E-Sport များတွင် ဒေါ်လာသန်း၁၂၀ရင်းနှီးမြုပ်နှံလိုက်တဲ့ Google

0
1949
  • Google မှ Chushou တွင်ဒေါ်လာသန်း၁၂၀ရင်းနှီးမြုပ်နှံမှုတစ်ခုပြုလုပ်ရန် ဦးတည်နေကြောင်း အတည်ပြုပြောကြား
  • Chushou ဆိုသည်မှာ မိုဘိုင်းဂိမ်းတိုက်ရိုက်ထုတ်လွှင့်မှုများကို အဓိကထားလုပ်ဆောင်သည့် Online E-Sport Platform တစ်ခုဖြစ်
  • ရင်းနှီးမြုပ်နှံမှုမည်မျှကြီးကြောင်း Google မှပြောဆိုခြင်းမရှိသေး

Android သည်တရုတ်နိုင်ငံတွင် လူသုံးအများဆုံးသော Mobile Operating System တစ်ခုဖြစ်နိုင်ပေမယ့် Google ရဲ့ Search Engine ကိုတော့ ထိုနိုင်ငံတွင်အသုံးပြုခွင့်ပိတ်ပင်ထားဆဲပါပဲ။ CNBC မှသတင်းပေးပို့ချက်အရ အဆိုပါ Search Engine ကုမ္ပဏီကြီးဟာ Chushou တွင်ဒေါ်လာသန်းနှင့်ချီပြီး ရင်းနှီးမြုပ်နှံသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

ကုမ္ပဏီနှစ်ခုလုံးမှအဆိုပါ ရင်းနှီးမြုပ်နှံမှုကိုအတည်ပြုထားခဲ့ကြပေမယ့် Google ၏ရှယ်ယာ မည်မျှထိကြီးသည်၊ အဆိုပါရင်းနှီးမြုပ်နှံမှုတွင် Chushou မည်မျှတန်ဖိုးရှိသည်ကိုတော့ Google မှရော Chushou မှပါ ပြောကြားခဲ့ခြင်းမရှိပါဘူး။ အဆိုပါရင်းနှီးမြုပ်နှံမှုကြောင့် Platform ကိုကမ္ဘာတစ်ဝှမ်းတွင်ရရှိစေနိုင်မှာဖြစ်ပြီး လက်ရှိအသုံးပြုသူပေါင်း ၈သန်းရှိသည့်အနေအထားကိုလည်း ဆက်လက်တိုးပွာစေမှာပါဟု Google မှပြောဆိုခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ Google ၏ဒုတိယမြောက်ရင်းနှီးမြုပ်နှံမှုကို တရုတ်ကုမ္ပဏီသစ်တစ်ခုတွင် တွေ့မြင်ရခြင်းဟာ ထူးဆန်းသည့်လုပ်ဆောင်မှုဟု ထင်ရစေပါတယ်။ ပထမဆုံးသော ရင်းနှီးမြုပ်နှံမှုမှာ လွန်ခဲ့သည့် ၂၀၁၅ခုနှစ် ဒေါ်လာ၇၅သန်းရင်းနှီးမြုပ်နှံမှုတွင် Google မှရှယ်ယာအနည်းစုရယူခဲ့သည့် မှတ်ဥာဏ်တုနည်းပညာ ကုမ္ပဏီလေးတစ်ခုဖြစ်သည့် Mobvoi မှာပဲဖြစ်ပါတယ်။

ကနေဦးအစပြုသူများအတွက် ယခုနှစ်ပိုင်းအတွင်း အထူးသဖြင့် တရုတ်နိုင်ငံတွင်  E-Sport များဟာ လူပြောသူပြောများနေသည့် နယ်ပယ်တစ်ခုဖြစ်လာနေပါတယ်။ မိုဘိုင်းဂိမ်းတိုက်ရိုက်ထုတ်လွှင့်ပေးနေသည့် Online E-Sports Platform တစ်ခုအဖြစ် Chushou ကိုကြည့်လိုက်မည်ဆိုပါက ကုမ္ပဏီများအတွက် ဘယ်လိုပဲဖြစ်ဖြစ် စတင်ရင်းနှီးမြုပ်နှံသင့်သည့်အချိန်ကောင်းပဲဖြစ်ပါတယ်။

ပိုပြီးသိသာထင်ရှားသည့်အချက်ကတော့ ထိုသို့ရင်းနှီးမြုပ်နှံမှုဟာ Google အတွက်တရုတ်ဈေးကွက်တွင် ဆက်လက်နှီးနွယ်မှုရှိနေစေနိုင်မှာဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံ၏လူငယ်အင်တာနက်အသုံးပြုသူများ၏ မျက်မှောက်တွင်ရှိနေစေမှာပါ။ Google ၏ Search Engine ကိုအဆိုပါနိုင်ငံတွင် ပိတ်ပင်ထားတာဖြစ်ပြီး Android ဟာအလွန်လူသုံးများသည့် OS ဖြစ်သော်လည်း Software Skin များဟာတော့ Google ဟုမြင်တွေ့ရခြင်းမရှိသေးပါ။

ထိုအချက်များကိုထောက်ရှုခြင်းအားဖြင့် Google အနေနဲ့မည်သို့ပင်ဖြစ်စေ ဆက်လက်ထိုးဖောက်နိုင်ရန် နည်းလမ်းမျိုးစုံအသုံးပြုရမှာပဲဖြစ်ပါတယ်။ ပြီးခဲ့သည့် မေလအတွင်းမှာတော့ Google ၏ DeepMind’s Alpha Go ဟာ တရုတ် Go Player များတွင်ထိပ်ဆုံးမှနေရာယူနိုင်ခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလတွင်းမှာလည်း ဘေဂျင်းတွင် Google မှ AI နည်းပညာသုတေသနစမ်းသပ်ခန်းတစ်ခုဖွင့်လှစ်ခဲ့ပါသေးတယ်။