iPhone SE Second Generation ကို မကြာခင် launch လုပ်မည်

0
1945

second generation iPhone SE နဲ့ ပတ်သတ်ပြီးတော့ ကောလဟာလတွေ ကြားထားပြီးသားပါ။ first generation iPhone SE ကတော့ 2016 မတ်လမှာ launch လုပ်ခဲ့တာ ဖြစ်ပါတယ်။ Apple ဟာ အခုဆိုရင် iPhone ဘတ်ဂျက်ဗားရှင်းအသစ်ကို launch လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။

update လုပ်ထားတဲ့ iPhone SE ဟာ ၂၀၁၈ ပထမနှစ်ဝက်လောက်မှာပဲ launch လုပ်နိုင်ပါတယ်။ အဲဒီဟန်းဆက်ကိုတော့ လက်ရှိ device အပေါ်မှာ upgrade အတော်များများ လုပ်ထားနိုင်ပါတယ်။

အဲဒီဟန်းဆက်ရဲ့ဒီဇိုင်းဟာ လက်ရှိဖုန်းနဲ့ ဆင်တူမယ်လို့ ခန့်မှန်းထားပြီး ပရိုဆက်ဆာအသစ်နဲ့ RAM တွေလည်း တိုးထားနိုင်ပါတယ်။ ဈေးနှုန်းကတော့ လက်ရှိဖုန်းဈေးဖြစ်တဲ့ ၃၄၉ဒေါ်လာနဲ့ ထွက်လာနိုင်ပါတယ်။

Apple ရဲ့ ထိပ်တန်းမော်ဒယ်လ်ဖြစ်တဲ့ iPhone X ဟာ ၉၉၉ဒေါ်လာရှိတာမို့ ဈေးသက်သာတယ်လို့ ဆိုနိုင်ပါတယ်။ ကျွန်တော်တို့ဟာ Apple ဆီကနေ iPhone အသစ်တွေကိုလည်း မြင်ရနိုင်တယ်လို့ မျှော်မှန်းထားပါတယ်။ iPhone SE အသစ်အကြောင်းကို ထွက်ရှိမယ့်ရက်တွေနဲ့အတူ ပြန်လာခဲ့ပါ့မယ်။