ကမ္ဘာ့အလန်းဆုံး လဘော်ဂနီကား (၁၀) စီး

0
1997

Lamborghini ကားကတော့ အီတလီလူမျိုး လုပ်ငန်းရှင်တစ်ယောက်က စတင်ဖန်တီးခဲ့တာဖြစ်ပြီး ကားဇုန်ထဲမှာ ငယ်ရွယ်ပြီးအကြောက်အလန့်ကင်းမဲ့သူလို့ တင်စားပြောလို့ရပါတယ်။ သူ့ရဲ့ကားတွေဟာ ရှားရှားပါးပါးလက်တွေ့ဆန်ပေမယ့်လည်း ရှိုးပြလို့တော့ အတော်လေးကောင်းပါတယ်။ ကုမ္ပဏီနဲ့ ကားတွေအကြောင်းကတော့ နှစ်တွေအလိုက် ပြောင်းလဲခဲ့ပေမယ့် ရှော့ခ်ရသွားစေတဲ့ horsepower နဲ့ စတိုင်လ်ကတော့ ဘယ်တော့မှ မပြောင်းလဲသွားပါဘူး။ အချိန်ဆွဲမနေတော့ပါဘူး။ အကောင်းဆုံးသော Lamborghinis တွေကို တင်ပြပေးလိုက်ပါတယ်။

350 GT

ဒီကားက အစပြုခဲ့တယ်လို့ ဆိုရမှာပါ။ Ferruccio Lamborghini ရဲ့ အဓိကလုပ်ငန်းကတော့ ဆွဲခြင်းပါပဲ။ ဒါပေမယ့် သူဟာ Ferrari ကို ၀ယ်ယူခဲ့တဲ့အခါမှာ ကျေနပ်စရာမကောင်းတဲ့ ခံစားချက်ကို ရခဲ့ပါတယ်။ ကားရော Ferrari က ဆက်ဆံတဲ့ပုံကို မကျေနပ်တဲ့အတွက် Lamborghini ဟာ သူပိုကောင်းအောင်လုပ်နိုင်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ရလဒ်ကတော့ 350 GT ဖြစ်ပါတယ်။ အဲဒီကားဟာ အာကာသယာဉ်နဲ့ ဆင်တူပြီးတော့ V12 engine ကျေးဇူးနဲ့ အသားကုန်မောင်းနိုင်ပါတယ်။

Miura

350 GT ဟာ Lamborghini ကနေန launch လုပ်ခဲ့ဆိုရင် Miura ကတော့ သတ်သတ်မှတ်မှတ်ဖြစ်သွားစေခဲ့တယ်လို့ ဆိုရမှာပါ။ Miura စတင်ထွက်ခဲ့တဲ့ 1966 Geneva Motor Show မှာ သူ့လိုကားမျိုး လမ်းပေါ်မှာ အရင်က မမြင်ဖူးခဲ့ပါဘူး။ ရှည်လားတဲ့ကိုယ်ထည်နဲ့ mid-engine chassis ဒီဇိုင်းက Miura ကို ပထမဆုံး မော်ဒန်စူပါကားအနေနဲ့ ဖြစ်သွားခဲ့ပြီးတော့ ယနေ့အထိ အဲဒီ template ကို အသုံးပြုနေဆဲပါပဲ။

Countach

Countach ကတော့ အိပ်ခန်းနံရံပိုစတာပေါင်းများစွာကို နေရာယူနိုင်ခဲ့ပါတယ်။ Miura ဟာ mid-engine စူပါကားအဖြစ်နဲ့ အခြေခံလောက်သာ လုပ်ဆောင်ခဲ့ပေမယ့် Countach ကတော့ လွန်လွန်ကျူးကျူး လုပ်ဆောင်ခဲ့တာပါ။ ဒီဖိုင်နာ Marcello Gandini ရဲ့ ဒေါင့်ချိုးကိုယ်ထည်ဟာ ကားထုတ်လုပ်မှုအပိုင်းတွေမှာ အတော်လေး ထူးဆန်းခဲ့ပြီးတော့ Lambo ကို ပိုမိုရူးသွပ်သွားစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ Countach ဟာ မောင်းနှင်တဲ့အရသာ ကောင်းကောင်းကို ပေးစွမ်းနိုင်တယ်လို့ စဉ်းစားရမှာဖြစ်ပြီးတော့ သူဟာ Lambo ရဲ့ iconic မော်ဒယ်လ်ဖြစ်လာခဲ့ပါတယ်။

LM002

“Rambo Lambo” လို့ သိကြတဲ့ LM002 ဟာ Lamborghini ရဲ့ စစ်တပ်အမျိုးအစား ထုတ်လုပ်ဖို့ မအောင်မြင်ခဲ့တဲ့ scheme ဖြစ်ပါတယ်။ စစ်သားတွေအနေနဲ့ ဒီလိုမျိုးကြွားဝါစရာကားကို စစ်မြေပြင်မှာ စီးခွင့်မရှိခဲ့ပေမယ့်လည်း လူချမ်းသာတွေကြားမှာ ရေပန်းစားသွားခဲ့ပါတယ်။ Countach ဆီကနေ V12 engine ကို အသုံးပြုထားတာမို့ LM002 ကလည်း အီတလီ စူပါကားနဲ့ လမ်းကြမ်းတွေအတွက်ဒီဇိုင်း ပေါင်းစပ်မှုကို အကောင်းဆုံး ပြသနိုင်ခဲ့ပါတယ်။

Diablo

Miura နဲ့ Countach တို့ဟာ Lamborghini ရဲ့ flagship စူပါကားဖြစ်လာဖို့ လွယ်တော့ မလွယ်ပါဘူး။ Diablo ကတော့ သူတို့နောက်က လိုက်လာပါတယ်။ 1960s နဲ့ 1980sအတွင်းမှာ automotive style  ကို ဖန်တီးခဲ့တဲ့ သူ့ရဲ့အရင်မော်ဒယ်လ်တွေလိုပဲ Diablo ကလည်း 1990s ရဲ့ icon တစ်ခု ဖြစ်လာပါတယ်။ သူဟာ modern feature တွေဖြစ်တဲ့ all-wheel drive လိုမျိုးတွေကိုလည်း မိတ်ဆက်ခဲ့ပြီးတော့ Lambo ကို ကားထုတ်လုပ်သူတွေအခက်ခဲဆုံးဖြစ်နေတဲ့ အချိန်မှာတောင် ရပ်တည်နိုင်စေခဲ့ပါတယ်။

3-4 ant 003

Murciélago

2001 မှာ Launch လုပ်ခဲ့တဲ့ Murciélago ကတော့ Diablo ရဲ့ နောက်ထွက်ဖြစ်ပြီးတော့ Lamborghini ရဲ့ flagship တစ်ခု ဖြစ်ပါတယ်။ တကယ်ကတော့ Lambo လုပ်ခဲ့တဲ့ တစ်ခုတည်းသော မော်ဒယ်လ်ဖြစ်လာခဲ့ပါတယ်။ Murciélago ဟာ mid-engine V12 format ရဲ့ ရင်းနှီးမှုကိုယူပြီးတော့ အမြန်နှုန်းကိုဖွင့်ပေးနိုင်တဲ့ wing-like air vent ပုံစံမျိုးကို ထပ်ထည့်ထားပါတယ်။ သူဟာ Audi စတင်တာဝန်ယူပြီးနောက်မှာ ပထမဆုံးသော Lamborghini မော်ဒယ်လ်ဖြစ်လာခဲ့ပါတယ်။ အရင် Lambos တွေထက် အရည်အသွေးလည်း ပိုမိုကောင်းလာတယ်လို့ သတိထားမိလာကြပါတယ်။ Lamborghini မော်ဒယ်လ်အများစုနဲ့အတူ Murciélago ဟာ သူ့ရဲ့ထုတ်လုပ်မှုတွေအတွင်းမှာ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ 661-horsepower ၊ 213-mph LP670-4 စူပါအမြန်နှုန်းတွေ ပါဝင်လာခဲ့ပါတယ်။

Gallardo LP550-2 Valentino Balboni

Lamborghini ဟာ ၂၀၀၃ ခုနှစ်မှာ သူ့ရဲ့ “entry-level” Gallardo ကို launch လုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နောက်ပိုင်းဆင့်ပွားတွေ တည်ဆောက်ခဲ့ပါတယ်။ ထူခြားတဲ့ မော်ဒယ်လ်တစ်ခုကတော့ Lamborghini ရဲ့ စမ်းသပ်မောင်းနှင်သူ Valentino Balboni ကို ဂုဏ်ပြုပေးဖို့ တည်ဆောက်ခဲ့တဲ့ special edition ဖ်ြစ်ပါတယ်။ မြန်ဆန်တဲ့ကားတွေ ထုတ်လုပ်တဲ့အပိုင်းမှာ အချိန်အကြာကြီးကုန်ဆုံးခဲ့တဲ့သူ့အတွက် လိုက်လျောညီထွေဖြစ်အောင် LP550-2 Valentino Balboni ကို ထုတ်လုပ်ပေးခဲ့ပါတယ်။ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ပထမဆုံးသော rear-wheel drive Lambo တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်ရဲ့ Huracán LP580-2 ကိုလည်း ဆက်လက်ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Sesto Elemento

“Sesto Elemento” ဆိုတာကတော့ အီတလီလို “ခြောက်ခုမြောက်အရာ” လို့ carbon ရဲ့ atomic number ကို ညွှန်ပြပေးနေတာ ဖြစ်ပါတယ်။ Lamborghini Sesto Elemento ကတော့ carbon fiber နဲ့ပတ်သတ်လို့ ကျွမ်းကျင်မှုကို ပြသဖို့ ထုတ်လုပ်ခဲ့တာပါ။ ဒီပစ္စည်းတွေကို အသုံးပြုခဲ့လို့ အလေးချိန်ဟာ ၂၂၀၂ပေါင်သာ ရှိသွားပါတယ်။ Gallardo က V10 engine ကို အသုံးပြုခြင်းအားဖြင့် Sesto Elemento ဟာ ၂စက္ကန့်ခွဲမှာ 0 to 60 mph ကို သွားနိုင်ပါတယ်။ ဒါကြောင့် ထုတ်လုပ်သမျှကားတွေထဲမှာ အမြန်ဆုံးကားတစ်စင်း ဖြစ်သွားစေပါတယ်။ Lamborghini ဟာ အရေအတွက်ကို ၂၀ သာထုတ်လုပ်ခဲ့ပြီးတော့ ခြေရာခံဖို့အတွက်သာ အသုံးပြုခဲ့ပါတယ်။

Aventador LP750-4 Superveloce

V12 Lamborghini supercars ကို လိုက်ပြီးတော့ 2011 မှာ launch လုပ်ခဲ့တဲ့ Aventador ဟာ Murciélago ရဲ့ နောက်ထွက်ဖြစ်ပါတယ်။ 2015 မှာ LP750-4 Superveloce version မထုတ်ခင်အထိ သူ့ရဲ့အလားအလာကို ကောင်းကောင်းမရခဲ့ပါဘူး။ SV ဟာ ကားရဲ့လုပ်ဆောင်ချက် အလွန်တွေနဲ့ ပါဝါကို အားမြှင့်ထားပြီး အလေးချိန်ကိုလည်း လျှော့ထားပါတယ်။

Huracán Performante

Superveloce ကတော့ Aventador ရဲ့ လုပ်ဆောင်ချက်အမြင့်ဆုံး iteration တစ်ခု ဖြစ်ပါတယ်။ Performante ကတော့ Huracán ရဲ့ ကြံ့ခိုက်မှုအားအကောင်းဆုံးဗားရှင်း ဖြစ်ပါတယ်။ အဲဒီကားမှာ ဘယ်လို Lamborghini တွေမှာ မမြင်ဖူးတဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ carbon fiber အသစ်တွေကို အလေးချိန်လျှော့ဖို့အတွက် အသုံးပြုထားပြီးတော့ ကားရဲ့အမြန်နှုန်းကိုကျသွားစေခြင်းမရှိတဲ့ ခေတ်မီ active aerodynamics စနစ်ကို ထည့်သွင်းထားပါတယ်။ ဒါကြောင့် Performante ဟာ Nürburgring မှာ အမြန်ဆုံးဆုကို ရသွားပါတယ်။ legendary German racetrack မှာ 6:52.01 နဲ့ ရခဲ့တာပါ။