အချီုးမျက်နှာပြင် 16:9 aspect ratio ထက် ပိုကျယ်လာတဲ့ ဖုန်းမျက်နှာပြင်များအကြောင်း သိကောင်းစရာ

0
1913

2016 တုန်းက 16:9 aspect ratio ထက် ကျယ်တဲ့ဖုန်းတစ်လုံးရှိခဲ့ပါတယ်။ အဲဒါကတော့ Xiaomi Mi Mix ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၇ မှာ ဖုန်းအလုံးရေ ၄၀ လောက် ထွက်လာခဲ့ပါတယ်။

ဒါကြောင့် မနှစ်ကထွက်ခဲ့တဲ့ ဖုန်းအလုံးရေက ၄၀၀ ရှိတဲ့အတွက်ကြောင့် ၁၀% ဖြစ်ပါတယ်။ သူတို့တွေဟာ အတော်လေးလူသိများခဲ့ပြီးတော့ ထိပ်တန်း၁၀၀ဖုန်းထဲမှာလည်း မျက်နှာပြင်ကျယ်ဟန်းဆက် ၁၆ လုံး ပါဝင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အများစုကတော့ 18:9 screen တွေရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် အချို့ကုမ္ပဏီတွေကတော့ ဒီထက်ပိုကျယ်အောင် လုပ်ဆောင်နေပါတယ်။ Samsung ဟာ 18.5:9 နဲ့ မော်ဒယ်လ်လေးခုကို launch လုပ်ခဲ့ပြီးတော့ launch မလုပ်ရသေးတဲ့ နှစ်ခုကိုလည်း ထပ်မံကြေငြာခဲ့ပါတယ်။

ဟုတ်ပါတယ်။ flagship  ရဲ့ display တွေဟာ 16:9 aspect ratios ကနေပြီးတော့ 18.5:9 (Galaxy S8) ၊ 19.5:9 (iPhone X) ၊ 2:1 Univisium standard (LG V30) တို့အထိ ထွက်ပေါ်လာခဲ့ပါတယ်။ ဒီတော့ ဒီလိုမျက်နှာပြင်ကျယ်တာ အဆင်ပြေလား၊ အရင်မျက်နှာပြင်လောက်ပဲ ကြိုက်သလားဆိုတာ မေးခွန်းထုတ်စရာတစ်ခု ဖြစ်လာပါတယ်။ 2:1 ratio ဒါမှမဟုတ် အဲဒီပတ်ချာလည်လောက်ဟာ အလတ်တန်းစားဈေးကွက်ကို ၀င်နေပါပြီ။ ဒီတော့ နောက်နှစ်မှာ ပိုရှည်၊ ဘောင်မဲ့ဒီဇိုင်းတွေဆီကို ကူးပြောင်းနေပါပြီ။

မျက်နှာပြင်ကျယ်တာ ကျဉ်းတာအတွက် ကောင်းကျိုး၊ဆိုးကျိုး အသီးသီးရှိပါတယ်။ ဒါပေမယ့် ပြောရမယ့်အချက်ကတော့ iPhone 8 မှာဆိုရင် app နဲ့ ဗွီဒီယိုတိုင်းနီးပါးမှာ အဆင်ပြေပြီး iPhoneX ကတော့ ချဲ့ထားသလိုဖြစ်တာ၊ ပြတ်နေတာ ဒါမှမဟုတ် အနက်ရောင်ဘောင်တွေရှိတာမျိုးတွေ တွေ့နေရပါတယ်။ ဒါကြောင့် Galaxy S8 နဲ့ S7 တို့ရဲ့ ခြားနားချက်လိုမျိုး ဖြစ်ပါတယ်။

2:1 (18.5:9 ၊ 19.5:9) ရဲ့ အားသာချက်ကတော့ browsing ပိုင်းဖြစ်ဖြစ်၊ စာဖတ်တာဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဒါပေမယ့် ရှည်လျားပြီးတော့ ဘောင်နည်းဒီဇိုင်းတွေထွက်လာတော့ ၅.၅လက်မကနေ ၆လက်မအထိဖြစ်လာပါတယ်။ တစ်ယောက်စလိုက်တော့ နောက်ကနေ လိုက်ရပါတော့တယ်။ ဒါပေမယ့် screen format ကတော့ အရင်အတိုင်းပါပဲ။ YouTube  တွေကြည့်မယ်ဆိုရင်လည်း screen ရဲ့ ၂၀% ဟာ အမည်းရောင်တွေနဲ့ ပြည့်သွားပြီးတော့ display format အသစ်ဖြစ်လာတာမျိုး၊ ဆန့်ထွက်လာတာမျိုး၊ ပြတ်သွားတာမျိုး ဖြစ်လာပါတယ်။

ဒါ့အပြင် ဒီတော့ ဒီလိုရှည်လျားပြီး ဘောင်နည်းတဲ့ဖုန်းတွေအပေါ်မူတည်ပြီးတော့ စကေးချိန်တာ၊ font အသုံးပြုတာလေးတွေ ပြင်ဆင်ကြရပါတယ်။ iPhone X နဲ့ iPhone 8/Plus တို့ကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ UI နှိုင်းယှဉ်ချက်ကို ကြည့်ကြည့်ပါ။ ဒါကြောင့် သင့်အတွက် ဘယ်တစ်ခုက အဆင်ပြေလဲလို့ မေးနေရခြင်း ဖြစ်ပါတယ်။ ရိုးရိုးရှင်းရှင်း အရင်မျက်နှာပြင်ကို ကြိုက်သလား၊ အသစ်အဆန်းဖြစ်တဲ့ ပြတ်နေတာကို ကြိုက်သလား။ ဒီတစ်ခုတော့ ဖြေပါ။