အိမ်ဖြူတော်မှာ ကိုယ်ရေးကိုယ်တာဖုန်းတွေအသုံးပြုခွင့် ပိတ်ပင်

0
1952

အိမ်ဖြူတော်ဟာ ၀န်ထမ်းတွေနဲ့ ဧည့်သည်တွေကို ကိုယ်ပိုင်မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းကို ပိတ်ပင်လိုက်ပါတယ်။

အဲဒီတားမြစ်မှုကိုတော့ Bloomberg က သတင်းပို့ခဲ့တာဖြစ်ပြီး နောက်တစ်ပတ်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ တချို့ဝန်ထမ်းတွေကတော့ သူတို့ရဲ့မိသားစု၊ သူငယ်ချင်းတွေဆီကနေ အဆက်အသွယ်ပြတ်မှာကို စိုးရိမ်နေကြပါတယ်။

“ဒါဟာ အိမ်ဖြူတော်အတွက် နည်းပညာရဲ့ လုံခြုံရေးနဲ့ ဖြောင့်မတ်ခြင်းအတွက် ဖြစ်ပါတယ်” လို့ ကြာသပတေးနေ့မှာ Sarah Huckabee Sanders က ပြောခဲ့ပါတယ်။

Michael Wolff ရဲ့ “Fire and Fury: Inside the White House” စာအုပ်ထွက်ရှိလာခဲ့ပြီးတော့ ဒီတစ်ပတ်အရောင်းဆိုင်တွေမှာ ဟစ်ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်ကို တားမြစ်ဖို့အတွက် Sanders ကအခုလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဟာ အစိုးရဖုန်းတွေရဲ့ သတင်းအချက်အလက်တွေအားလုံးကို အသုံးချနိုင်မှု ပိုမိုအားကောင်းလာရေးအတွက် Presidential Records Act နဲ့အညီ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုဆိုရင် အဲဒီလုပ်ငန်းစဉ်ဟာ ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် နောက်ထပ်လုပ်ငန်းစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်တစ်ပတ်မှာ စတင်အသက်ဝင်မှာ ဖြစ်ပါတယ်” လို့ ပြောဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

အလုပ်ချိန်အတွင်း ကိုယ်ရေးကိုယ်တာဖုန်းတွေကို လက်ခံခဲ့တယ်လို့ ယူဆရတဲ့ တရားဝင်ဝန်ထမ်း ခုနှစ်ယောက်ကို Bloomberg က နိုဝင်ဘာလမှာ ဖော်ပြခဲ့ပါတယ်။ ဆိုက်ဘာလုံခြုံရေးနဲ့ပတ်သတ်လို့ ဒီပိတ်ပင်မှုတွေဟာ campus Wi-Fi နဲ့ ချိတ်ဆက်ထားတဲ့ device တွေကနေတစ်ဆင့် တိုက်ခိုက်မှုတွေကို ပြုလုပ်ခြင်းမှ ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ဝန်ထမ်းခေါင်းဆောင် John Kelly ရဲ့ ကိုယ်ရေးကိုယ်တာဖုန်းကို ဒီနှစ်အစောပိုင်းက ဟက်ခံရပြီးနောက်မှာတော့ ကန့်သတ်ချက်အသစ်တွေ ထွက်ရှိလာခဲ့ပါသေးတယ်။

“၀န်ထမ်းတွေအနေနဲ့ အစိုးရထုတ်ပေးထားတဲ့ဖုန်းတွေနဲ့အတူ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီးတော့ အမေရိကန်ပြည်သားတွေအတွက် ကြိုးကြိုးစားစား လုပ်ဆောင်ရမှာဖြစ်တယ်” လို့ Sanders က Bloomberg ကို ရေးသားပြောဆိုခဲ့ပါတယ်။

ပြဌာန်းချက်ကို ဆန့်ကျင်သူတွေကတော့ အလုပ်ဖုန်းတွေကို ကိုယ်ရေးကိုယ်တာအတွက် အသုံးမပြုနိုင်ဘူးလို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဖက်ဒရယ်ကအတည်ပြုပေးထားတဲ့ ဟန်းဆက်တွေမှာ မက်ဆေ့ခ်ျပို့ခြင်းကို ပိတ်ထားခြင်းသာမက တချို့သောသူတွေအနေနဲ့ အိမ်ဖြူတော်အတွက်ဖုန်းတွေနဲ့ ကိုယ်ရေးကိုယ်တာဖုန်းတွေ ပြောဆိုတဲ့အခါမှာ အစိုးရရဲ့ရင်းမြစ်တွေကို ဖြုန်းတီးနေခြင်းတွေ ဖြစ်လာနိုင်မလားဆိုတာကို စိုးရိမ်နေကြပါတယ်။

အရင်ကသတင်းဌာနနဲ့ချိတ်ဆက်မှုအပိုင်းမှာ တာဝန်ယူထားတဲ့ ၀န်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ Sean Spicer ကတော့ ၀န်ထမ်းတွေကို မီဒီယာတွေနဲ့ အဆက်အသွယ်လုပ်ပြီးတော့ တရားမ၀င်အချက်အလက်တွေ မျှဝေနေသလားဆိုတာကို တစ်ချက်တစ်ချက် စစ်ကြည့်သင့်တယ်လို့ Bloomberg ကို ပြောပြခဲ့ပါတယ်။

ဝန်ထမ်းခေါင်းဆောင်ဟောင်း Reince Priebus ကတော့ တစ်ကိုယ်ရည်သုံး mobile gadget တွေကို ပိတ်ပင်ဖို့ ပြုလုပ်နေပြီး ကိုယ်ပိုင်ဖုန်းတွေနဲ့ လုပ်ငန်းသုံးတွေလုပ်ဆောင်နေမှာကို တားမြစ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။