ဖိလိုက်တဲ့အားကို တိုင်းတာသိရှိနိုင်မယ့် flexible Galaxy X screen

0
1624

မိုဘိုင်းလ်ဖုန်းဒီဇိုင်းတွေဟာ မကြာသေးခင်က ပေါ့ပျက်ပျက်နိုင်သလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် patent တင်ထားတဲ့သတင်းလေးတွေအချို့ကို မြင်ရပြီးနောက်မှာတော့ ဒီလိုဒီဇိုင်းအရသာပေါ့ပျက်နေတဲ့ဖုန်းတွေကို မတူညီတဲ့ ဆန်းသစ်တဲ့ပုံစံတွေနဲ့ အစားထိုးပြောင်းလဲတော့မယ်ဆိုတာ သိလာရပါတယ်။ အဲဒီထဲကတစ်ခုကတော့ Galaxy X ဖြစ်ပါတယ်။ သူကတော့ flexible ဖုန်းလို့ သတင်းပျံ့နေတာ ဖြစ်ပါတယ်။

သူ့ရဲ့ flexible ပစ္စည်းကိုအသုံးပြုထားမှုဟာ ဖိလိုက်တာနဲ့ ကွေးညွတ်သွားနိုင်ပြီးတော့ ဖိအားကိုလည်း တိုင်းတာသိရှိနိုင်ပါတယ်။ ဒါဟာ အရင်တုန်းက ခုခံအားကောင်းတဲ့ touchscreen တွေလိုပါပဲ။

ဒါပေမယ့် ဖုန်းတွေမလိုတော့ဘူးဆိုရင် ဘယ်လိုဖြစ်လာမလဲ။ နောက်ထပ် patent တစ်ခုကတော့ “kitchen sink” စမတ်နာရီလေးဖြစ်ပြီးတော့ fingerprint reader ၊ ကင်မရာ၊ proximity sensor စတာတွေပါဝင်ပါတယ်။ အဲဒီနာရီလေးဟာ ကင်မရာပါပေမယ့် သိပ်မကောင်းတဲ့ မူရင်း Gear ထက် ပိုပြီးတော့ အဆင်ပြေချောမွေ့နိုင်မယ်လို့ ယူဆရပါတယ်။

ဘတ်ထရီကတော့ စမတ်နာရီတွေအတွက် အားနည်းချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နာရီကိုပိုထူအောင်လုပ်ရမယ့်အစား ဘတ်ထရီအပိုကို ထည့်သွင်းနိုင်အောင်လုပ်ဆောင်ထားပါတယ်။ သူတို့တွေဟာ ပါးလွှာပြီးတော့ ပလတ်စတစ်၊ လယ်သာ၊ သတ္တုစတဲ့အမျိုးအစားကွဲလွဲသွားလည်း အဆင်ပြေကိုက်ညီအောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

လည်နေတဲ့နာရီအ၀ိုင်းလေးကို upgrade ထားတဲ့ စိတ်ကူးက စိတ်ဝင်စားစရာပါပဲ။ အဲဒီpatentလေးအရ LED ရဲ့ အ၀ိုင်းလေးတွေဟာ လည်နေပြီးတော့ screen အမျိုးမျိုးကိုပြသပေးမှာ ဖြစ်ပါတယ်။ Samsung Gear S4 မှာ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ သိချင်နေပါပြီ။