ဟာ ပိုမိုကောင်းမွန်တဲ့ ဘတ်ထရီနည်းပညာကို စမ်းသပ်နေတာမို့ ဘတ်ထရီသက်တမ်းကလည်း ပိုကောင်းလာနိုင်ပါတယ်။  LTE modem အသစ်တွေလည်း လုပ်ဆောင်နေတာမို့ မြန်ဆန်တဲ့ LTE စနစ်ကိုလည်း ခံစားနိုင်တော့မှာပါ။

iPhone အသစ်အားလုံးမှာ iPhone X လိုမျိုး အခြေခံဒီဇိုင်းတွေကတော့ တူညီနိုင်ပါတယ်။ ကြိုးမဲ့အားသွင်းစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ ဖန်ကိုယ်ထည်ပါဝင်မှာပါ။ ဒါပေမယ့် ဈေးနည်းတဲ့ ဘတ်ဂျက်ဖုန်းတွေမှာတော့ သတ္ထုဖရိန်သုံးထားနိုင်ပါတယ်။
iPhone X နဲ့အတူ Apple ဟာ သူ့ရဲ့ iPhone နာမည်ပေးနည်းကို ပြောင်းလဲလိုက်ပါတယ်။ ဒါကြောင့် ခန့်မှန်းကြည့်ရအောင်။ 2018 ဖုန်းတွေကို ဘယ်လိုခေါ်နိုင်ပါသလဲ။ Apple ဟာ next-generation iPhone X နဲ့ ထွက်လာမယ့်ဖုန်းတွေကို iPhone XI ၊ XI Plus လို့ အမည်ပေးကောင်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုပေးမလဲဆိုတာကတော့ မသိရသေးပါဘူး။ ခန့်မှန်းကြည့်တာပါ။
iPad Pro – စက်တင်ဘာ ၂၀၁၈ ဖြစ်မလား

Face ID ကတော့ iPhone X ထဲမှာ အကောင်းဆုံးတစ်ခုပါပဲ။ Apple ဟာ iPad Pro အပါအ၀င်နောက်ထွက်ပစ္စည်းတွေမှာ ထည့်သွင်းသွားနိုင်ကြောင်း သတင်းတွေထွက်နေပါတယ်။

high-end 2018 iPad Pro ကတော့ iPhone X ရဲ့ ဒီဇိုင်းပိုင်းတွေ အတော်လေးပါဝင်နေနိုင်ပါတယ်။ ဘောင်ပျောက်ဒီဇိုင်း၊ Home ခလုတ်မပါဝင်ခြင်း၊ Face ID ကို TrueDepth camera ကင်မရာစနစ်နဲ့အားဖြည့်ထားခြင်းတွေပဲ ဖြစ်ပါတယ်။
မြန်ဆန်တဲ့ ပရိုဆက်ဆာနဲ့ custom Apple-built GPU တို့ကလည်း တက်ဘလက်အသစ်အတွက် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် OLED display ရနိုင်ဖို့ကတော့ မသေချာပါဘူး။ Apple ဟာ နည်းပညာနဲ့ ငွေကြေးကန့်သတ်ချက်တွေအရ LCD ကို ဆက်လက်အသုံးပြုနိုင်ပါတယ်။

အရွယ်အစားနဲ့ပတ်သတ်လို့ကတော့ မကြားရသေးပါဘူး။ ဒါပေမယ့် 10.5-inch form factor အနေနဲ့ ထွက်လာနိုင်ပါတယ်။ 12.9-inch iPad Pro ကို ဘောင်ပျောက်နဲ့ Home ခလုတ်မပါဝင်တာမျိုးနဲ့ မြင်ရမလားမသိရသေးပါဘး။ 2018 iPad Pro ကို Face ID နဲ့ TrueDepth ကို တွေ့မြင်ရမလားဆိုတာ ရင်ခုန်စရာကောင်းပါတယ်။
Apple ဟာ Apple Pencil ရဲ့ ဗားရှင်းအသစ်ကို လုပ်ဆောင်နေပါတယ်။ ဘာတွေတိုးတက်အောင် ပြင်ဆင်ထားသလဲဆိုတာကတော့ မသိရသေးပါဘူး။
Apple ဟာ iPad Pro ကို တစ်နှစ်လောက်နောက်ကျပြီးတော့မှ မိတ်ဆက်နိုင်တယ်လို့ ဆိုကြပြန်ပါတယ်။ မနှစ်က ဂျွန်လမှာ မိတ်ဆက်ခဲ့တာမို့ 2018 iPad ကို စက်တင်ဘာလောက်မှ မြင်ရနိုင်ပါတယ်။


တန်ဖိုးနည်း iPad – ၂၀၁၈ အစောပိုင်းဖြစ်မလား

2017 မှာတုန်းက Apple ဟာ 5th-generation 9.7-inch iPad ကို ဈေးနည်းနည်း – 32GB model ကို ၃၂၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ iPad Pro လောက် မပါးသလို Apple Pencil support ၊ ProMotion display နည်းပညာ တွေမပါဝင်ခဲ့ပါဘူး။ A9 processor ကို အသုံးပြုထားလို့ စွမ်းဆောင်ရည်ကတော့ ကောင်းမွန်ပါတယ်။

Apple ဟာ ၂၀၁၈ မှာ တန်ဖိုးနည်း iPad ကို မိတ်ဆက်နိုင်လောက်တယ်လို့ ပြောနေကြပါတယ်။ ဈေးနှုန်းကတော့ ၂၅၉ ဒေါ်လာဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် Apple အနေနဲ့ တန်ဖိုးနည်းတက်ဘလက်ဈေးကွက်ကို ပြိုင်ဆိုင်နိုင်တော့မှာပါ။ ဒီသတင်းကို DigiTimes က ရတာမို့ သိပ်တော့ မယုံချင်ပါဘူး။ ဒါပေမယ့် ဈေးသက်သာမယ့် iPad ကို လုပ်ဆောင်သလားဆိုတာကိုတောင် မသေချာပါဘူး။

တကယ်လို့ iPad အသစ်ထွက်လာမယ်ဆိုရင်တော့ ၂၀၁၈ အစောပိုင်းမှာ မိတ်ဆက်နိုင်ပါတယ်။ fifth-generation iPad ထွက်အပြီး တစ်နှစ်ပြည့်တဲ့ မတ်လလောက်မှာ ဖြစ်လောက်ပါတယ်။

Apple Watch Series 4 – စက်တင်ဘာ ၂၀၁၈

Apple ဟာ Apple Watch ကို နှစ်စဉ် update လုပ်နေခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၈ အတွက်လည်း fourth-generation model ထွက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ update ကိုတော့ စက်တင်ဘာလမှာ ထွက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Apple Watch ဟာ စတင်မိတ်ဆက်ခဲ့တဲ့ ၂၀၁၅ ကတည်းက ဒီဇိုင်းပြင်ဆင်တာမျိုးကို သိပ်မတွေ့ရတာမို့ ၂၀၁၈ မှာ Apple ဟာ ပုံစံအသစ်လုပ်ဆောင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီဇိုင်းပြင်ဆင်ထားတဲ့ fourth-generation model အကြောင်း မကြားရသေးပေမယ့် ပြန်လည်ပြင်ဆင်ထားတဲ့ Apple Watch Series 3 ကိုတော့ ပြောနေကြပါတယ်။
Apple Watch ထွက်လာမယ့်ရက်ကို ခန့်မှန်းတဲ့နေရာမှာ ယုံတော့ ယုံရပါတယ်။ John Gruber က ပြောတာမို့ပါ။

Apple ဟာ 2018 Apple Watch တွေအတွက် micro-LED display တွေ အသုံးပြုသွားနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒီနည်းပညာကို အသုံးပြုထားတာမို့ ပိုပါး၊ ပိုပေါ့ပြီး အရောင်နဲ့ တောက်ပမှုတွေကို တိုးတက်ကောင်းမွန်လာစေပါတယ်။

Sensor အသစ်တွေကိုလည်း အသုံးပြုထားနိုင်ပြီး Apple ဟာ Apple Watch အတွက် EKG functionality ကိုလည်း ထည့်သွင်းနိုင်ပါတယ်။ အဲဒီ feature ဟာ Apple Watch ရဲ့ ဘေးနှစ်ဖက်မှာ လက်နှစ်ချောင်းထားဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်မှသာ ပုံမှန်မဟုတ်တဲ့ နှလုံးရဲ့လျှပ်စစ်လှိုင်းလုပ်ဆောင်မှုတွေကို ဖမ်းယူသိရှိနိုင်မှာ ဖြစ်ပါတယ်။ 2018 မှာတော့ ဘယ်လို feature တွေ ပါဝင်သလဲဆိုတာ အတိအကျမသိရသေးပါဘူး။
ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ feature တွေကို အလုပ်လုပ်ဆောင်နိုင်မယ့် sensor အသစ်တေကိုလည်း စမ်းသပ်လုပ်ဆောင်နေပါတယ်။ Appleာ သွေးထဲက ဂလူးကို့စ်တွေကို စောင့်ကြည့်တဲ့ နည်းပညာကို စမ်းသပ်နေပြီးတော့ ထုတ်ကုန်တစ်ခုအနေနဲ့ ထွက်ရှိဖို့ကတော့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမယ့်လည်း patent တင်ထားတဲ့ band မှာတော့ built-in sensor တွေ ပါဝင်နေပါတယ်။ ဘယ်အချိန်မှာ ထွက်ရှိလာမလဲဆိုတာကတော့ မသိရသေးပါဘူး။

AirPower Charing Mat

iPhone 8 ၊ 8 Plus နဲ့ X တို့မှာ Qi နည်းပညာအသုံးပြုထားတဲ့ ပစ္စည်းတွေအတွက် အားသွင်းနိုင်တဲ့နည်းပညာကို ပထမဆုံး မိတ်ဆက်ပေးခဲ့ပါတယ်။ ဈေးကွက်မှာတော့ Apple ဒီဇိုင်းထုတ်ထားတဲ့ အားသွင်းပစ္စည်းကတော့ မထွက်သေးပါဘူး။ Apple ကတော့ စက်တင်ဘာလမှာ လုပ်ဆောင်နေဆဲ accessory ကို ကြေညာခဲ့ပါတယ်။
AirPower လို့ခေါ်တဲ့ Apple ရဲ့ ကြိုးမဲ့အားသွင်းပစ္စည်းလေးကတော့ Apple Watch ၊ AirPods နဲ့ iPhone X ၊ iPhone 8 ၊ iPhone 8 Plus တို့အားလုံးကို တစ်ချိန်တည်းမှာ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ သူဟာ iPhone အသစ်သုံးလုံးနဲ့ Apple Watch Series 3 တို့အတွက် အသုံးဝင်လိုက်မယ်လို့ ထင်ပါတယ်။ နောက်ပြီး AirPods အတွက် အားသွင်းတဲ့ပစ္စည်းအသစ်ကိုလည်း လုပ်ဆောင်နေပါတယ်။

၂၀၁၈ AirPower နဲ့ပတ်သတ်လို့ ဈေးနှုန်း၊ ထွက်ရှိမယ့်ရက်ကို မကြေညာသေးပါဘူး။ ဒါပေမယ့် ယူအက်စ်မှာတော့ ၁၉၉ ဒေါ်လာပတ်ဝန်းကျင် ဖြစ်နိုင်ပါတယ်။
Next-Generation AirPods – ၂၀၁၈ အလယ်မှ အဆုံး
စက်တင်ဘာလမှာ Apple ဟာ second-generation AirPods case ကို မိတ်ဆက်ခဲ့ပါတယ်။ သူ့ရဲ့ဒီဇိုင်းကြောင့် AirPods ကို ကြိုးမဲ့အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

အဲဒီ charging case အပြင် Apple ဟာ AirPods ရဲ့ ဗားရှင်းအမြင့်ကိုလည်း ထွက်ရှိဖို့လုပ်ဆောင်နေတယ်လို့ ပြောခဲ့ပါသေးတယ်။ ၂၀၁၈ အတွက် AirPods မှာ ဘာတွေကောင်းမွန်အောင်ပြင်ဆင်ထားသလဲဆိုတာကတော့ မသိရသေးပါဘူး။

ပိုမိုကောင်းမွန်တဲ့ Bluetooth ချိတ်ဆက်မှု၊ အဆင့်မြှင့်ထားတဲ့ W1 chip နဲ့ အရောင်အသစ်အဆန်းတွေကတော့ 2018 AirPods ရဲ့ feature တွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အတည်မပြုရသေးပါဘူး။

iMac and iMac Pro – ၂၀၁၈ အလယ်-နှစ်ကုန်

Apple ဟာ iMac ကို တစ်နှစ်တစ်ခါ ဆန်းသစ်လေ့ရှိပါတယ်။ ဒါကြောင့် Intel ရဲ့ 8th-generation Coffee Lake chip နဲ့အတူ 21.5 နဲ့ 27-inch တွေကို မြင်ရနိုင်ပါတယ်။ Intel ကတော့ အရင်မျိုးဆက်ထက် ၃၂% မြန်ဆန်လာတယ်လို့ ပြောထားပါတယ်။
iMac ကတော့ ၂၀၁၂ ကတည်းက ဒီဇိုင်းပိုင်းမှာ ဆန်းသစ်မလာပါဘူး။ ဒီတော့ ဒီဇိုင်းပြင်ဦးမလား၊ အတွင်းပိုင်းပဲ အဆင့်မြှင့်မလားဆိုတာကတော့ မသိရသေးပါဘူး။
iMac Pro အတွက်ကတော့ သူဟာ ၂၀၁၇ ဒီဇင်ဘာလမှ မိတ်ဆက်ခဲ့တဲ့ ထုတ်ကုန်အသစ်ဖြစ်တာမို့ လုပ်မလားဆိုတာ မသိရသေးပါဘူး။ Apple ဟာ သူ့ရဲ့ pro တွေကို တစ်နှစ်တစ်ခါ update လုပ်လေ့မရှိပါဘူး။ ဒါကြောင့် ၂၀၁၈ အတွက် ဆန်းသစ်မလားဆိုတာ မရှင်းလင်းသေးပါဘူး။

MacBook Pro – ဂျွန်လမှာလား

MacBook Pro ကတော့ တစ်နှစ်တစ်ခါ ဆန်းသစ်လေ့ရှိတာမို့ ၂၀၁၈ ကလည်း ကွဲမထွက်လောက်ပါဘူး။ 8th-generation Kaby Lake နဲ့အတူ အသေးစားပြောင်းလဲမှုလေးတွေ ပြုလုပ်ထားနိုင်ပါတယ်။ နောက်ပြီး ပိုမိုမြန်ဆန်တဲ့ RAM နဲ့ SSDs တွေကိုလည်း တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ထားနိုင်ပါတယ်။
၂၀၁၇ မှာတော့ KGI Securities မှ လေ့လာသူတစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo ကတော့ Apple ဟာ တန်ဖိုးမြင့် MacBook Pro ကို 32GB RAM နဲ့အတူ ပရော်ဖက်ရှင်နယ်သုံးစွဲသူအတွက် ပြင်ဆင်နေတယ်လို့ ပြောခဲ့ပေမယ့် မမြင်ခဲ့ရပါဘူး။ ဒါကြာင့် ဒီနှစ်မှာမြင်ရနိုင်မလားဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
MacBook Pro ရဲ့ ဒီဇိုင်းကတော့ ၂၀၁၆ မှာ update လုပ်ခဲ့တာကြောင့် ၂၀၁၈ မှာ ပြောင်းလဲမှုကို မျှော်လင့်ထားလို့ မရပါဘူး။ ၂၀၁၇ ဂျွန်လမှာ နောက်ဆုံးဆန်းသစ်မှုကို ပြုလုပ်ခဲ့တာကြောင့် ၂၀၁၈ မှာလည်း ဂျွန်လ Worldwide Developers Conference မှာ မြင်ရနိုင်မလားပါပဲ။

MacBook – ဂျွန်လ

MacBook ကတော့ Apple တစ်နှစ်တစ်ခါ update လုပ်လေ့ရှိတဲ့ ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ 8th-generation Kaby Lake Refresh chip ကို အသုံးပြုထားနိုင်ပြီး အမြန်နှုန်းမြန်ဆန်ကောင်းမွန်လာနိုင်ပါတယ်။
အတွင်းပိုင်းက အချက်အလက်တွေလည်း update ဖြစ်လာနိုင်ပေမယ့် အပြင်ဒီဇိုင်းတွေကတော့ အရင်အတိုင်း ဖြစ်လာနိုင်ပါတယ်။

 

Software အသစ် – ဂျွန်လမှာ မြင်ရပြီး စက်တင်ဘာမှာ ထွက်ရှိလာနိုင်

၂၀၁၈ မှာ Apple အနေနဲ့ iOS ၊ Macs ၊Apple Watch နဲ့ Apple TV တို့မှာ အသုံးပြုနေတဲ့ software ဗားရှင်းအသစ်ကို မိတ်ဆက်ဖို့ မျှော်မှန်းထားပါတယ်။ ၂၀၁၈ မှာ iOS 12 ၊ macOS 10.14 ၊ watchOS 5 နဲ့ tvOS 12 တို့ကို မြင်ရနိုင်ပါတယ်။
နှစ်တိုင်းလိုပါပဲ။ Apple ဟာ software update အသစ်တွေကို Worldwide Developers Conference မှာ မိတ်ဆက်နိုင်ပါတယ်။ WWDC နောက်မှာတော့ beta version တွေကို developer တွေအတွက် ထုတ်ပေးပြီးတော့ စမ်းသပ်ဖို့အတွက် လူထုကို ထုတ်ပေးထားပါတယ်။
iOS 12 ၊ macOS 10.14 ၊ watchOS 5 နဲ့ tvOS 12 တို့ကို မြင်ရဖို့အတွက် သိပ်မကြားထားပါဘူး။ ဒါပေမယ့်လည်း iPhone ၊ iPad နဲ့ Mac တွေမှာ ကူးပြောင်းအသုံးပြုနိုင်တဲ့ app တွေကို ဖန်တီးနေတယ်လို့ Bloomberg က ဆိုထားပါတယ်။ လက်ရှိမှာတော့ developer တွေအနေနဲ့ iOS နဲ့ macOS ကို သီးခြားဖန်တီးနေပါတယ်။

iPad ၊ iPhone ၊ Mac ၊ Apple Watch နဲ့ Apple TV တို့မှာ run နိုင်မယ့် app တစ်ခုကို developer တွေ ဖန်တီးနိုင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ iOS app တွေကတော့ Apple Watch နဲ့ Apple TV တို့မှာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
Apple ဟာ iOS 12 နဲ့ macOS 10.14 မှာ universal app change ကို မိတ်ဆက်ဖို့ စီစဉ်နေပါတယ်။
software update တွေကတော့ သတင်းအစအန မရသေးပါဘူး။ ဒါကြောင့် Worldwide Developers Conference နီးလာမှ ကြားရမှာ ဖြစ်ပါတယ်။

Apple TV Shows

Apple ဟာ original television programming ထဲကို ကြိုးစားဝင်ရောက်နေပါတယ်။ ဒါကြောင့် သူ့ရဲ့ပထမဆုံးသော တီဗွီရှိုးကို ၂၀၁၈ မှာ မိတ်ဆက်နိုင်ပါတယ်။
ဒါ့အပြင် Apple ဟာ ၁၉၈၅ကနေ ၁၉၈၇အထိ ပြသခဲ့တဲ့ original sci-fi show တစ်ခုကို အခြေခံထားပြီး Steven Spielberg နဲ့ ပြန်လည်ဆန်းသစ်ထားတဲ့ “Amazing Stories” ၊ Reese Witherspoon နဲ့ Jennifer Aniston တို့ကို အဓိကထားရိုက်ကူးထားတဲ့ အမည်မပေးရသေးတဲ့ “morning show drama” ၊ Battlestar Galactica ရဲ့ ဆန်းသစ်မှုကို လုပ်ဆောင်ခဲ့တဲ့ Ronald D. Moore ဖန်တီးထားတဲ့ အမည်မပေးရသေးတဲ့ အာကာသဒရာမာ စတဲ့ စီးရီးသုံးခုကို Apple က ၀ယ်ယူထားပါတယ်။
morning show drama ကတော့ “အမေရိကကို နိုးထလာအောင် လုပ်ဆောင်ပေးနေတဲ့ လူသားတွေရဲ့ ဘ၀အကြောင်း ရိုက်ကူးထားတာ”လို့ ဖော်ပြထားပြီး အာကာသဒရာမာကတော့ “ကမ္ဘာ့အာကာသပြိုင်ပွဲသာ အဆုံးမသတ်ရင် ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကို ရိုက်ကူးထားတာ”လို့ ရှင်းပြပါတယ်။

Apple ဟာ ၀ယ်ယူထားခြင်းသာ ရှိသေးပြီး ထုတ်လုပ်မှုအပိုင်းကို မရောက်သေးပါဘူး။ ဒါကြောင့် ဘယ်အချိန်မှာထွက်လာမလဲဆိုတာ ပြောဖို့ ခက်ပါတယ်

Mac mini

Mac mini ဆိုတာကတော့ ၂၀၁၄ ကတည်းက update မလုပ်တော့တာမို့ ဆန်းသစ်ဖို့ လိုအပ်နေပါပြီ။ Mac mini အသစ်အကြောင်း မကြားထားပေမယ့် ၂၀၁၇ အောက်တိုဘာလမှာ Apple စီအီးအို Tim Cook က Apple ဟာ Mac mini ကို Mac ထုတ်ကုန်တွေရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်လာအောင် လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့ပါတယ်။
၂၀၁၈ ဟာ Mac mini ကို update လုပ်လေမလားဆိုတာ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကို ကျွန်တော်တို့ ဖော်ပြခြင်းသာ ဖြစ်ပါတယ်။ Apple ဟာ Mac mini update ကို လုပ်ဆောင်မယ်ဆိုရင်တော့ ဂျွန် ဒါမှမဟုတ် စက်တင်ဘာလမှာ ဖြစ်နိုင်ပါတယ်။ Intel ဆီကနေ 8th-generation Kaby Lake Refresh processor တွေနဲ့ Thunderbolt 3 support ကို မြင်ရနိုင်ပါတယ်။

Mac Pro နဲ့ Display

Apple ဟာ ဧပြီလမှာ next-generation modular Mac Pro ကို ပရိုသုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီအောင် လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။ Apple ဟာ Apple-branded pro display နဲ့ ဖြန့်ချိနိုင်ဖို့ စီစဉ်ထားပါတယ်။

Mac Pro အသစ်လုပ်ဆောင်နေကြောင်းကို ၂၀၁၇ နွေဦးကတည်းက မကြားရပါဘူး။ Appleကတော့ ထွက်ရှိမယ့်ရက်ဟာ ၂၀၁၇ အထိ မဖြစ်နိုင်သေးဘူးလို့ ပြောခဲ့တာပဲ ရှိပါတယ်။ Apple ဟာ ၂၀၁၈ အတွက်လည်း ဖော်ပြမထားပါဘူး။ ဒါပေမယ့် ဒီနှစ်မှာတော့ Mac Pro အကြောင်း ကြားရနိုင်ပါတယ်။ Worldwide Developers Conference မှာတော့ အသေအချာကြားရနိုင်ပါတယ်။
Apple ဟာ Mac Pro ကို သီးသန့်အဖွဲ့နဲ့ လုပ်ဆောင်နေပြီး ပရိုသုံးစွဲသူတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ Apple ဟာ Mac Pro ကို VR နဲ့ high-end cinema production တွေအတွက် အဆင်ပြေစေမယ့် highest-end desktop system တစ်ခုအနေနဲ့ ထုတ်လုပ်ဖို့အထိ ရည်ရွယ်ထားတာပါ။

iPhone SE အသစ်

၎လက်မအရွယ် iPhone လေးကို ကြိုက်နှစ်သက်တဲ့သူတွေကတော့ iPhone SE ဗားရှင်းအသစ်အတွက် မျှော်လင့်နေကြပါတယ်။ iPhone SE ဗားရှင်းကိုတော့ ၂၀၁၆ မှာ ထုတ်ခဲ့တာပါ။  အသေအချာသတင်းတော့ မရသေးပမယ့် လုပ်ဆောင်နေတယ်လို့ သတင်းရထားပါတယ်။
second-generation iPhone SE ဟာ ၂၀၁၈ နှစ်ဝက်လောက်မှာ ထွက်လာနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ Supply chain တစ်ခုက ပြောပါတယ်။ သူ့ကိုတော့ တရုတ်ထုတ်လုပ်သူ Wistron ကနေ သူ့ရဲ့ အိန္ဒိယ Bangalore က စက်ရုံမှာ တပ်ဆင်သွားနိုင်ချေ ရှိပါတယ်။

နောက်တစ်ခုကတော့ iPhone SE မှာ A10 chip ၊ 2GB RAM ၊ 12-megapixel အနောက်ကင်မရာ၊ 5-megapixel အရှေ့ကင်မရာ၊ ဘောင်ပျောက်ဒီဇိုင်းတွေ မြင်ရနိုင်ပါတယ်။ ဒါပေမယ့် ခိုင်လုံတဲ့ သတင်းတော့ မဟုတ်သေးပါဘူး။
၂၀၁၈ မှာ မထွက်နိုင်သေးတဲ့ အရာများ

Apple TV အသစ်
Apple TV 4K ဟာ ၂၀၁၇ စက်တင်ဘာလမှာ ထွက်ရှိခဲ့တာမို့ မမြင်ရနိုင်သလို Apple TV ကလည်း နှစ်စဉ် update လုပ်လေ့မရှိပါဘူး။ Apple TV 4K ၂၀၁၇ မထွက်ခင်တုန်းက ၂၀၁၅ မှာ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၆ မှာ ဆန်းသစ်မလာခဲ့ပါဘူး။
Apple TV 4K ရဲ့ A10X processor နဲ့အတူ ထွက်ရှိလာဖို့က ၂၀၁၈ မှာ မမြင်ရနိုင်ပါဘူး။

MacBook Air

၂၀၁၇ မှာ MacBook Air ကို Apple က ပိုမိုမြန်ဆန်တဲ့ Broadwell ပရိုဆက်ဆာနဲ့အတူ ဆန်းသစ်ခဲ့ပြီး ၂၀၁၅ နောက်ပိုင်းမှာတော့ မဆန်းသစ်ခဲ့ပါဘူး။ Pro ကတော့ Apple အနေနဲ့ ဒေါ်လာ၁၀၀၀ အောက်ကို ဆင်းပေးမယ့်အမျိုးအစားမှာ မပါပါဘူး။ MacBook Air ကိုလည်း ဒီလိုဒီဇိုင်းအသွင်အပြင်နဲ့သာ မြင်ရနိုင်ပါတယ်။ မျှော်လင့်ထားလို့ မရပါဘူး။

AR စမတ်မျက်မှန်များ

Apple ဟာ augmented reality စမတ်မျက်မှန်တွေနဲ့ virtual reality headset တွေကို နမူနာပုံစံတွေ လုပ်ဆောင်နေတယ်လို့ သတင်းကြားထားပါတယ်။ ဒါပေမယ့် ထုတ်လုပ်နေဆဲအချိန်သာရှိသေးတာမို့ ထွက်ရှိဖို့က နှစ်အနည်းငယ် ကြာမြင့်နိုင်ပါသေးတယ်။
Apple ဟာ augmented reality headset ကို အထူးပြုလုပ်ထားတဲ့ display ၊ built-in processor နဲ့ “rOS” ဆိုတဲ့ iOS အခြေခံ operating system အသစ်တွေ ထည့်သွင်းထားမှာပါ။ Apple ဟာ augmented reality headset ကို ၂၀၁၉ မှာ launch လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်ဆိုတော့ ၂၀၂၀ မှာ သေချာနေပါပြီ။

ARKit ရဲ့ ဗားရှင်းအသစ်ကတော့ ဖန်တီးဆဲဖြစ်ပါတယ်။ ၂၀၁၈ မှာတော့ လာနိုင်ကောင်းပါတယ်။ ARKit functionality အသစ်တွေကတော့ multi-player game support နဲ့ tracking ပိုင်းတွေ ပါလာနိုင်ပါတယ်။ နိုဝင်ဘာလမှာ ပထမဆုံး VR/AR hardware company ဖြစ်တဲ့ VRvana ကို ၀ယ်ခဲ့ပါတယ်။ VRvana ကတော့ Totem လို့ခေါ်တဲ့ augmented နဲ့ virtual reality နည်းပညာကို headset တစ်ခုတည်းမှာပေါင်းစပ်ထားတဲ့နည်းပညာအသုံးပြုထားတဲ့ virtual reality headset ကို ဖန်တီးခဲ့တာပါ။


Apple Car Software

Apple ဟာ အလိုအလျောက်မောင်းစနစ်ကိုလည်း လုပ်ဆောင်နေပါတယ်။ software ကတော့ ဖန်တီးဆဲ အစောပိုင်းကာလမှာသာ ရှိနေပါသေးတယ်။ ဒါကြောင့် ၂၀၁၈ အထိ ကုန်ချောမမြင်ရနိုင်ပါဘူး။ စမ်းသပ်မှုတွေကတော့ Apple ရဲ့ ကူပါတီနိုရုံးက လမ်းတွေပေါ်မှာ မြင်နေရပါပြီ။
ကုန်ချောအနေနဲ့ ထွက်လာဖို့ မရှိပေမယ့်လည်း autonomous software အကြောင်းကိုတော့ ကြားနေရပါတယ်။ ဘယ်လိုထွက်လာမလဲဆိုတာကတော့ Apple ရဲ့ လုပ်ဆောင်မှုတွေကို ဆက်လက်စောင့်ကြည့်ရမှာပါ။