2018 Galaxy ဖုန်းတွေမှာ 2015 iPhone တွေရဲ့ screen နည်းပညာကို အသုံးပြုလေမလား

0
997

Samsung ဟာ ဒီနှစ်အတွက် flagship စမတ်ဖုန်း သုံးလုံးထွက်ရှိပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ Galaxy S9 ၊ Galaxy Note 9 နဲ့ first-generation Galaxy X တို့ ဖြစ်ပါတယ်။ နောက်ဆုံး Galaxy X ကတော့ iPhone X ကို ပြိုင်ဆိုင်ဖို့အတွက် ထုတ်လုပ်တာ ဖြစ်ပါတယ်။ သူဟာ Samsung ရဲ့ ပထမဆုံးသော ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်နိုင်ပြီးတော့ Apple ရဲ့ iPhone X မထွက်ခင်ကတည်းက display အကြောင်း ထွက်နေခဲ့တာ ဖြစ်ပါတယ်။

Galaxy X ဟာ Samsung ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး flagship ဖြစ်လာနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း ရင်ခုန်စရာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်လို့ ယူဆပါတယ်။ Galaxy S9 ကတော့ ဒီဇိုင်းပိုင်းမှာ စိတ်ဝင်စားစရာသိပ်မရှိပါဘူး။ Galaxy Note 9 ကလည်း အဲဒီလိုဖြစ်ဖို့ များပါတယ်။ Galaxy X ဟာ အခြားသော Galaxyဖုန်းတွေလိုမျိုး စွမ်းအောင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် သုံးစွဲသူတွေကို ပိုက်ဆံအိတ်လိုမျိုး ခေါက်နိုင်အောင် လုပ်ဆောင်ပေးမှာပါ။ ဒီနည်းလမ်းအားဖြင့် တက်ဘလက်အရွယ်အစားကနေ ဖုန်းအဖြစ်ကို ပြောင်းလဲနိုင်တော့မှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ ဒီအတိုင်းတာလုပ်ဆောင်နိုင်မယ်ဆိုရင်တော့ Galaxy X ဟာ ပထမဆုံးသော  တက်ဘလက်အဖြစ်သို့ပြောင်းနိုင်သော စမတ်ဖုန်းအရွယ်ပစ္စည်း ဖြစ်လာနိုင်ပါတယ်။ ဒီပစ္စည်းမျိုးကို လူတွေက လိုချင်နေကြတာပါ။

Galaxy X ကတော့ ဘယ်လိုပုံစံဖြစ်မလဲ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့် Samsung ကတော့ patent အများကြီး တင်ထားတာမို့ ဒီဇိုင်းအတော်များများကို ရွေးချယ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ Samsung ဟာ Apple သုံးစွဲသူတွေအသုံးပြုနေတဲ့ display feature ကို အသုံးပြုမယ်လို့လည်း အကြံပြုနေကြတာ ရှိပါတယ်။ Apple ဟာ 3D Touch pressure sensitive display တွေကို 2015 iPhone 6s မိတ်ဆက်ချိန်တုန်းက အသုံးပြုခဲ့ပါတယ်။ iPhone အားလုံးမှာ အဲဒီလို screen တွေ အသုံးပြုနေပြီ ဖြစ်ပါတယ်။

touch gesture ကို ဖိအားအပေါ်မှာမူတည်ပြီးတော့ သတ်မှတ်ပေးနိုင်တဲ့ feature ကို patent တင်ထားတယ်လို့ Dutch blog  တစ်ခုကနေ တွေ့ရှိခဲ့တာပါ။

MobielKopen ကတော့ ဒီနည်းပညာဟာ Galaxy X အတွက် ဖြစ်နိုင်ပြီးတော့ ဒီလို display နည်းပညာကို အခြားသောဖုန်းတွေမှာလည်း အသုံးပြုနိုင်လိမ့်မယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ Samsung ရဲ့ 2017 flagship တွေကတော့ navigation အတွက် အကူအညီဖြစ်စေမယ့် screen အောက်က pressure sensitive area လေး ရှိပါတယ်။ iPhone X ရဲ့ display ဟာလည်း flexible ဖြစ်တာကို မေ့မထားပါနဲ့ဦး။ တကယ်လို့ သူကပြားမယ်ဆိုရင်တော့ 3D Touch gesture ကို သင်ဘယ်နေရာထောက်ထောက် support လုပ်ပေးမှာ ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် pressure-sensitive screen တွေဟာ နောင်ထွက်လာမယ့် ခေါက်နိုင်တဲ့ပစ္စည်းတွေမှာ ပါဝင်မယ့် feature တွေကို အကူအညီဖြစ်စေမှာပါ။ ဥပမာ pressure sensor တွေက ဖုန်းကို ဖွင့်၊ပိတ် လုပ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာခန့်မှန်းချက်သက်သက်သာဖြစ်ပြီးတော့ Samsung က ဒီနည်းပညာကို အခုဖုန်းတွေမှာ အသုံးပြုမယ်လို့ ဆိုလိုခြင်း မဟုတ်ပါ။.